နံနက်ပိုင်း အားကစားသတင်းတိုများ (၂၀.၁၂.၂၀၂၀)

ပါးမားကို ဝ-၄ နဲ့အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ သွင်းဂိုး (၂)ဂိုးပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ (၉)ပွဲကစား (၁၂)ဂိုးအထိသွင်းလာနိုင်ပြီဖြစ်ပြီး၊ ၃၅ နှစ်ဆိုတာ ကိန်းဂဏန်းတခုပဲဖြစ်ကြောင်း ရော်နယ်ဒိုက သက်သေပြနေပါတယ်။

အယ်ချီကို (၃-၁)နဲ့အနိုင်ရခဲ့တဲ့ အက်သလက်တီကိုရဲ့ပွဲစဉ်မှာ ဆွာရက်ဟာ တဦးတည်းနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နိုင်ပွဲကြောင့် အက်သလက်တို့ အမှတ်ပေးဇယားထိပ်ကို တက်လှမ်းလာနိုင်ခဲ့ပြီး၊ ၁၂ ပွဲပဲရှိသေးပေမဲ့ ၂၉ မှတ်နဲ့ ဇယားထိပ်ကနေ ဦးဆောင်နေပါတယ်။

လေဗာကူဆင်ကို (၁-၂)နဲ့ နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ပွဲမှာလည်း လီဝမ်ဒေါစကီးက အသင်းအတွက် (၂)ဂိုးလုံးကို ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ အနိုင်ဂိုးကို (၉၀+၃)မိနစ်မှာ သွင်းယူနိုင်ခဲ့ပြီး၊ ဘိုင်ယန်မြူးနစ်တို့ အမှတ်ပေးဇယားထိပ်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

မက်ဆီကို ပီအက်စ်ဂျီက ကမ်းလှမ်းဖို့ ပြင်ဆင်ထားတဲ့အတွက် တခြားအသင်းတွေ နောက်ဆုတ်သွားဖို့ရှိနေပေမဲ့ မန်စီးတီးအသင်းကတော့ ဆက်လက်ကမ်းလှမ်းသွားဦးမယ်လို့ သိရပါတယ်။ မက်ဆီဟာလာမယ့်နွေရာသီမှာ အသင်းကနေ အလွတ်ကြေးနဲ့ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။

ဗလင်ဆီယာကို (၂-၂)နဲ့ သရေကျသွားတဲ့ ဘာစီလိုနာအသင်းအတွက် မက်ဆီဟာ သွင်းဂိုးတဂိုးရယူပေးခဲ့ပါတယ်။ အဆိုပါဂိုးကြောင့် ကစားသမားဘ၀ သွင်းဂိုးစုစုပေါင်း ၆၄၃ ဂိုးရှိလာခဲ့ပါတယ်။ ဒါဟာ ကလပ်တသင်းတည်းအတွက် ကစားသမားတယောက်ကဂိုးအများဆုံးသွင်းထားတဲ့ ပီလီရဲ့စံချိန်ကို မီသွားတတာဖြစ်ပြီး၊ မက်ဆီ-ပီလီဟာ ကမ္ဘာ့ပူးတွဲအများဆုံးဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဂန္ဓဝင်ကြီး အလန်ရှီးယားက အဲဗာတန်ကို အာဆင်နယ် (၂-၁)နဲ့ရှုံးအပြီးမှာ ဒီနှစ်ရာသီအာဆင်နယ်ဟာ တန်းတင်ကျန်ဖို့ မသေချာဘူးလို့ ဝေဖန်လိုက်ပါတယ်။ အာဆင်နယ်တန်းဆင်သွားရနိုင်တယ်လို့ ဝေဖန်ထားပြီး၊ လက်ရှိခြေစွမ်းအတိုင်းသာဆို အာဆင်နယ်တို့ ဇယားအောက်ဆုံးမှာ ဆက်ရှိနေမယ်လို့ ဆိုခဲ့ပါတယ်။

AZ-SportsGabar