ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ တရားဝင်ဆွေးနွေးနေတဲ့ အာဆင်နယ်အရန် မူစတာဖီ

ဘာစီလိုနာရဲ့အမှတ်မထင် ကစားသမားခေါ်ယူမှုလို့ ဆိုရမယ့် အပြောင်းအရွှေ့ကို အေ့ဂျင့်ရဲ့ဖော်ထုတ်မှုကြောင့် ပရိသတ်တွေ သိလာရပါတယ်။ အာဆင်နယ်နောက်ခံလူ မူစတာဖီကို ဘာစီလိုနာအသင်းကခေါ်ယူဖို့ တရားဝင်ဆွေးနွေးနေတာဖြစ်ပြီး၊ အလွတ် ဒါမှမဟုတ် သက်သာတဲ့ ပြောင်းရွှေ့ကြေးတခုနဲ့ ပြောင်းရွှေ့တာမျိုးဖြစ်လာနိုင်ပါတယ်။

ဒီဖြစ်ရပ်ကို အစဖော်ထုတ်ခဲ့တာက ၁၇ နှစ်သားလေး အော့ဇ်တက်ခ်တယောက် သူ့အင်စတာဂရမ်မှာ ဗီဒီယိုတခုတင်တာက စပါတယ်။ ဗီဒီယိုမှာ အေ့ဂျင့်ဖြစ်သူက ဘာစီလိုနာကိုရောက်နေပြီး၊ သူနဲ့အတူတူ မီတင်အတွက်ရယ်ဒီပဲလို့တင်ထားခဲ့ပါတယ်။ အော့ဇ်တက်ခ်ရဲ့အေ့ဂျင့်ဖြစ်သူက မူစတာဖီရဲ့အေ့ဂျင့်ပါ။ အားလုံးကထင်ခဲ့တာက အော့ဇ်တက်နဲ့ဘာစီလိုနာဆွေးနွေးနေပြီထင်ခဲ့ပါတယ်။

နောက်တော့ ဖောက်စ်စပေါ့ကနေ အေ့ဂျင့်ကို အင်တာဗျူးခဲ့ပြီး၊ ဘာစီလိုနာနဲ့ အော့ဇ်တက်ခ် ဆွေးနွေးနေပြီလားလို့ မေးခဲ့ပါတယ်။ ဒါပေမဲ့ အေ့ဂျင့်က အခုလိုဆိုခဲ့ပါတယ်။ ” ကျွန်တော်ဘာစီလိုနာကို ရောက်နေတာ အော့ဇ်တက်ခ်ကြောင့်မဟုတ်ပါဘူး။ အာဆင်နယ်က မူစတာဖီအတွက်ဆွေးနွေးပေးဖို့ ဘာစီလိုနာကို ရောက်နေတာပါ။’

ဒီလိုပြောဆိုမှုကို အေ့ဂျင့်က တရားဝင်ဆွေးနွေးခဲ့တာဖြစ်တဲ့အတွက် ဘာစီလိုနာနဲ့ မူစတာဖီဟာ အပြောင်းအရွှေ့အတွက် ညှိတော့ ညှိနှိုင်းပြီးနေပါပြီ။ ပီကေးကလည်း ဒဏ်ရာရနေတဲ့အပြင် ဘာစီလိုနာနောက်တန်းမှာ အမာခံ ကစားသမားမရှိဖြစ်နေတဲအ့ပေါ် အခုလို အတွေ့အကြုံရှိတဲ့ နောက်တန်းတယောက်ကို သက်သက်သာသာ အင်အားဖြည့်ဖို့ ကိုးမန်းက ကြံစည်နေတာပါ။

ဘာစီလိုနာဟာ မူစတာဖီကို ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့ကို ရဖို့ရှိနေပြီး၊ လူးဝစ်၊ ဟိုဒင်း၊ မာရီ၊ ချိန်ဘာ၊ ဂါဘရီရယ်၊ တို့ရှိနေတဲ့ အာဆင်နယ်ဟာ လွတ်လွတ်လပ်လပ် ထွက်ခွင့်ပေးဖို့ရှိနေပါတယ်။ အလွတ်ကြေးနဲ့ကို ပြောင်းခွင့်ရမလားကတော့ အာဆင်နယ်ရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။

AZ-SportsGabar