နံနက်ပိုင်းအားကစားသတင်းတိုများ (၂၂.၁၂.၂၀၂၀)

၀က်စ်ဟမ်းနဲ့ ချဲလ်ဆီး တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာ (၃-ဝ)ရလဒ်နဲ့အတူ ချဲလ်ဆီးက ဝက်စ်ဟမ်းကို အနိုင်ယူခဲ့ပါတယ်။ သီယာဂိုဆေးလ်ဗားနဲ့ အေဗရာဟမ်တို့အသီးသီးဂိုးတွေသွင်းယူခဲ့ပြီး၊ ဂိုးပြတ်နိုင်ပွဲတပွဲကို ဖန်တီးနိုင်ခဲ့ကြပါတယ်။

ဘန်လေနဲ့ ဝုဗ်အသင်းကစားခဲ့တဲ့ပွဲစဉ်ကတော့ (၂-၁)ရလဒ်နဲ့အတူ ဝုဗ်တို့ရှုံးနိမ့်သွားခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ ဘန်လေအသင်းက တန်းဆင်းဇုန်ကနေ ရုန်းထွက်လာနိုင်ခဲ့ပြီး၊ (၁၃)မှတ်နဲ့အတူ အာဆင်နယ်အသင်း (၁၄)မှတ်အောက် တမှတ်လျော့နဲ့ရပ်တည်နေပါတယ်။

ကာရာဘောင်ဖလားဖိုင်နယ်ပွဲစဉ်ကို လာမယ့် ဧပြီလအထိ ရွှေ့ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ အခုလို ရွှေ့လိုက်ရတဲ့အတွက် ပရိသတ်တွေ များများဝင်ရောက်နိုင်ဖို့ မျှော်လင့်နေပြီး၊ ကစားမယ့်ရက်က ၂၅ ရက်၊ တနင်္ဂနွေ၊ ဧပြီမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းက မန်စီးတီးနဲ့တွေ့ဆုံမယ့် ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို ဒဏ်ရာကြောင့်လွဲချော်မယ်လို့ သိရပါတယ်။ အူဘာမီယန်းဟာ ခြေသလုံးနောက်ပိုင်းကြွက်သား ဒဏ်ရာရရှိထားတာဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ သူတို့ရဲ့နောက်ခံလူ ဂျွန်စတုန်းကို စာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေပါတယ်။ ကစားသမားနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ စီစဉ်ထားပြီဖြစ်ပြီး၊ စာချုပ်သက်တမ်းတိုးဖို့ စဉ်စားထားပြီဖြစ်ပါတယ်။

AZ-SportsGabar