ပရိသတ်တွေဆဲတာ မခံနိုင်တော့လို့ အကောင့်ဖျက်ပြေးသွားတဲ့ အာဆင်နယ်ဂိုးသမားလေး

အာဆင်နယ်အသင်းနဲ့ မန်စီးတီးတို့ ကစားခဲ့တဲ့ ကာရာဘောင်ပွဲစဉ်က (၁-၄)နဲ့ ပြီးဆုံးသွားတာ ပရိသတ်တွေ သိပြီးဖြစ်မှာပါ။ မန်စီးတီးနဲ့ ပထမပိုင်းမှာ အကြိတ်အနယ် ကစားနိုင်ခဲ့ပေမဲ့ အသင်းရဲ့တိုက်စစ်ကစားသမား မာတင်နယ်လီထွက်သွားရချိန်မှာ အာဆင်နယ်တို့ ခံစစ်ပုံစံပြန်ရောက်သွားခဲ့ပါတယ်။ နောက်တော့ အမှားများတဲ့ ခံစစ်နဲ့အတူ ရှုံးနိမ့်သွားခဲ့တာပါ။

ဒါပေမဲ့ ဂိုးသမားနေရာမှာ အရန်ဂိုးသမားဖြစ်တဲ့ ရူနာဆန်ကို သုံးခဲ့တဲ့အတွက် ဂိုးတွေပေးခဲ့ရတာဆိုလည်းမမှားပါဘူး။ ဖုန်းတဂိုးရှင်လို့ နာမည်တွင်သွားတဲ့ ရူနာဆန်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာမှ အသင်းရဲ့ အရန်ဂိုးသမား မာတီနက်နေရာကို ဝင်ကစားဖို့ ပေါင် တသန်းနဲ့ ရောက်လာတဲ့ ကစားသမားလေးဖြစ်တဲ့အတွက် အခုလိုပေးဂိုးတွေဖြစ်ခဲ့တာက အာဆင်နယ်ပရိသတ်တွေကို ပိုကြေကွဲစေခဲ့ပါတယ်။

နည်းပြအာတီတာက ဂိုးသမားလေးကို ကာကွယ်ပြောကြားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကစားသမားဟာ ပရိသတ်တွေရဲ့ထိုးနှက်ချက်ကို မခံစားနိုင်တော့ပါဘူး။ သူကိုယ်ပိုင်သုံးနေတဲ့ တရားဝင်တွစ်တာအကောင့်ကိုဖျက်သိမ်းပြီး၊ အကောင့်ဒီသွားခဲ့ပါတယ်။ အခုလို အကောင့်ဒီသွားတဲ့အထိ ဘာတွေက ရူနာဆန်ကို ထိုးနှက်ခဲ့လဲမသိပေမဲ့ ဂိုးသမားကလည်း တော်တော်လေးဆိုးခဲ့ပါတယ်။

ဂိုးပေါက်ကန်သွင်းချက် (7) ဂိုးတည့်ခဲ့ချိန်မှာ (၄)ဂိုး ခွင့်ပြုခဲ့ရတာပါ။ ဒါ့အပြင် ကိုယ်တိုင်လက်နဲ့ ပုတ်ထုတ်နိုင်ပြီးမှ အနောက်ကိုဆန်တက်သွားတဲ့ ဖရီးကစ်အလုံးကလည်း ပြောစရာဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက ရူနာဆန်တွစ်တာအောက်မှာ သွားဆဲဆိုခဲ့ကြတာဖြစ်ပါတယ်။ နောက်တော့ ကစားသမားလည်း မခံနိုင်တော့ဘဲ အကောင့်ဖျက်ကာ အပြီးတိုင်တွစ်တာကို နှုတ်ဆက်သွားခဲ့ပါတယ်။

AZ-SportsGabar