ဆာလားကိုယ်တိုင်က မပျော်တော့လို့ လီဗာပူးကရောင်းဖို့ပြင်ဆင်နေပြီဆိုတဲ့ အသင်းဖော်ဟောင်း

မိုဟာမက်ဆာလားဟာ လီဗာပူးကနေ ထွက်ခွာနိုင်တယ်လို့ သူ့သူငယ်ချင်းဖြစ်သူ ပြောစကားအရ သိရပါတယ်။ ကလပ်က ဆာလားကို ရောင်းသွားနိုင်တယ်လို့ ဖွင့်ဟခဲ့ပြီး၊ ဘာအကြောင်းကြောင့်ဆိုတာတွေကို AS သတင်းဌာနနဲ့အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ ဒီသတင်းမထွက်လာခင်မှာ ဆာလားဟာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ သတင်းတွေထွက်ထားသူပါ။

သတင်းတွေထွက်လာချိန်မှာ ဆာလားက ငြင်းပယ်ခဲ့ပြီး၊ သူဟာ အသင်းရဲ့သဘောအတိုင်းပဲရှိနေသူပါလို့ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဆာလားရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ မိုဟာမက် အဘောက်ထရီကာက ကစားသမားဟာ လီဗာပူးမှာမပျော်ဘူးဆိုတာကိုထုတ်ဖော်ခဲ့ပါတယ်။ အဘောက်ထရီကာက ဆာလားနဲ့ နိုင်ငံအသင်းမှာကတည်းက သူငယ်ချင်းဖြစ်ခဲ့သူပါ။

” ကျွန်တော် လီဗာပူးမှာဖြစ်နေတာတွေနဲပတ်သက်လို့ ဆာလားကိုဖုန်းဆက်ခဲ့တယ်။ သူမပျော်ဘူး။ ဒါပေမဲ့ အဲဒီအချက်တွေက ကွင်းထဲမှာရှိတဲ့ သူ့ရဲ့စွမ်းဆောင်ရည်တွေကိုတော့ လုံးဝထိခိုက်စေမှာမဟုတ်ပါဘူး။ ဆာလားလီဗာပူးမှာ မပျော်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ သူဘာကြောင့် မပျော်ဘူးဆိုတဲ့ အကြောင်းတွေကိုလည်း ဆာလားက ကျွန်တော့်ကို ပြောပြထားပြီးသားပါ”

” ဒါတွေကတော့ လျှို့ဝှက်ချက်ပေါ့။ ဒီလို လျှို့ဝှက်ချက်ကိုတော့ ကျွန်တော်လူကြားထဲ ထုတ်ြပောနေမှာမဟုတ်ပါဘူး။ ဆာလားမပျော်တဲ့အကြောင်းရင်းတွေထဲက တခုကို ပြောပါဆိုရင်တော့ မစ်ဂျဲလန်းလိုအသင်းနဲ့ပွဲထွက်ရတဲ့ပွဲမျိုးမှာ သူ့ကို အသင်းကပ္ပတိန်မပေးတာမျိုးက စိတ်ဆိုးစေခဲ့တယ်ဆိုတာပဲ။ (အဆိုပါပွဲတွင် ကပ္ပတိန်မှာ အာနိုးဖြစ်သည်) ကျွန်တော့်အမြင်အရဆိုရင်တော့ ”

” လီဗာပူးက ဆာလားကို စီးပွားရေးအကျိုးအမြတ်အတွက် ရောင်းချဖို့ စဉ်းစားနေတယ်။ ကျွန်တော်က ဆာလားရဲ့ဘယ်ဆုံးဖြတ်ချက်အပေါ်မှာမှ မလွှမ်းမိုးနိုင်သူပါ။ သူက ကျွန်တော် သူငယ်ချင်း၊ ညီလေး၊ သူ့အတွက် ဘာကအကောင်းဆုံးဆိုတာကို သူအမြဲတမ်းသိပါတယ်။” ဆိုပြီး၊ ဆာလားသူငယ်ချင်းက ထုတ်ပြောခဲ့ပါတယ်။ ဒီအတိုင်းဆိုရင်တော့ လီဗာပူးဟာ ဆာလားကိုတကယ်ပဲရောင်းတော့မလားက စိတ်ဝင်စားဖို့ကောင်းနေပြီဖြစ်ပါတယ်။

AZ-SportsGabar