ယူႏိုက္တက္ကိုရပ္တန္႔လို႔မရတဲ့အသင္းအျဖစ္အသက္သြင္းဖို႔လိုအပ္တဲ့ကစားသမား(၃)ေယာက္

ဒီႏွစ္အေျပာင္းအေရႊ႕ကာလကေတာ့ မန္ခ်က္စတာယူႏိုက္တက္အတြက္ တကယ့္ကို အေရးၾကီးတဲ့အခ်ိန္အခါတစ္ခုပါပဲ။ အသင္းကို အသြင္သစ္နဲ႔ ျပန္လည္တည္ေဆာက္ေရးအတြက္ နည္းျပအိုေလဂန္နာဆိုးလ္ရွားနဲ႔အမႈေဆာင္ခ်ဳပ္ အက္၀ု၀က္တို႔အလုပ္မ်ားရမယ့္ ကာလတစ္ခုဆိုရင္လည္းမမွားပါဘူး။

ယူႏိုက္တက္အေနနဲ႔ ခရစ္စတယ္ပဲေလ့အသင္းက ၀မ္ဘစ္ဆာခါ၊ ေအဂ်က္ေနာက္ခံလူ ဒီလစ္ နဲ႔ လက္စတာစီးတီးတံတိုင္းၾကီး မက္ဂြဲယား တို႔လိုကစားသမားေတြကို ပစ္မွတ္ထားခ်ိတ္ဆက္ေနေေပမဲ့၊ ယူႏိုက္တက္ရဲ႕လိုအပ္ခ်က္နဲ႔ကိုက္ညီျပီး အမွန္တကယ္အက်ိဳးျပဳႏိုင္မယ့္ကစားသမား တစ္ခ်ိဳ႕လည္း ရွိေနပါတယ္။ အဲဒီ့ကစားသမားေတြကေတာ့-

(၁) ဘရူႏိုဖာနန္ဒက္ (စပို႔တင္းလစၥဘြန္း)

မန္ယူႏိုက္တက္ဟာ ဆြမ္ဆီးေတာင္ပံကစားသမားေလး ဒန္နီရယ္ဂ်ိမ္းကို ေခၚယူႏိုင္ခဲ့ျပီးျဖစ္သလို အဂၤလန္ကလာတဲ့သတင္းမ်ားအရ ေနာက္ထပ္ေခၚယူႏိုင္ဖို႔ အနီးစပ္ဆံုးျဖစ္ေနတဲ့သူကေတာ့ ေပၚတူဂီကလပ္ စပို႔တင္းလစၥဘြန္းကြင္းလယ္ကစားသမား ဘရူႏိုဖာနန္ဒက္ပဲျဖစ္ပါတယ္။ ဥေရာပအသင္းၾကီးအခ်ိဳရဲ႕ ေစာင့္ၾကည့္ျခင္းခံေနရတဲ့ အသက္(၂၄)ႏွစ္အရြယ္ကစားသမားဟာ စပို႔တင္းအတြက္ (၅၃)ပြဲကစားထားခဲ့ျပီး (၃၂)ဂိုးသြင္းကာ၊ (၁၈)ၾကိမ္ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ အန္ဒါဟာရဲယားနဲ႔ ဖယ္လိုင္နီတို႔ထြက္ခြာသြားတဲ့အျပင္ ေပါ့ဘာရဲ႕အနာဂတ္ဟာလည္း ယူႏိုက္တက္မွာ ဆက္ရွိဖို႔ မေသခ်ာတာေၾကာင့္၊ ကြင္းလယ္ပိုင္းအားေလ်ာ့သြားႏိုင္တဲ့အတြက္ ဆိုးလ္ရွားအေနနဲ႔ ဖာနန္ဒက္ကို မရမက ေခၚယူသင့္ေနတာပါ။

(၂) ရာဘီေရာ့ (ပီအက္စ္ဂ်ီ)

