ပွဲအစ ၆ စက္ကန့်မှာပဲ ဂိုးသွင်းခဲ့လို့ စီးရီးအေမှာ စံချိန်သစ်တင်သွားတဲ့ အေစီမီလန်

ဆာဆူအိုလိုရဲ့ဂိုးပေါက်ကို ပွဲအစ ခြောက်စက္ကန့်မှာပဲ ရာဖေးလ်လျောင်တယောက် ကန်သွင်းလိုက်ပါတယ်။ ဂိုးအဖြစ်ပြောင်းလဲသွားချိန်မှာ စီးရီးအေသမိုင်းတလျှောက် အမြန်ဆုံးစံချိန်တင်ဂိုးအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ပေါ်တူဂီသား (၂၁)နှစ်အရွယ် ရာဖေးလျောင်တယောက် ကယ်ဟန်နိုဂလူ ခင်းပေးလိုက်တဲ့ဘောလုံးကို တိုက်ရိုက်ကန်ထည့်လိုက်ပါတယ်။ အချိန်က ဘောလုံးကိုကွင်းလယ်ကနေ ဂိုးပေါက်ထဲကိုဝင်ပြီးတဲ့အချိန်ထိ ခြောက်စက္ကန့်ပဲကြာပါတယ်။ လုံးဝရှုံးပွဲမရှိသေးတဲ့အပြင် အခုလိုစံချိန်ကို တင်လိုက်တဲ့တွက် အေစီမီလန်ဟာ ဒီနှစ်ရလဒ်တွေမှာ လုံးဝမထင်ထားတာကိုပြနေနိုင်ခဲ့ပါပြီ။

ရာဖေးလျောင်ကလည်း စီးရီးအေရဲ့အမြန်ဆုံးဂိုးဝင်တဲ့ စံချိန်တင်ကစားသမားဖြစ်လာခဲ့ပါတယ်။ အရင်စံချိန်ရှင်ဟောင်း ပါအိုလို ပေါ့ဂ်ဂီ တင်ထားတဲ့ (၈.၉)စက္ကန့်စံချိန်ကို ကျော်ဖြတ်သွားခဲ့တာပါ။ ပေါ့ဂ်ဂီက ပီယာဇန်ဇာအသင်းအတွက် (၂၀၀၁)ခုနှစ်မှာ ဖီအိုရင်တီးနားအသင်းဖက်ကို ကန်သွင်းပေးခဲ့ပြီး၊ စီးရီးအေရဲ့အမြန်ဆုံးဂိုး စံချိန်ရှင်အဖြစ် ၁၉ နှစ်ကြာစံချိန်တင်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီစံချိန်က စီရီးအေမှာတင်ရပ်တန့်နေမှာ မဟုတ်ပါဘူး။ လက်ရှိပရီးမီးယားလိဂ်မှာ အမြန်ဆုံးအဖြစ်တင်ထားတဲ့ ရှိန်းလောင်းရဲ့ဂိုးထက်ကို မြန်နေတဲ့အတွက် ဥရောပ စံချိန်လည်းဖြစ်လာဖို့ရှိနေပါတယ်။ ရှိန်းလောင်းက (၂၀၁၉) ဧပြီမှာ ဆောက်သမ်တန်အသင်းအတွက် ဝက်ဖို့ဒ်ကို ၇.၆၉ စက္ကန့်တည်းနဲ့ ဂိုးသွင်းခဲ့တာဖြစ်တဲ့အတွက် ရာဖေးလျောင်ကပိုမြန်နေပါတယ်။

ဒီဂိုးဟာ ဒီနှစ်ရာသီ အေစီမီလန်အတွက်သူ့ရဲ့ သုံးဂိုးမြောက်ဂိုးလည်းဖြစ်တဲ့အပြင် အခုလိုစံချိန်တင်နိုင်ခဲ့တဲ့အတွက် ကစားသမားအတွက် ပြီးပြည့်စုံတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ အေစီမီလန်ဟာ နိုင်ပွဲကြောင့် ရှုံးပွဲလည်းမရှိသေးသလို အမှတ်ပေးဇယားထပ်မှာ ၃၁ မှတ်နဲ့ ရပ်တည်နေပြီး၊ လတ်တလော စီးရီးအေကို ဦးဆောင်နေပါတယ်။

AZ-SportsGabar