ဘလြန္းဒီေအာ္ဆုကို မက္ဆီရသြားႏိုင္တ့ဲ အေၾကာင္းအရင္း

ဥေရာပေဘာလံုးရာသီတစ္ခုရဲ႕ ေနာက္ဆံုးပြဲစဥ္တစ္ခုျဖစ္တ့ဲ လီဗာပူးလ္နဲ႔ စပါးအသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာေတာ့ လီဗာပူးလ္က စပါးအသင္းကိုႏွစ္ဂိုးဂိုးမရွိနဲ႔အႏိုင္ယူျပီး၊ ခ်န္ပီယံလိဂ္ဖလားၾကီးကိုသိမ္းပိုက္သြားခ့ဲကာ (၂၀၁၈-၁၉)ေဘာလံုးရာသီၾကီးကေတာ့ ျပီးဆံုးသြားခ့ဲပါျပီ။ ဒါေပမ့ဲ အားလံုးထင္မွတ္ထားသလို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲဟာ ေဘာလံုးရာသီတစ္ခုရဲ႕ေနာက္ဆံုးေသာရင္ခုန္စရာ တစ္ခုေတာ့မဟုတ္ပါဘူး။ ေနာက္ထပ္ရင္ခုန္စရာတစ္ခုကက်န္ရွိေနပါေသးတယ္။

ဒါကေတာ့ (၂၀၁၉)ဘလြန္းဒီေအာ္ဆုပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ (၂၀၁၉)ဘလြန္းဒီေအာ္ဆုအတြက္ လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္က ေရပန္းအစားဆံုးျဖစ္ေနပါတယ္။ ဗန္ဒိုက္ဟာ လီဗာပူးလ္နဲ႔အတူ ဒီရာသီမွာအေကာင္းဆံုးေျခစြမ္းျပထားႏိုင္ခ့ဲျပီး၊ ပရီးမီးယားလိဂ္မွာလည္း ရမွတ္ေပါင္း(၉၇)ၽမွတ္နဲ႔ဒုတိယေနရာရရွိခ့ဲပါတယ္။ ခ်န္ပီယံလိဂ္မွာလည္း ဗိုလ္စြဲႏိုင္ခ့ဲျပီး၊ ဗန္ဒိုက္အတြက္ေတာ့ ကစားသမားဘ၀တစ္ေလ်ွာက္ ျပီးျပည့္စံုလုနီးပါးရာသီတစ္ခုကိုပိုင္ဆိုင္ထားႏိုင္ခ့ဲတာေၾကာင့္ ဘလြန္းဒီေအာ္ဆုအတြက္ ေရပန္းအစားဆံုးျဖစ္ေနတာပါ။

ဒါေပမ့ဲ ဘာစီလိုနာအသင္းရဲ႕တိုက္စစ္မွဴး လီယြန္နယ္မက္ဆီဟာလည္း ဘလြန္းဒီေအာ္ဆုကိုရရွိသြားႏိုင္တ့ဲအေၾကာင္းအရင္းေတြရွိေနပါတယ္။ မက္ဆီဟာ ဒီရာသီမွာဘာစီလိုနာနဲ႔အတူျပိဳင္ပြဲစံု(၅၁)ဂိုးသြင္းယူေပးထားႏိုင္ခ့ဲျပီး၊ လာလီဂါဖလားကိုလည္းဆြတ္ခူးထားႏိုင္ခ့ဲပါတယ္။ ဒါေပမ့ဲလည္း ဒီေအာင္ျမင္မႈဟာ ဘလြန္းဒီေအာ္ဆုရဖို႔အထိေတာ့လံုေလာက္တ့ဲေအာင္ျမင္မႈမ်ိဳးမဟုတ္ပါဘူး။ ဒီလိုအေျခအေနမွာ မက္ဆီအေနနဲ႔ ဘာေၾကာင့္ ဘလြန္းဒီေအာ္ဆုကိုရသြားႏိုင္လဲဆိုတ့ဲ အေၾကာင္းအရင္းကိုေျပာျပေပးသြားခ်င္ပါတယ္။

