လီဗာပူးကလေးငယ်လေးကို ပေးထားတဲ့ကတိအတိုင်း လုံးဝတည်ခဲ့တဲ့ ဆာဒီယိုမာနေး

ပရိသတ်လူငယ်လေးတဦးနဲ့ ဆာဒီယို မာနေးကြားမှာ တကယ့်ကိုကောင်းမွန်တဲ့ ဆက်ဆံရေးတခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို (၇-ဝ)နဲ့ဂိုးမိုးရွာခဲ့တဲ့ပွဲမှာ မာနေးရဲ့ အောင်ပွဲခံပုံတခုဖြစ်တဲ့ လက်ထောင်ခဲ့တဲ့ဟန်ကြောင့် ဒီဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ သတိမထားမိလိုက်တဲ့အဖြစ်အပျက်လည်းဖြစ်ခဲ့ပါတယ်။

မာနေးတယောက် လီဗာပူးအတွက် ဂိုးသွင်းပြီးချိန်မှာ လက်ညိုးလေးထောင်၊ နှုတ်ခမ်းကိုနမ်းလိုက်ပြီး၊ ကောင်းကင်ကိုလက်ဆန့်လိုက်တဲ့ အောင်ပွဲခံဟန်ရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့အဖြစ်အပျက်ရှိနေပါတယ်။ ဒီအောင်ပွဲခံဟန်က မာနေးရဲ့ ကိုယ်ပိုင်အောင်ပွဲခံဟန်မဟုတ်လို့ပါ။

မာနေးနဲ့ ပရိသတ်လူငယ်လေး Lee နှစ်ယောက်သား ဗီဒီယိုကော တွေ့ဆုံပြောခဲ့စဉ်မှာ မာနေးက မေးခဲ့ပါတယ်။ အကယ်လို့ မင်းဂိုးသွင်းခဲ့ရင် ဘယ်လိုပုံစံမျိုး အောင်ပွဲခံချင်လဲလို့ မေးခဲ့ပါတယ်။ ကောင်လေးက မာနေးအောင်ပွဲခံသွားတဲ့ ပုံစံမျိုးလုပ်ပြခဲ့ပြီး၊ အဲဒီလိုမျိုးပဲ အောင်ပွဲခံချင်တယ်လို့ ဆိုခဲ့ပါတယ်။ မာနေးကလည်း ငါဂိုးသွင်းခဲ့ရင် အဲဒီလိုအောင်ပွဲခံပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ကောင်လေးက ပရဟိတတခုမှာ လုပ်အားပေးအနေနဲ့ လုပ်ပေးနေသူလေးပါ။ လီဗာပူးပရိသတ်လည်းဖြစ်၊ အိုင်ဒေါနဲ့လည်း ဗီဒီယိုကောပြောခဲ့ရချိန်မှာ အခုလိုမျိုးအောင်ပွဲခံချင်တာလို့ ပြောခဲ့တာကို မာနေးက မှတ်ထားပြီး၊ ပဲလေ့စ်ပွဲမှာ သူဂိုးသွင်းနိုင်တာနဲ့ မှတ်မှတ်ရရ အောင်ပွဲခံပေးခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလမှာ ဒီအဖြစ်အပျက်လေးကို လီဗာပူးဖက်က ပရိုဂရမ်အနေနဲ့ စီစဉ်ပေးခဲ့ပေမဲ့ ကြားထဲမှာ မာနေးဟာ ပြသခွင့်မရခဲ့ပါဘူး။ ဒဏ်ရာ၊ ပွဲထွက်ခွင့်နဲ့ အနားရခဲ့မှုတွေကြောင့် အခုလိုမျိုး ဂိုးပေါက်တွေ့ချိန်မှာ တန်းပြီး၊ ပြန်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဆာဒီယိုမာနေးတယောက် ပေးထားတဲ့ ကတိအတိုင်းအောင်ပွဲခံပေးခဲ့ချိန်မှာ ပရိသတ်တွေက မာနေးရဲ့လုပ်ရပ်ကို ချီးကျူးနေကြပါတယ်။

AZ-SportsGabar