ယူႏိုက္တက္ တိုက္စစ္မွဴး လူကာကူ၊ အင္တာမီလန္နဲ႔ စာခ်ဳပ္ျဖစ္ဖို႔ သတင္းထြက္လာ

ယူႏိုက္တက္အသင္းရဲ႕ ဗဟုိတိုက္စစ္မွဴး လူကာကူဟာ အေစာပုိင္းကာလေတြတုန္းက သူ႕အေနနဲ႔ စီးရီးေအကလပ္တစ္သင္းသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရယူျပီး၊ ေအာင္ျမင္မႈေတြ ရယူခ်င္ေၾကာင္းကို ေျပာၾကားခဲ့ဖူးပါတယ္။

လက္ရွိမွာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္ရွိေနျပီး၊ အသင္းေျပာင္းမယ္လို႔ သတင္းမရွိေသးတဲ့အေပၚ အင္တာမီလန္က ေခၚယူဖို႔ စိတ္၀င္စားေနတဲ့ သတင္းထြက္လာပါတယ္။အင္တာမီလန္အသင္းဟာ အသင္းရဲ႕ နည္းျပသစ္အျဖစ္ ခ်ဲလ္ဆီးနည္းျပေဟာင္းကြန္တီကို ခန္႔အပ္သြားဖို႔ ျပင္ဆင္ေနျပီး၊ (၅)ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းႏိုင္ေတာ့မယ့္အေပၚ စာခ်ဳပ္ခ်ဳပ္ျပီးတာနဲ႔ ဦးစားေပးပစ္မွတ္ဟာ လူကာကူကို ေခၚႏိုင္ဖို႔ ျဖစ္တယ္လုိ႔ ဆိုပါတယ္။

လူကာကူအတြက္ လက္ရွိေျပာင္းေရႊ႕ေၾကးဟာ ယူရိုသန္း (၇၀)ရွိေနတဲ့အတြက္ ပမာဏတစ္ရပ္အေနနဲ႔ ရွိလာမွာျဖစ္ေပမယ့္ ခ်ဲလ္ဆီးမွာကတည္းက စာခ်ဳပ္ခ်ဳပ္ဖို႔ အျပင္းအထန္ၾကိဳးစားခဲ့ဖူးတဲ့ ကြန္တီအတြက္ အင္တာနဲ႔ ျပန္လည္တည္ေဆာက္ေရးမွာ လူကာကူဟာ အဓိကက်တဲ့ ကစားသမားအျဖစ္ ပံုေဖာ္မွာပါ။

လူကာကူနဲ႔ ေအ့ဂ်င္ျဖစ္သူက အီတလီက ကမ္းလွမ္းလာရင္ အသင္းေျပာင္းမယ္လို႔ ဆိုထားျပီး အင္တာမီလန္အသင္းက ကြန္တီကို စာခ်ဳပ္ခ်ဳပ္ႏိုင္တာနဲ႔ အေျပာင္းအေရႊ႕ဟာမၾကာခင္မွာ ျဖစ္လာႏုိင္တယ္လို႔ သတင္းေတြက ေဖာ္ျပေနပါတယ္။

ေရႊရင္ေအး@SportsGabar

Unicode

နိုက်တက် တိုက်စစ်မှူး လူကာကူ၊ အင်တာမီလန်နဲ့ စာချုပ်ဖြစ်ဖို့ သတင်းထွက်လာ

ယူနိုက်တက်အသင်းရဲ့ ဗဟိုတိုက်စစ်မှူး လူကာကူဟာ အစောပိုင်းကာလတွေတုန်းက သူ့အနေနဲ့ စီးရီးအေကလပ်တစ်သင်းသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရယူပြီး၊ အောင်မြင်မှုတွေ ရယူချင်ကြောင်းကို ပြောကြားခဲ့ဖူးပါတယ်။

လက်ရှိမှာ ယူနိုက်တက်နဲ့ စာချုပ်ရှိနေပြီး၊ အသင်းပြောင်းမယ်လို့ သတင်းမရှိသေးတဲ့အပေါ် အင်တာမီလန်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းထွက်လာပါတယ်။အင်တာမီလန်အသင်းဟာ အသင်းရဲ့ နည်းပြသစ်အဖြစ် ချဲလ်ဆီးနည်းပြဟောင်းကွန်တီကို ခန့်အပ်သွားဖို့ ပြင်ဆင်နေပြီး၊ (၅)နှစ်စာချုပ်နဲ့ ကမ်းလှမ်းနိုင်တော့မယ့်အပေါ် စာချုပ်ချုပ်ပြီးတာနဲ့ ဦးစားပေးပစ်မှတ်ဟာ လူကာကူကို ခေါ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လူကာကူအတွက် လက်ရှိပြောင်းရွှေ့ကြေးဟာ ယူရိုသန်း (၇၀)ရှိနေတဲ့အတွက် ပမာဏတစ်ရပ်အနေနဲ့ ရှိလာမှာဖြစ်ပေမယ့် ချဲလ်ဆီးမှာကတည်းက စာချုပ်ချုပ်ဖို့ အပြင်းအထန်ကြိုးစားခဲ့ဖူးတဲ့ ကွန်တီအတွက် အင်တာနဲ့ ပြန်လည်တည်ဆောက်ရေးမှာ လူကာကူဟာ အဓိကကျတဲ့ ကစားသမားအဖြစ် ပုံဖော်မှာပါ။

လူကာကူနဲ့ အေ့ဂျင်ဖြစ်သူက အီတလီက ကမ်းလှမ်းလာရင် အသင်းပြောင်းမယ်လို့ ဆိုထားပြီး အင်တာမီလန်အသင်းက ကွန်တီကို စာချုပ်ချုပ်နိုင်တာနဲ့ အပြောင်းအရွှေ့ဟာမကြာခင်မှာ ဖြစ်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ရွှေရင်အေး@SportsGabar