နံနက်ပိုင်းအားကစားသတင်းတိုများ (၂၁.၁၂.၂၀၂၀)

၀က်စ်ဘရွန်းနည်းပြသစ် ဆမ်အလာဒွိုက်စ်ကတော့ သူ့ရဲ့ပထမဆုံးပွဲထွက်မှာတင်ပဲ တယောက်အထုတ်ခံရပြီး၊ ဝ-၃ နဲ့ ဗီလာကိုရှုံးနိမ့်ခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် (၈၀)ကျော်အထိ (ဝ-၁)နဲ့ ရှုံးနေခဲ့ပေမဲ့ မိနစ် (၈၀)နောက်ပိုင်း သွင်းဂိုးတွေကို ခွင့်ပြုလိုက်ရကာ ရှုံးနိမ့်သွားခဲ့ပါတယ်။

လိဒ်ယူနိုက်တက်နဲ့ ပင်နိုင်းဒါဘီကစားခဲ့တဲ့ မန်ယူနိုက်တက်ကတော့ (၆-၂)နဲ့အတူ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ပွဲအစ ၃ မိနစ်မှာပဲ ၂ ဂိုးသွင်းခဲ့တဲ့တိုမီနေးကလည်း ပရီးမီးယားလိဂ်သမိုင်းတလျှောက်အခုလို သွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး၊ အနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယားအဆင့် ၃ ကို ရောက်လာခဲ့ပါတယ်။

စပါးကို ဝ-၂ နဲ့ အနိုင်ရခဲ့တဲ့ လက်စတာကလည်း အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်ရောက်လာနိုင်ခဲ့ပါတယ်။ ဗာဒီပင်နယ်တီနဲ့ အယ်ဒါဝီရယ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုတွေက စပါးကိုပြန်မလာစေနိုင်တော့ဘဲ ရှုံးပွဲတပွဲကို ဖန်တီးသွားစေခဲ့ပါတယ်။

ဆာဆူအိုလိုကို (၁-၂)နဲ့အေစီမီလန်က အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက်ဦးဆောင်ဂိုးကို အေစီမီလန်ကစားသမား ရာဖေးလျောင်က ပွဲအစ ၆ စက္ကန့်မှာပဲအရယူပေးခဲ့ပါတယ်။ အဆိုပါဂိုးဟာ စီးရီးအေသမိုင်းတလျှောက်အမြန်ဆုံးဂိုးဖြစ်လာခဲ့ပြီး၊ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဘရိုက်တန်အသင်းကစားသမားလေး ဘစ်ဆူးမားကို ပရီးမီးယားလိဂ်ကလပ်တွေက အပြိုင်လိုက်နေတယ်လို့ သိရပါတယ်။ အဆိုပါကွင်းလယ်လူကို အာဆင်နယ်၊ လီဗာပူး၊ မန်ယူ သုံးသင်းက အပြိုင်ချိတ်ဆက်ထားပြီး၊ ကိုယ်စီအသင်းကိုခေါ်ဖို့ စောင့်ဆိုင်းနေတယ်လို့ဆိုပါတယ်။

လိုင်လီကို သရေကျသွားခဲ့တဲ့ ပီအက်စ်ဂျီအသင်းကတော့ ဝ-၀ ရလဒ်အပြီမှာ အမှတ်ပေးဇယားရဲ့ အဆင့်သုံးနေရာကိုဆင်းသွားခဲ့ပါတယ်။ လိုင်လီ ၃၃ မှတ်၊ လိုင်ယွန် ၃၃မှတ်၊ ပီအက်စ်ဂျီ ၃၂ မှတ်နဲ့အကြိတ်အနယ်ယှဉ်ပြိုင်နေကြပြီး၊ လီဂူးဝမ်းဟာ ပြိုင်ဆိုင်မှုပြင်းထန်နေပါတယ်။

AZ-SportsGabar