ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖြစ်မလားဆိုတဲ့ မေးခွန်းကို အဖြေပေးသွားတဲ့ မိုဆာလား

လီဗာပူးအသင်းရဲ့တိုက်စစ်မှူး မိုဆာလားတယောက် လတ်တလောမှာ အပြောင်းအရွှေ့သတင်းတွေ ထွက်နေပါတယ်။ ကလပ်နဲ့ ကစားသမားကြား ဘာစီလိုနာနဲ့ ရီးရဲလ်ဆီက ကမ်းလှမ်းမှုတချို့ရထားတယ်လို့ သိရပြီး၊ ကစားသမားကို ခေါ်ယူဖို့ လီဗာပူးနဲ့ ဆွေးနွေးထားပါတယ်။ ဒါပေမဲ့ အသင်းရဲ့တိုက်စစ်မှူး မိုဆာလားကတော့ ငြင်းပယ်သွားခဲ့ပါတယ်။

ဒိုင်ရာရီယို အေအက်စ်နဲ့ အင်တာဗျူးမှာ ဆာလားအနေနဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖြစ်မလားဆိုတဲ့ မေးခွန်းကို အခုလိုဖြေကြားခဲ့ပါတယ်။ ” ကျွန်တော်ကတော့ မက်ဒရစ်နဲ့ ဘာစီလိုနာက ထိပ်တန်းကလပ်ကြီးနှစ်ခုလို့ ထင်ပါတယ်။ အနာဂတ်မှာဘာတွေဖြစ်မလဲဆိုတာကို ဘယ်သူက သိမှာလဲဗျာ။ ဒါပေမဲ့ အခုချိန်မှာ ကျွန်တော် ပရီးမီးယားလိဂ်ကိုရဖို့ အာရုံစိုက်နေပါတယ်။”

” ချန်ပီယံလိဂ်ကိုလည်း လီဗာပူးနဲ့ နောက်တကြိမ်ထပ်ရဖို့ပေါ့။ အခုလိုမျိုး အသင်းပြောင်းဖြစ်မလား၊ အနာဂတ်မှာ ဘာစီ၊ ရီးရဲလ်ကို ပြောင်းဖြစ်မလားဆိုတာက တကယ့်ကို ခက်ခဲတဲ့မေးခွန်းပဲ။ ကျွန်တော် ပြောနိုင်တာတခုက အရာအားလုံးက ကလပ်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာပါ။ နောက်ပြီးတော့ ကျွန်တော်ကလည်း စံချိန်တွေကို ဒီမှာ ထပ်ချိုးချင်ပါသေးတယ်။’

” ကျွန်တော် ထပ်ပြောရရင် ကလပ်အားလုံးရဲ့ မှတ်တမ်းတွေကိုပါ။ ဒါပေမဲ့ အရာအားလုံးက တကယ့်ကို ကလပ်ရဲ့လက်ထဲမှာပဲ ရှိပါတယ်။ ” လို့ ဖြေကြားခဲ့ပါတယ်။ ဆာလားအနေနဲ့ (၂၀၁၇)မှာ စီးရီးအေကလပ် ရိုးမားကနေ လီဗာပူးကို ပြောင်းလာခဲ့သူပါ။ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်တွေကို ရယူခဲ့ပြီး၊ အီဂျစ်သားရဲ့ခြေစွမ်းဟာ ကမ္ဘာ့အဆင့်ကိုရောက်လာခဲ့ပါတယ်။

အရွယ်ကလည်းကောင်းတဲ့အပြင် ခြေစွမ်းကလည်း အစွမ်းကုန်မြင့်တက်နေတဲ့ အနေအထားတခုမှာ ဘာစီ၊ ရီးရဲလ်တို့က ဆာလားကို ဈေးကောင်းပေးခေါ်ဖို့ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ဆာလားကတော့ သူအသင်းမှာ ဆက်ရှိတာမရှိတာဟာ ကလပ်ရဲ့လက်ထဲမှာပဲ ရှိတယ်လို့ဆိုလိုက်ပြီး၊ အရာအားလုံးဟာ ကလပ်အပေါ် မူတည်တယ်လို့ပဲ ဆိုသွားခဲ့ပါတယ်။

AZ-SportsGabar