ကစားပြီးတဲ့အထိ အချက်အလက်အရ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်း

ပရီးမီးယားလိဂ်ဒီရာသီအကောင်းဆုံး အသင်းကို ထုံးစံအတိုင်း Whoscored ကနေ တွက်ချက်ပေးခဲ့ပါတယ်။ ကစားပြီးခဲ့တဲ့ပွဲစဉ်တွေအတိုင်း စွမ်းဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေအလိုက် ကစားသမားတွေကို ရွေးချယ်ခဲ့ပြီး၊ ကစားသမားပါဝင်လာတဲ့အနေအထားအရ (၄-၄-၂) ကစားကွက်နဲ့ တည်ပေးခဲ့ပါတယ်။

အံ့အားသင့်စရာပါဝင်လာမှုအနေနဲ့ ဘယ်သူမှမထင်မှတ်ထားတဲ့ ဂိုးသမားအဖြစ် နယူးကာဆယ်ဂိုးသမား ကာရယ် ဒါလိုးက ပါဝင်လာခဲ့ပါတယ်။ (၃၀)နှစ်သား ဂိုးသမားဟာ သူပါဝင်ပွဲထွက်ထားတဲ့အရေအတွက် ပြသထားတဲ့စွမ်းဆောင်ရည်တွေကြောင့် Rating ရရှိနှုန်းထားက (၇.၁)အထိ ရှိခဲ့ပါတယ်။ ဒါဟာ နစ်ခ်ပုတ်၊ လောရစ်၊ ကတ်စပါရှမိုက်ကယ်တို့ကိုကျော်ဖြတ်ခဲ့တာပါ။

နောက်တန်းစွမ်းဆောင်ရည်ပိုင်းမှာလည်း ချဲလ်ဆီးအသင်းရဲ့ နောက်တန်းသုံးယောက်ဖြစ်တဲ့ ရီးစ်ဂျိမ်း၊ ဇူးမားနဲ့ ဘင်ချီဝယ်တို့က အသီးသီးပါဝင်လာခဲ့ပါတယ်။ ဆောက်သမ်တန်နောက်ခံလူ ဗတ်စတာဂတ်လည်း ဒီလူစာရင်းမှာ အတူတူပါဝင်လာပြီး၊ ပရီးမီးယားလိဂ်နောက်တန်းဟာ ချဲလ်ဆီးနဲ့ဆောက်သမ်တန်တည်ဆောက်ထားတာက အကောင်းဆုံးဖြစ်နေပါတယ်။

ကွင်းလယ်ပိုင်းမှာက ဒီဘရိုင်းနဲ့ ဖာနန်ဒက်ပါဝင်ခဲ့တဲ့အတွက် ချွင်းချက်မရှိလိုက်ဖက်ညီခဲ့ပါတယ်။ တောင်ပံတွေမှာတော့ မိုဆာလားနဲ့ အက်စတွန်ဗီလာရဲ့ ဂရီရယ်လစ်ရှ်နှစ်ဦးသားရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးဖြစ်နေပါတယ်။ ဆွန်ယောင်မင်မပါခဲ့သလို လက်ရှိတောင်ပံတိုးအားတွေမှာ အကောင်းဆုံးဖြစ်နေတဲ့ ကစားသမားတွေ တဦးမှ မပါဝင်ခဲ့ပါဘူး။

တိုက်စစ်ပိုင်းမှာတော့ ဟယ်ရီကိန်းနဲ့ ကလဲဗက်လေဝင်နှစ်ဦးရဲ့ တွဲဖက်မှုက ပရိသတ်အကြိုက်ပါပဲ။ ဟယ်ရီကိန်းက (၉)ဂိုး (၁၀)ကြိမ်ပံ့ပိုးမှုနဲ့ ကလဲဗက်လေဝင်က (၁၁)ဂိုးအထိရှိပြီး၊ နှစ်ဦးပေါင်း သွင်းဂိုး(၂၀)အထိရှိတဲ့ ပရီးမီးယားလိဂ် လတ်တလောအကောင်းဆုံး တိုက်စစ်ဖြစ်ပါတယ်။ ဒီလူစာရင်းကိုတော့ ကစားပြီးခဲ့တဲ့ လတ်တလောပွဲစဉ်ရဲ့စွမ်းဆောင်ရည်တွေအတိုင်းပဲ တွက်ချက်ထားတာဖြစ်ပါတယ်။

AZ-SportsGabar