ဘွန်ဒက်လီဂါကစားသမားအယောက် (၂၇၀)က ရွေးချယ်ပေးလိုက်တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား

ဂျာမန် ဘွန်ဒက်လီဂါမှာ ကစားနေတဲ့ ပရော်ဖက်ရှင်နယ်တွေကို စစ်တမ်းကောက်ယူထားတဲ့ စစ်တမ်းတခုက ပရိသတ်တွေကို စိတ်ဝင်စားစေပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ကစားသမားတွေကိုယ်တိုင်က သတ်မှတ်ပေးထားတဲ့ စစ်တမ်းတခုပါ။ ဂျာမန် Kicker သတင်းဌာနကနေ ဘွန်ဒက်လီဂါဘောလုံးသမား အယောက် (၂၇၀)ကိုစစ်တမ်းကောက်ထားတာဖြစ်ပါတယ်။

အံ့အားသင့်ဖွယ်ရာကောင်းလောက်အောင်ကိုပဲ ဂျာမန်ဘောလုံးသမားတွေအများစုက မက်ဆီကို မဲပေးရွေးချယ်ခဲ့ပါတယ်။ ရာခိုင်နှုန်းအပြတ်အသတ်နဲ့ကို မက်ဆီကို ချွင်းချက်မရှိရွေးခဲ့ပြီး၊ ဦးစားပေးစာရင်း ငါးယောက်ထဲမှာ အခုလို ထိပ်ဆုံးကဦးဆောင်စေခဲ့ပါတယ်။ (၁)မက်ဆီ- ၅၄.၈ ရာခိုင်နှုန်း၊ (၂)ရော်နယ်ဒို- ၁၂.၆ ရာခိုင်နှုန်း၊ (၃)လီဝမ်ဒေါစကီး- ၁၀.၇ ရာခိုင်နှုန်း၊

(၄)ဗန်ဒိုက်-၄.၄ရာခိုင်နှုန်း၊ (၅)ကိုင်လီ အမ်ဘာပေ- ၄.၄ရာခိုင်နှုန်း တို့ပါ။ မဲရလဒ်အပြတ်အသတ်နဲ့ကိုဦးဆောင်ခဲ့စေပါတယ်။ ဒါတင်မကေသေးပါဘူး။ တခြားကဏ္ဍတွေ ရွေးချယ်ရာမှာလည်း ဘွန်ဒက်လီဂါကစားသမားတွေက သူတို့ကစားနေတဲ့လိဂ်ထက် တခြားဥရောပနိုင်ငံတွေက အရာတွေကိုပဲ အခုလို ထပ်ရွေးချယ်ခဲ့ပါတယ်။

အကောင်းဆုံးနည်းပြ- ၁- ကလော့ပ်-၇၄.၈ ရာခိုင်နှုန်း၊ ၂- ဂွါဒီယိုလာ- ၁၃ ရာခိုင်နှုန်း၊ ၃- ဟန်စီဖလစ်- ၄.၈ ရာခိုင်နှုန်း၊ အကောင်းဆုံးလိဂ်- ပရီးမီးယားလိဂ် ၇၄.၄ ရာခိုင်နှုန်း၊ ဘွန်ဒက်လီဂါ- ၁၇.၈ ရာခိုင်နှုန်း၊ လာလီဂါ – ၅.၆ ရာခိုင်နှုန်း၊ တို့ပါ။ အခုလိုရွေးချယ်တာတွေက ပရီးမီးယားလိဂ်ဟာ အကောင်းဆုံးမန်နေဂျာတွေနဲ့ အကောင်းဆုံးနည်းပြတွေရှိနေတယ်လို့ ပြသနေပါတယ်။

ဒါပေမဲ့ ဘွန်ဒက်လီဂါကနေလည်း အခုလိုရွေးပေးခဲ့ပါတယ်။ အကောင်းဆုံးဂိုးသမား- ၁ -နူအာ- ၃၅.၂ ရာခိုင်နှုန်း၊ ၂- ယန် ဆွန်မာ – ၂၃.၇ ရာခိုင်နှုန်း၊ ၃- ဂူလက်ဆီ- ၁၀.၇ ရာခိုင်နှုန်းတို့နဲ့ပါ။ ဂိုးသမားတွေကိုတော့ သူတို့ရင်ဆိုင်နေရတဲ့အထဲကပဲ အကောင်းဆုံးတွေအဖြစ်ရွေးပေးခဲ့ပါတယ်။ မျှတတဲ့ သဘောတွေပါတဲ့အတွက် ဘွန်ဒက်လီဂါကစားသမားတွေရဲ့ ရွေးချယ်မှုကစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

AZ-SportsGabar