ျပင္သစ္ရဲ႕အေကာင္းဆံုးကြင္းလယ္ကစားသမားေတြထဲမွာ တစ္ေယာက္အပါအ၀င္ျဖစ္တဲ့ ရာဘီေရာ့ကို ဒီေႏြမွာ ေအလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ နဲ႔ရရွိႏိုင္မွာျဖစ္လို႔ သူ႕ကိုေခၚယူႏိုင္မယ္ဆိုရင္ ယူႏိုက္တက္ေနနဲ႔ အသံုးစရိတ္ေျခြတာရာလည္းေရာက္ပါလိမ့္မယ္။ ယူႏိုက္တက္မွာနီမန္ဂ်ာမာတစ္က အသက္အရြယ္ရလာျပီျဖစ္တဲ့အတြက္ေၾကာင့္ သူ႔ေနရာမွာအစားထိုးႏိုင္ဖို႔ ကြင္းလယ္ကို ထိန္းေက်ာင္းေပးႏိုင္တဲ့ ရာဘီေရာ့က အသင့္ေတာ္ဆံုးျဖစ္ေနပါတယ္။ ယူႏိုက္တက္အေနနဲ႔ အခက္အခဲရွိႏိုင္တဲ့အခ်က္က ရာဘီေရာ့ဟာ လီဗာပူးလ္အသင္းမွာ ကစားဖို႔ ဆႏၵရွိေနတယ္ဆိုတာပါပဲ။ ဒါေပမဲ့လည္း ယူႏိုက္တက္ဘက္က ကစားသမားေက်နပ္ေလာက္တဲ့ လုပ္ခလစာပမာဏနဲ႔ ကမ္းလွမ္းခဲ့ရင္ေတာ့ ရာဘီေရာ့ကို ေခၚယူဖို႔ျဖစ္ႏိုင္ပါလိမ့္မယ္။

(၃) ဒီလစ္ (ေအဂ်က္)

အေျပာင္းအေရႊ႕ကာလမွာ ယူႏိုက္တက္အသည္းအသန္ကမ္းလွမ္းေနတဲ့ ကစားသမားတစ္ေယာက္ရွိပါတယ္။ သူကေတာ့ ေအဂ်က္အသင္းရဲ႕နယ္သာလန္ေနာက္ခံလူ ဒီလစ္ပဲျဖစ္ပါတယ္။ ယူႏိုက္တက္ရဲ႕အားအနည္းဆံုးေနရာက ေနာက္တန္းျဖစ္တယ္ဆိုတာ ျပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ေပးဂိုး (၅၄) ဂိုးခြင့္ျပဳခဲ့ရတာက သက္ေသပါပဲ။ ဒါေၾကာင့္လည္း ယူႏိုက္တက္ဟာ ေနာက္တန္းမွာဦးေဆာင္ကစားႏိုင္မယ့္ ဗဟိုခံစစ္မွဴးတစ္ဦးကို အပူတျပင္းရွာေဖြေနတာျဖစ္ျပီး ေအဂ်က္မွာ ငယ္ငယ္ရြယ္ရြယ္နဲ႔ အေကာင္းစား ေျခစြမ္းေတြကို ျပသထားတဲ့ ခံစစ္လူ ဒီလစ္ကို ဦးစားေပးခ်ိတ္ဆက္ေနခဲ့တာျဖစ္ပါတယ္။ ဒီလစ္ဟာ ပြဲကို တည္တည္ျငိမ္ျငိမ္နဲ႔ခ်ဥ္းကပ္တက္သူျဖစ္ျပီး၊ နည္းစနစ္ပိုင္ႏိုင္သူတစ္ဦးလည္းျဖစ္လို႔ ယူႏိုက္တက္ရဲ႕ယိုယြင္းေနတဲ့ေနာက္တန္းခံစစ္အတြက္ အသင့္ေတာ္ဆံုးနဲ႔ အလိုအပ္ဆံုး ကစားသမားပါပဲ။

လူညိဳေခ်ာ@SportsGAbar

unicode

ယူနိုက်တက်ကိုရပ်တန့်လို့မရတဲ့အသင်းအဖြစ်အသက်သွင်းဖို့ လိုအပ်တဲ့ကစားသမား(၃)ယောက်

ဒီနှစ်အပြောင်းအရွှေ့ကာလကတော့ မန်ချက်စတာယူနိုက်တက်အတွက် တကယ့်ကို အရေးကြီးတဲ့အချိန်အခါတစ်ခုပါပဲ။ အသင်းကို အသွင်သစ်နဲ့ ပြန်လည်တည်ဆောက်ရေးအတွက် နည်းပြအိုလေဂန်နာဆိုးလ်ရှားနဲ့အမှုဆောင်ချုပ် အက်ဝုဝက်တို့အလုပ်များရမယ့် ကာလတစ်ခုဆိုရင်လည်းမမှားပါဘူး။

ယူနိုက်တက်အနေနဲ့ ခရစ်စတယ်ပဲလေ့အသင်းက ဝမ်ဘစ်ဆာခါ၊ အေဂျက်နောက်ခံလူ ဒီလစ် နဲ့ လက်စတာစီးတီးတံတိုင်းကြီး မက်ဂွဲယား တို့လိုကစားသမားတွေကို ပစ်မှတ်ထားချိတ်ဆက်နေေပေမဲ့၊ ယူနိုက်တက်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီပြီး အမှန်တကယ်အကျိုးပြုနိုင်မယ့်ကစားသမား တစ်ချို့လည်း ရှိနေပါတယ်။ အဲဒီ့ကစားသမားတွေကတော့-

(၁) ဘရူနိုဖာနန်ဒက် (စပို့တင်းလစ္စဘွန်း)

