နံနက်ပိုင်းအားကစားသတင်းတိုများ (၂၅.၁၂.၂၀၂၀)

လီဗာပူးအသင်းမှာ ဆာလားမပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းဌာတွေက ခန့်မှန်းပြောဆိုနေတာတွေနဲ့ ပတ်သက်လို့ လီဗာပူးနည်းပြ ကလော့ပ်က ငြင်းဆန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ကစားသမားဟာ လီဗာပူးမှာပျော်ရွှင်နေတယ်လို့ ပြောဆိုခဲ့ပြီး၊ သတင်းထွက်နေတဲ့အရာတွေကို ပယ်ချခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းနည်းပြ ပါကားအနေနဲ့ ဆောက်သမ်ကိုရင်ဆိုင်ရမယ့်သူ့အသင်းရဲ့ပွဲစဉ်ကို ကြီးကြပ်နိုင်ဖို့ မရှိဘူးလို့သိရပါတယ်။ ကိုဗစ်ကြောင့် သီးခြားခွဲနေနေရပြီး၊ ကစားသမားတွေဟာ နည်းပြမရှိဘဲ ဆောက်သမ်တန်ကို ကန်ရဖို့ ရှိနေပါတယ်။

လိဂ်ဝမ်းကလပ်ဆန်းဒါလန်းအသင်းကတော့ သူတို့ရဲ့အဓိက ရှယ်ယာရှင်အဖြစ်လာမယ့်ရက်ပိုင်းအတွင်းမှာပဲ (၂၂)နှစ်သား လူးဝစ် ဒရေးဖုစ်ကို ပိုင်ရှင်အဖြစ်လွှဲပြောင်းပေတော့ဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒရေးဖုစ်ဟာ အရင်မာဆေးလ်ပိုင်ရှင်ဟောင်းရောဘတ်ရဲ့သားဖြစ်သူတဦးလည်း ဖြစ်ပါတယ်။

ပေါ်တူဂီစူပါကပ်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ပေါ်တိုအသင်းက ဘင်ဖီကာကို အနိုင်ယူပြီး၊ ဗိုလ်စွဲခဲ့ပါတယ်။ ရီးရဲလ်ကစားသမားဟောင်း ပီပီပါဝင်ကစားနေတဲ့ ပေါ်တိုအသင်းဟာ ကစားသမားအတွက် ၂၄ လုံးမြောက်ဖလားကို အရယူပေးနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ သူတို့အသင်းနည်းပြရာထူးနေရာမှာ စပါးနည်းပြဟောင်းပိုချက်တီနိုကို ခန့်အပ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ နည်းပြ တူချယ်ကိုထုတ်ပယ်လိုက်အပြီးမှာ နည်းပြသစ်အတွက် လစ်လပ်နေတဲ့အပေါ် အခုလို ကြိုစီစဉ်ထားတာဖြစ်ပါတယ်။

ခရစ္စမတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆောက်သမ်တန်အသင်းသားတွေဟာ ထရိန်နင်မှာ ခရစ္စမတ်ဦးထုပ်လေးဆောင်ပြီး၊ ထရိန်နင်ဆင်းခဲ့ကြပါတယ်။ ဖူလ်ဟမ်ကိုရင်ဆိုင်မယ့်ပွဲအတွက် လေ့ကျင့်နေကြတာဖြစ်ပါတယ်။

AZ-SportsGabar