ပရီမီးယားလိဂ် Week 15 ဒီတပတ်ပွဲစဉ်တွေအတွက် ခန့်မှန်းမှုပြုလုပ်ခဲ့တဲ့ လော်ရိုး

ခရစ္စမတ်ကာလအတွက် အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ လီဗာပူးတို့ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ လက်စတာနဲ့ မန်ယူ ပွဲစဉ်လို ပွဲကြီးပွဲကောင်းတွေက ဒီဇင်ဘာ ၂၆ မှာ တွေ့ဆုံလာပြီး၊ ပရိသတ်တွေကို တမျိုးပြီးတမျိုး မရိုးအောင် ထပ်ဆွဲဆောင်လာပါတယ်။

နှစ်သင်းစလုံးက အမှတ်ပေးဇယားရဲ့ အဆင့်နှစ်နဲ့ သုံးမှာရောက်နေပြီး၊ အနိုင်ရတဲ့အသင်းက အမှတ်ပေးဇယားထိပ်က လီဗာပူးကို ဖိအားပေးနိုင်မယ့်အပေါ် နှစ်သင်းလတွေ့ဆုံမှုက အရေးပါလာပါတယ်။ အခုလိုအရေးပါတဲ့ ပွဲစဉ်အပါဝင် ပရီးမီးယားလိဂ်ပွဲတွေကို ခန့်မှန်းပေးနေတဲ့ ဘီဘီစီလော်ရိုးက ဒီတခေါက်မှာလည်း ထုံးစံအတိုင်း အခုလို ခန့်မှန်းခဲ့ပါတယ်။

လက်စတာ ဝ-၂ မန်ယူပါ။ မန်ယူနိုက်တက်ကို အနိုင်ရသွားမယ်လို့ဆိုခဲ့ပြီး၊ ဂိုးပြတ်ရလဒ်နဲ့ပါ တွဲခန့်မှန်းပေးခဲ့ပါတယ်။ ကျန်တဲ့ပွဲစဉ်တွေကိုတော့ ဗီလာ ၂-၀ ခရစ္စတယ်ပဲလေ့စ်၊ ဖူလ်ဟမ် ၂-၁ ဆောက်သမ်တန်၊ အာဆင်နယ် ၁-၁ ချဲလ်ဆီး၊ မန်စီးတီး ၃-၀ နယူးကာဆယ်၊ ရှက်ဖီး ၁-၁ အဲဗာတန်၊ နဲ့ စနေနေ့ပွဲစဉ်တွေကို အခုလို ခန့်မှန်းပေးခဲ့ပါတယ်။

ဆန်းဒေးပွဲစဉ်တွေကိုတော့ လိဒ် ၂-၁ ဘန်လေ၊ ဝက်စ်ဟမ်း ၂-၁ ဘရိုက်တန်၊ လီဗာပူး ၃-၀ ဝက်စ်ဘရွန်း၊ ဝုဗ် ၁-၁ စပါးရလဒ်တွေအဖြစ် အသီးသီးခန့်မှန်းခဲ့ပါတယ်။ အသင်းကြီးပွဲစဉ်အများစုကို အနိုင်ရလဒ်အနေနဲ့ ခန့်မှန်းပေးခဲ့ချိန်မှာ မန်စီးတီး၊ လီဗာပူး ပွဲတွေကို (၃)ဂိုးပြတ်အဖြစ် ခန့်မှန်းပေးခဲ့တာက ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

AZ-SportsGabar