ပြိုင်ဘက်ကို တံတွေးနဲ့ထွေးခဲ့လို့ ခြောက်ပွဲပယ်ခံလိုက်ရတဲ့ ကစားသမား

ဘိုရပ်ရှား မိုချင်ဂလာဘတ်အသင်းရဲ့ ကစားသမား မားကပ်စ်သူရမ်တယောက် ခြောက်ပွဲပယ်ပြစ်ဒဏ်ကို ကျခံလိုက်ရပြီဖြစ်ပါတယ်။ ဒဏ်ကြေးပါ တခါတည်း ယူရို (၄၀၀၀၀)အထိပါဝင်ခဲ့တဲ့ ပြစ်ဒဏ်ဟာ ပြိုင်ဘက်အသင်းရဲ့ကစားသမားကို တံတွေးနဲ့ ထွေးခဲ့တာကြောင့် ဂျာမနီ ဘောလုံးအဖွဲ့ချုပ်ကနေ ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်လည်းဖြစ်ပါတယ်။

(၂၃)နှစ်သား သူရမ်တယောက် ဒီဖြစ်ရပ်ကို လုပ်ခဲ့တာက ဟော့ဖမ်ဟိန်းကို (၂-၁)နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်မှာပါ။ ဒီလိုလုပ်ရပ်က ကစားသမားအတွက် အကျည်းတန်တဲ့အပေါ် မိုချင်ဂလာဘတ်ကလည်း မနေခဲ့ပါဘူး။ သူရမ်ကို တလစာလစာငွေဖြတ်တဲ့ ပြစ်ဒဏ်ကို ကလပ်ဖက်ကလည်း သီးသန့်ချမှတ်ခဲ့ကာ ပြင်းပြင်းထန်ထန်ကို အရေးယူခဲ့ပါတယ်။

လစာငွေစုစုပေါင်း ဘယ်လောက်ပမာဏအထိသက်ရောက်သွားလဲမသိပေမဲ့ ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ ယူရို (၁၅၀၀၀၀)အထိရှိတယ်လို့ ဆိုပါတယ်။ ကလပ်က သူရမ်ကို ဒဏ်ရိုက်လို့ရလာတဲ့ ပိုက်ဆံတွေကိုတော့ ပရဟိတ အဖွဲ့တွေကို လှူဒါန်းဖို့ ပေးအပ်လိုက်မယ်လို့ သိရပါတယ်။ ဒီလိုဒဏ်ငွေရိုက်တာကို ကစားသမားကလည်း လက်ခံထားပြီးသားပါ။

အဆိုပါပွဲမှာ သူရမ်အထုတ်မခံရခင် ဟော့ဖန်ဟိမ်းနဲ့ (၁-၁)သရေကျနေချိန်ဖြစ်ပြီး၊ နောက်ပိုင်းမှာ (၁၀)ယောက် (၁၁)ယောက်ဖြစ်သွားချိန်၊ ဟော့ဖန်ဟိမ်းက နောက်ကျအနိုင်ဂိုးနဲ့ အဖိုးတန်အနိုင်သုံးမှတ်ကို ယူသွားခဲ့တာပါ။ ခြောက်ပွဲပယ်ခဲ့တဲ့အတွက် ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေကို ရင်ဆိုင်ရမယ့် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။

ကစားသမားကတော့ သူ့လုပ်ရပ်တွေအတွက် အကုန်ပြန်တောင်းပန်ထားခဲ့ကာ ဒါဟာ သူ့ပုံစံမဟုတ်ပါဘူးလို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ သူရမ်ကို ခြောက်ပွဲလောက်လက်လွှတ်ရမယ့် မိုချင်ဂလာဘတ်ဟာ အမှတ်ပေးဇယား အဆင့် (၈)မှာ (၁၈)မှတ်နဲ့ ရပ်တည်နေကာု ဥရောပဝင်ခွင့်တနေရာကို ကြိုးစားနေရတုန်းဖြစ်ပါတယ်။

AZ-SportsGabar