မက္ဆီဟာ ဒီရာသီမွာ ဘာစီလိုနာနဲ႔ လာလီဂါဖလားတစ္လံုးကိုသာရရွိထားႏိုင္ခ့ဲေပမ့ဲ သူ႔ရဲ႕သြင္းဂိုးအေရအတြက္နဲ႔ စြမ္းေဆာင္ရည္ေတြကေတာ့ အျခားဥေရာပထိပ္တန္းလိဂ္ေတြက ကစားသမားေတြအားလံုးထက္သာလြန္ေနတာျဖစ္ပါတယ္။ သြင္းဂိုး(၅၁)ဂိုးနဲ႔ ဂိုးဖန္တီးမႈ (၁၅)ၾကိမ္အထိရွိခ့ဲတာလည္းျဖစ္ပါတယ္။ လာလီဂါမွာလည္းသြင္းဂိုး(၃၆)ဂိုးအထိသြင္းယူထားႏိုင္ခ့ဲျပီး လာလီဂါဂိုးသြင္းအမ်ားဆံုးေရႊဖိနပ္ဆုကိုလည္း သိမ္းပိုက္ရရွိထားသလို ဥေရာပေရႊဖိန္ပဆုကိုလည္း ေျခာက္ၾကိမ္ေျမာက္သိမ္းပိုက္ရရွိထားႏိုင္ခ့ဲပါတယ္။

ဘာစီလိုနာနဲ႔အတူ ေအာင္ျမင္မႈၾကီးၾကီးမားမားမရခ့ဲေပမ့ဲ တစ္ဦးခ်င္းဆုတစ္ဆိပ္ေတြကိုေတာ့ အမ်ားအျပားရရွိထားႏိုင္ခ့ဲတ့ဲအထိ မက္ဆီရဲ႕ ဒီရာသီေျခစြမ္းေတြက အစြမ္းေတြထက္လြန္းေနခ့ဲတာလည္းျဖစ္ပါတယ္။ မက္ဆီအေနနဲ႔ မၾကာခင္ ဘရာဇီးမွာက်င္းပေတာ့မယ့္ ကိုပါအေမရိက ဖလားပြဲမွာ အာဂ်င္တီးနားအသင္းနဲ႔အတူ ရလဒ္ေကာင္းတစ္ခုကိုပံုေဖာ္ႏိုင္ခ့ဲမယ္ဆိုရင္ (၂၀၁၉)ဘလြႏ္းဒီေအာ္ဆုကို ေျခာက္ၾက္ိမ္ေျမာက္သိမ္းပိုက္ရရွိသြားႏိုင္ဖြယ္ရွိေနပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘလွန်းဒီအော်ဆုကို မက်ဆီရသွားနိုင်တဲ့ အကြောင်းအရင်း

ဥရောပဘောလုံးရာသီတစ်ခုရဲ့ နောက်ဆုံးပွဲစဉ်တစ်ခုဖြစ်တဲ့ လီဗာပူးလ်နဲ့ စပါးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ လီဗာပူးလ်က စပါးအသင်းကိုနှစ်ဂိုးဂိုးမရှိနဲ့အနိုင်ယူပြီး၊ ချန်ပီယံလိဂ်ဖလားကြီးကိုသိမ်းပိုက်သွားခဲ့ကာ (၂၀၁၈-၁၉)ဘောလုံးရာသီကြီးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ အားလုံးထင်မှတ်ထားသလို ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ ဘောလုံးရာသီတစ်ခုရဲ့နောက်ဆုံးသောရင်ခုန်စရာ တစ်ခုတော့မဟုတ်ပါဘူး။ နောက်ထပ်ရင်ခုန်စရာတစ်ခုကကျန်ရှိနေပါသေးတယ်။

