လွန်ခဲ့တဲ့ ၅၉ နှစ်က စံချိန်ဟောင်းတခုကို ဂျူဗင်တပ်အတွက် ၂ ဂိုးသွင်းပေးအပြီးမှာရခဲ့တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်အသင်းက ပါးမားကို(၄-ဝ)နဲ့ အနိုင်ရခဲ့ပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒို တဦးတည်း (၂)ဂိုးသွင်းယူခဲ့ပြီး၊ အသင်းအတွက် စုစုပေါင်း (၁၂)ဂိုးအထိ စီးရီးအေဂိုးရှိလာခဲ့ပါတယ်။ (၉)ပွဲပဲ ကစားပြီးချိန်၊ (၁၂)ဂိုး ရလာခဲ့တဲ့နောက်မှာတော့ (၁၉၆၁)ခုနှစ်က အိုမာ ဆီဗိုရီ တင်ထားခဲ့တဲ့ စီးရီးအေစံချိန်တခုကို လိုက်မီသွားပါတယ်။

စီရော်နယ်ဒိုဟာ ကလင်ဒါနှစ်တနှစ်အတွင်းမှာ တနှစ်တည်း အနည်းဆုံး (၃၃)ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် ကစားသမားဖြစ်လာပါတယ်။ ပြောရရင် (၁၉၆၁)ခုနှစ် အိုမာ ဆီဗိုရီ တနှစ်တည်းမှာ (၃၃)ဂိုးသွင်းပြီးကတည်းက စီးရီးအေမှာ ကလင်ဒါတနှစ်အတွင်း အခုလိုဂိုးအများကြီးသွင်းနိုင်သူမရှိတော့ပါဘူး။

ဒါပေမဲ့ ၃၅ နှစ်သား ရော်နယ်ဒိုဟာ အသက်အရွယ်နဲ့မှမလိုက် အကောင်းဆုံးခြေစွမ်းပြနေပြီး၊ သူ့ရဲ့သွင်းဂိုးတွေနဲ့ စံချိန်တင်နေပါတယ်။ စီရီးအေမှာ ရော်နယ်ဒိုထက်လက်ရှိမှာ အခုလိုစံချိန်တင်ထားသူက နှစ်ယောက်ပဲရှိပါတော့တယ်။ (၁၉၅၀)ခုနှစ်က ကလင်ဒါတနှစ်တည်း ၃၆ ဂိုးသွင်းတဲ့ ကစားသမား ဂန်နာ နော်ဒါ့နဲ့ (၁၉၃၃)ခုနှစ်က ကလင်ဒါတနှစ်တည်း ၄၁ ဂိုးသွင်းတဲ့ ဖယ်လိုက်စ် ဘိုရယ်ပါ။

လက်ရှိမှာ (၂၀၂၀)ခုနှစ်က ကုန်ဖို့ ၁၀ ရက်ပဲလိုတဲ့အတွက် ရော်နယ်ဒိုအနေနဲ့ ၄၁ ဂိုးအထိသွင်းတဲ့ စံချိန်ကို ကျော်ဖြတ်ဖို့က မလွယ်တော့ပါဘူး။ နောက်ထပ်တွေ့ဆုံမယ့်ပွဲစဉ်ကလည်း ဖီအိုရင်တီးနားနဲ့ တပွဲပဲကျန်တော့တဲ့အပေါ် ရော်နယ်ဒိုဟာ သုံးဂိးသွင်းနိုင်ခဲ့ရင်တော့ ဂန်နာ နော်ဒါ့ တင်ထားတဲ့ စံချိန်ကို မီဖို့ အခွင့်အရေးရှိပါသေးတယ်။

ရော်နယ်ဒိုအနေနဲ့ ဒီဂိုးအရေအတွက်ကို ရဖို့ (၁၇၄)ကြိမ်ပဲ ကြိုးစားအားထုတ်ခဲ့ရတာပါ။ ဒါဟာ ဥရောပမှာရှိတဲ့ ၃၃ ဂိုးရ ဘယ်ကစားသမားထက်မဆို ၆၀ ကြိမ်လျော့နည်းခဲ့တာဖြစ်ပါတယ်။ (၃၃)ဂိုးမှာ ညာခြေနဲ့ ၂၇ ဂိုး၊ ဘယ်ခြေနဲ့ ၄ ဂိုး၊ ခေါင်းနဲ့ ၂ ဂိုး ပါဝင်ခဲ့ပါတယ်။ ဇန်နဝါရီလ တရက်နေ့ကစလို့ ဂိုးအရေအတွက်မှာလည်း ရော်နယ်ဒိုက ၃၃ ဂိုး၊ လီဝမ်ဒေါစကီးက ၃၁ ဂိုးနဲ့ မက်ဆီက ၁၈ ဂိုးဆိုပြီး၊ ရော်နယ်ဒိုကပဲဦးဆောင်ထားပါတယ်။

AZ-SportsGabar