စူပါကွန်ပျူတာရဲ့ခန့်မှန်းချက်အရ ပရီးမီးယားလိဂ်မှာ ဘယ်သူဗိုလ်စွဲသွားမလဲ

ခရစ္စမတ်ကာလာကို ရောက်လာချိန်မှာ ပရီးမီးယားလိဂ်က ရုပ်လုံးပေါ်လာခဲ့ပါပြီ။ ပုံမှန်အရ ဒီအချိန်အမှတ်ပေးဇယားထိပ်ပိုင်းရှိနေသူတွေဟာ တနည်းမဟုတ် တနည်း ဗိုလ်စွဲတတ်ကြတဲ့အပြင် တန်းဆင်းဖို့ခန့်မှန်းတာ၊ ဥရောပဝင်ခွင့်စတာတွေကလည်း သိသာလာလေ့ရှိပါတယ်။

အမှတ်ပေးဇယားထိပ်မှာ ဒီအချိန်ရပ်တည်နိုင်တဲ့အသင်းတွေကလည်း ဗိုလ်စွဲတတ်တဲ့အတွက် ခန့်မှန်းချက်တွေက ပိုမြိုင်ဆိုင်လာပါပြီ။ ဒီအချိန်မှာ ထုံးစံအတိုင်းခန့်မှန်းလောကထဲဝင်ရောက်လာတဲ့ စူပါကွန်ပျူတာ တွက်ချက်မှုတွေကလည်း အရေးပါလာပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၁၄)ပွဲကို ကစားပြီးချိန်၊ ဗိုလ်စွဲမယ့်အသင်းတွေကို The Sun က ခန့်မှန်းလာပါတယ်။

သူတို့ရဲ့စူပါကွန်ပျူတာခန့်မှန်းချက်တခုအရ ဒီနှစ်ရာသီမှာ လီဗာပူးဗိုလ်စွဲဖို့ရှိနေပါတယ်။ ခရစ္စမတ်ကာလမှာ ရပ်တည်နေတဲ့ အမှတ်ပေးဇယားနဲ့ ရာသီကုန်မှာ ဗိုလ်စွဲမယ့် အမှတ်ပေးယားဆိုပြီး နှိုင်းယှဉ်ပြထားချက်အရ လီဗာပူး၊ လက်စတာ၊ မန်ယူ၊ အဲဗာတန်လေးသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားမယ်လို့ ဆိုပါတယ်။ ချဲလ်ဆီး၊ စပါးတို့က အဆင့်ငါးနဲ့ခြောက်မှာရပ်တည်မှာဖြစ်ပြီး၊

ရလဒ်တွေဆိုးရွားနေတဲ့ အာဆင်နယ်က ရာသီကုန်မှာ အဆင့် (၁၆)နဲ့သိမ်းသွားမယ်ဆိုပါတယ်။ မန်စီးတီးကအစ အဆင့် ၈ မှာရပ်တည်သွားမယ်ဆိုထားတဲ့အတွက် ဒီတခေါက်ခန့်မှန်းချက်ဟာ အတော်လေးကိုမှ ပြင်းထန်နေပါတယ်။ တန်းဆင်းသွားမယ့် သုံးသင်းကတော့ ဖူဟမ်၊ ဝက်စ်ဘရွန်းနဲ့ ရှက်ဖီးယူနိုက်တက်လို့ ဖော်ပြထားတဲ့အတွက် ဆမ်အလာဒွိုက်စ်လည်း စံချိန်ကျိုးဖို့ရှိနေပါတယ်။

ဝက်စ်ဘရွန်းနည်းပြသစ် ဆမ်အလာဒွိုက်စ်ဟာ ကိုင်တွယ်တဲ့အသင်းတိုင်းကို တန်းမဆင်းဖူးပေမဲ့ စူပါကွန်ပျူတာက တန်းဆင်းမယ်ခန့်မှန်းနေတာကြောင့်ဖြစ်ပါတယ်။ လီဗာပူးပဲ ဗိုလ်စွဲသွားမလား၊ လက်စတာ၊ အဲဗာတန်တို့ ချန်ပီယံလိဂ်ဝင်ခွင့်အသစ်တွေရလာမလားနဲ့ မန်စီးတီး၊ အာဆင်နယ်တို့ ရလဒ်တွေဆက်ဆိုးနေမလားကတော့ ပရိသတ်တွေပဲ ဆက်စောင့်ကြည့်ရဖို့ရှိနေပါတယ်။

AZ-SportsGabar