ဒါကတော့ (၂၀၁၉)ဘလွန်းဒီအော်ဆုပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ (၂၀၁၉)ဘလွန်းဒီအော်ဆုအတွက် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးလ်နဲ့အတူ ဒီရာသီမှာအကောင်းဆုံးခြေစွမ်းပြထားနိုင်ခဲ့ပြီး၊ ပရီးမီးယားလိဂ်မှာလည်း ရမှတ်ပေါင်း(၉၇)ျမှတ်နဲ့ဒုတိယနေရာရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲနိုင်ခဲ့ပြီး၊ ဗန်ဒိုက်အတွက်တော့ ကစားသမားဘဝတစ်လျှောက် ပြီးပြည့်စုံလုနီးပါးရာသီတစ်ခုကိုပိုင်ဆိုင်ထားနိုင်ခဲ့တာကြောင့် ဘလွန်းဒီအော်ဆုအတွက် ရေပန်းအစားဆုံးဖြစ်နေတာပါ။

ဒါပေမဲ့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာလည်း ဘလွန်းဒီအော်ဆုကိုရရှိသွားနိုင်တဲ့အကြောင်းအရင်းတွေရှိနေပါတယ်။ မက်ဆီဟာ ဒီရာသီမှာဘာစီလိုနာနဲ့အတူပြိုင်ပွဲစုံ(၅၁)ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီး၊ လာလီဂါဖလားကိုလည်းဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီအောင်မြင်မှုဟာ ဘလွန်းဒီအော်ဆုရဖို့အထိတော့လုံလောက်တဲ့အောင်မြင်မှုမျိုးမဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ မက်ဆီအနေနဲ့ ဘာကြောင့် ဘလွန်းဒီအော်ဆုကိုရသွားနိုင်လဲဆိုတဲ့ အကြောင်းအရင်းကိုပြောပြပေးသွားချင်ပါတယ်။

မက်ဆီဟာ ဒီရာသီမှာ ဘာစီလိုနာနဲ့ လာလီဂါဖလားတစ်လုံးကိုသာရရှိထားနိုင်ခဲ့ပေမဲ့ သူ့ရဲ့သွင်းဂိုးအရေအတွက်နဲ့ စွမ်းဆောင်ရည်တွေကတော့ အခြားဥရောပထိပ်တန်းလိဂ်တွေက ကစားသမားတွေအားလုံးထက်သာလွန်နေတာဖြစ်ပါတယ်။ သွင်းဂိုး(၅၁)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၅)ကြိမ်အထိရှိခဲ့တာလည်းဖြစ်ပါတယ်။ လာလီဂါမှာလည်းသွင်းဂိုး(၃၆)ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး လာလီဂါဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကိုလည်း သိမ်းပိုက်ရရှိထားသလို ဥရောပရွှေဖိန်ပဆုကိုလည်း ခြောက်ကြိမ်မြောက်သိမ်းပိုက်ရရှိထားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့အတူ အောင်မြင်မှုကြီးကြီးမားမားမရခဲ့ပေမဲ့ တစ်ဦးချင်းဆုတစ်ဆိပ်တွေကိုတော့ အများအပြားရရှိထားနိုင်ခဲ့တဲ့အထိ မက်ဆီရဲ့ ဒီရာသီခြေစွမ်းတွေက အစွမ်းတွေထက်လွန်းနေခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီအနေနဲ့ မကြာခင် ဘရာဇီးမှာကျင်းပတော့မယ့် ကိုပါအမေရိက ဖလားပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ရလဒ်ကောင်းတစ်ခုကိုပုံဖော်နိုင်ခဲ့မယ်ဆိုရင် (၂၀၁၉)ဘလွန်းဒီအော်ဆုကို ခြောက်ြကိမ်မြောက်သိမ်းပိုက်ရရှိသွားနိုင်ဖွယ်ရှိနေပါတယ်။

Sirဇော်ကြီး@SportsGabar