မန်ယူနိုက်တက်ဟာ ဆွမ်ဆီးတောင်ပံကစားသမားလေး ဒန်နီရယ်ဂျိမ်းကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်သလို အင်္ဂလန်ကလာတဲ့သတင်းများအရ နောက်ထပ်ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေတဲ့သူကတော့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ပဲဖြစ်ပါတယ်။ ဥရောပအသင်းကြီးအချိုရဲ့ စောင့်ကြည့်ခြင်းခံနေရတဲ့ အသက်(၂၄)နှစ်အရွယ်ကစားသမားဟာ စပို့တင်းအတွက် (၅၃)ပွဲကစားထားခဲ့ပြီး (၃၂)ဂိုးသွင်းကာ၊ (၁၈)ကြိမ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အန်ဒါဟာရဲယားနဲ့ ဖယ်လိုင်နီတို့ထွက်ခွာသွားတဲ့အပြင် ပေါ့ဘာရဲ့အနာဂတ်ဟာလည်း ယူနိုက်တက်မှာ ဆက်ရှိဖို့ မသေချာတာကြောင့်၊ ကွင်းလယ်ပိုင်းအားလျော့သွားနိုင်တဲ့အတွက် ဆိုးလ်ရှားအနေနဲ့ ဖာနန်ဒက်ကို မရမက ခေါ်ယူသင့်နေတာပါ။

(၂) ရာဘီရော့ (ပီအက်စ်ဂျီ)

ပြင်သစ်ရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ရာဘီရော့ကို ဒီနွေမှာ အေလွတ်ပြောင်းရွှေ့ကြေးနဲ့ နဲ့ရရှိနိုင်မှာဖြစ်လို့ သူ့ကိုခေါ်ယူနိုင်မယ်ဆိုရင် ယူနိုက်တက်နေနဲ့ အသုံးစရိတ်ခြွေတာရာလည်းရောက်ပါလိမ့်မယ်။ ယူနိုက်တက်မှာနီမန်ဂျာမာတစ်က အသက်အရွယ်ရလာပြီဖြစ်တဲ့အတွက်ကြောင့် သူ့နေရာမှာအစားထိုးနိုင်ဖို့ ကွင်းလယ်ကို ထိန်းကျောင်းပေးနိုင်တဲ့ ရာဘီရော့က အသင့်တော်ဆုံးဖြစ်နေပါတယ်။ ယူနိုက်တက်အနေနဲ့ အခက်အခဲရှိနိုင်တဲ့အချက်က ရာဘီရော့ဟာ လီဗာပူးလ်အသင်းမှာ ကစားဖို့ ဆန္ဒရှိနေတယ်ဆိုတာပါပဲ။ ဒါပေမဲ့လည်း ယူနိုက်တက်ဘက်က ကစားသမားကျေနပ်လောက်တဲ့ လုပ်ခလစာပမာဏနဲ့ ကမ်းလှမ်းခဲ့ရင်တော့ ရာဘီရော့ကို ခေါ်ယူဖို့ဖြစ်နိုင်ပါလိမ့်မယ်။

(၃) ဒီလစ် (အေဂျက်)

အပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်အသည်းအသန်ကမ်းလှမ်းနေတဲ့ ကစားသမားတစ်ယောက်ရှိပါတယ်။ သူကတော့ အေဂျက်အသင်းရဲ့နယ်သာလန်နောက်ခံလူ ဒီလစ်ပဲဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့အားအနည်းဆုံးနေရာက နောက်တန်းဖြစ်တယ်ဆိုတာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုး (၅၄) ဂိုးခွင့်ပြုခဲ့ရတာက သက်သေပါပဲ။ ဒါကြောင့်လည်း ယူနိုက်တက်ဟာ နောက်တန်းမှာဦးဆောင်ကစားနိုင်မယ့် ဗဟိုခံစစ်မှူးတစ်ဦးကို အပူတပြင်းရှာဖွေနေတာဖြစ်ပြီး အေဂျက်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အကောင်းစား ခြေစွမ်းတွေကို ပြသထားတဲ့ ခံစစ်လူ ဒီလစ်ကို ဦးစားပေးချိတ်ဆက်နေခဲ့တာဖြစ်ပါတယ်။ ဒီလစ်ဟာ ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ချဉ်းကပ်တက်သူဖြစ်ပြီး၊ နည်းစနစ်ပိုင်နိုင်သူတစ်ဦးလည်းဖြစ်လို့ ယူနိုက်တက်ရဲ့ယိုယွင်းနေတဲ့နောက်တန်းခံစစ်အတွက် အသင့်တော်ဆုံးနဲ့ အလိုအပ်ဆုံး ကစားသမားပါပဲ။

လူညိုချော@SportsGAbar