နံနက်ပိုင်းအားကစားသတင်းတိုများ (၂၃.၁၂.၂၀၂၀)

ရီးရဲလ်ဗယ်လာဒိုးလစ်ကို (ဝ-၃)နဲ့အနိုင်ရခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့နိုင်ပွဲမှာ မက်ဆီဟာ အနိုင်ဂိုးတဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးရလဒ်ကြောင့် (၆၄၄)ဂိုးမြောက် ဘာစီလိုနာအသင်းအတွက် သွင်းပေးနိုင်ခဲ့ပြီး၊ ကလပ်တသင်းတည်းအတွက် ဂိုးအများဆုံးသွင်းနိုင်ခဲ့တဲ့ ပီလီရဲ့စံချိန်ကိုကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

ပထမပိုင်း (၁၈)မိနစ်မှာပဲ ကွာဒရာဒိုအထုတ်ခံခဲ့ရတာကြောင့် (၁၀)ယောက်တည်းကျန်တော့တဲ့ ဂျူဗင်တပ်ဟာ ဖီအိုရင်တီးနားကို (ဝ-၃)နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ရော်နယ်ဒို ကြိုးစားပြန်ချေပဖို့ကြိုးပမ်းခဲ့ပေမဲ့ ဂျူဗင်တပ်တို့ ဂိုးပြတ်ပဲ ရှုံးနိမ့်သွားခဲ့ရပါတယ်။

အာဆင်နယ်ကို (၁-၄)နဲ့အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းက ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ သက်သက်သာသာပဲဂိုးပြတ်အနိုင်ရခဲ့ပြီး၊ ခြေမမှန်ဖြစ်နေတဲ့ အာဆင်နယ်ကို အလွယ်တကူအနိုင်ယူနိုင်ခဲ့ပါတယ်။

အခုလို ရှုံးပွဲတွေဆက်နေတာကြောင့် နည်ပြအာတီတာကို ထုတ်ပယ်ဖို့ဝေဖန်နေကြတဲ့အပေါ် ဆရာဟောင်းဖြစ်သူ ပတ်ဂွါဒီယိုလာက အာတီတာကို အာဆင်နယ်အသင်းထုတ်ပယ်ခဲ့ရင် မှားမှာဖြစ်တယ်လို့ ကာကွယ်ပြောကြားပေးခဲ့ပါတယ်။ အာတီတာရဲ့လုပ်ရပ်တွေအပေါ် ယုံကြည်ပေးဖို့ပဲ တွန်းအားပေးခဲ့ပါတယ်။

အနီးဆုံးပြိုင်ဘက်တွေထဲက တသင်းဖြစ်တဲ့ ဆိုစီဒက်ကို (ဝ-၂)နဲ့အနိုင်ရလိုက်ချိန်မှာတော့ အက်သလက်တီကို မက်ဒရစ်ဟာ အမှတ်ပေးဇယားကိုဦးဆောင်လိုက်ပါတယ်။ တပွဲလျော့ ၃၂ မှတ်နဲ့ အနီးဆုံးပြိုင်ဘက် ရီးရဲလ်ကို ၃ မှတ်အထိဖြတ်ကာ ဦးဆောင်နေပါတယ်။

မန်ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ ညာတောင်ပံကစားသမားလေး အာမက်ဒီရယ်လိုကို လာမယ့်ဇန်နဝါရီမှာ အသင်းကိုခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒီရယ်လိုအနေနဲ့ ပတ်စပို့ရပေမဲ့ တခြားပြဿနာတွေရှိနေတာကြောင့် အသင်းက နွေရာသီမှာမှ ခေါ်ခွင့်ရဖို့ရှိနေတာဖြစ်တာကြောင့်လို့ဆိုပါတယ်။

AZ-SportsGabar