နံနက်ပိုင်းအားကစားသတင်းတိုများ (၂၄.၁၂.၂၀၂၀)

အဲဗာတန်ကို (ဝ-၂)နဲ့အနိုင်ရခဲ့တဲ့ မန်ယူအသင်းက ကာရာဘောင်ဖလားဆီးမီးဖိုင်နယ်ပွဲစဉ်မှာ တဖက်က အသင့်စောင့်နေတဲ့ မန်စီးတီးနဲ့အတူ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ မန်ချက်စတာဒါဘီကို ကာရာဘောင်ဖလားပြိုင်ပွဲမှာတွေ့ဆုံလာခဲ့ရတာဖြစ်ပါတယ်။

တဖက်မှာတော့ စတုတ်စီးတီးကို (၁-၃)နဲ့ အနိုင်ရခဲ့တဲ့ စပါးအသင်းကြောင့် ကာရာဘောင် ဆီးမီးဖိုင်နယ်မှာ ဘရန်းဖို့ဒ်-စပါးပွဲစဉ်အဖြစ်တွေ့လာခဲ့ပါတယ်။ ဆီးမီးဖိုင်နယ်မှာ ကိုယ်စီအနိုင်ရမယ့်အသင်းတွေက ကာရာဘောင်ဖလားကို လုကြမှာဖြစ်ပါတယ်။

အီတလီစီးရီးအေရဲ့ (၂၀၂၀)နှစ်ကုန် အမှတ်ပေးဖလားဇယားထိပ်ကို အေစီမီလန်က ဦးဆောင်လိုက်ပါတယ်။ (၃၄)မှတ်၊ ရှုံးပွဲမရှိနဲ့ ဆုဖလားအတွက် ထိပ်ဆုံးကပြေးနေပြီး၊ အေစီမီလန်ဟာ စီရီးအေချန်ပီယံလမ်းကြောင်းပေါ် အကောင်းဆုံးဦးဆောင်နေပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ်တွေရဲ့ပထမဆုံးအမျိုးသမီးဒိုင်လူကြီးအဖြစ် တာဝန်ခဲ့တဲ့ စတက်ဖနီ ဖရက်ပတ်က သူဟာ ဆိုရှယ်မီဒီယာမသုံးဘူးလို့ သိရပါတယ်။ ဝေဖန်မှုတွေနဲ့ သူ့အကြောင်း သတင်းတွေကို မဖတ်ချင်တာကြောင့်လို့ ဆိုပါတယ်။

အင်္ဂလန်အသင်းနဲ့ အက်သလက်တီကိုအသင်းရဲ့နောက်ခံလူ ထရစ်ပီယာဟာ လောင်းကစားဆိုင်ရာစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ကမ္ဘာ့ဘောလုံးလောကကနေ ၁၀ ပတ်တိတိ ဘန်းခံလိုက်ရပြီး၊ ဒဏ်ငွေပေါင် (၇)သောင်းချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါဟာ အက်သလက်တီကို မက်ဒရစ်ရဲ့ပွဲစဉ် ၁၂ ပွဲလောက်ကို လွဲချော်တော့မှာဖြစ်ပါတယ်။

ဂရန်နာဒါကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘန်ဇီးမားဟာ လာလီဂါရဲ့ လက်ရှိဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့ပါတယ်။ (၈)ဂိုးအထိရှိလာပြီဖြစ်ပြီး၊ လက်ရှိလာလီဂါရဲ့သွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

AZ-SportsGabar