နံနက်ပိုင်း အားကစားသတင်းတိုများ (၁၉.၁၁.၂၀၂၀)

ဂျာမန်ဘွန်ဒက်လီဂါကလပ် ရှော်ကေးလ်အသင်းက အသင်းရဲ့နည်းပြချုပ်ဖြစ်တဲ့ မန်နူရယ် ဘာအန်ကို ခန့်အပ်ပြီး၊ (၇၉)ရက်အကြာမှာပဲ ပြန်ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။ (၂၈)ပွဲကစားပြီးချိန်မှာ တပွဲမှ နိုင်ပွဲမရှိသေးတဲ့ ရှော်ကေးလ်ဟာ နည်းပြ ဘာအန်လက်ထက် (၁၀)ပွဲမှာလည်း တပွဲမှ အနိုင်မရခဲ့တာကြောင့်ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေ နောက်ဆုံးအဆိုတင်သွင်းတဲ့ တပွဲကို လူစားလဲခွင့်ငါးယောက် ပယ်ချလိုက်တဲ့အပေါ် လီဗာပူးနည်းပြကလော့ပ်က ညည်းတွားခဲ့ပါတယ်။ လူစားလဲခွင့်ရရင် အကျိုးကျေးဇူးများမှာထက် ကစားသမားတွေဖက်ကို ပြန်ကြည့်ပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဝုဗ်အသင်းတိုက်စစ်မှူး ဂျင်မီနက်အနေနဲ့ ဒဏ်ရာကနေ အလျင်အမြန်သက်သာလာပြီးနောက်မှာ ဘောလုံးပြန်ကစားမယ့်ရက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ သိရပါတယ်။ လုံလောက်တဲ့အနားချိန်ပေးရဖို့ရှိနေတယ်လို့ နည်းပြက ပြောပါတယ်။

ဝက်စ်ဘရွန်းကို တာဝန်ယူလိုက်တဲ့ နည်းပြဆမ်အလာဒွိုက်စ်ကေ သူဟာ တန်းဆင်းတဲ့အသင်းတသင်းကို နည်းပြတဲ့မန်နေဂျာမျိုးမဖြစ်ချင်ဘူးလို့ သတိပေးလိုက်ပါတယ်။ တန်းတင်ကျန်အောင်ကြိုးစားမှာဖြစ်ပြီး၊ တခါမှတန်းမဆင်းဖူးတဲ့သူ့မှတ်တမ်းကို ဆက်ထိန်းသွားမယ်လို့ အာမခံခဲ့ပါတယ်။

ဖီဖာအကောင်းဆုံး ဘောလုံးကစားသမားဆုရခဲ့တဲ့ လီဝမ်ဒေါစကီးက သူ့ရဲ့ကစားသမားဘ၀ အိုင်ဒေါက သီယာရီ ဟင်နရီပါလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အခုလိုဆုရခဲ့တာဟာ ဟင်နရီရဲ့အကျိုးသက်ရောက်မှုတွေ အများကြီးပါခဲ့ပါတယ်လို့ အိုင်ဒေါကို လေးစားအားကျချက်တွေပြောကြားခဲ့ပါတယ်။

ယူနီယံဘာလင်ကို (၂-၁)နဲ့ ရှုံးနိမ့်သွားတဲ့ ဒေါ့မွန်အသင်းက သူတို့ကစားခဲ့တဲ့နောက်ဆုံးလေးပွဲမှာ တပွဲမှအနိုင်မရဖြစ်ခဲ့ပါတယ်။ ထူးဆန်းတာက အဆိုပါလေးပွဲလုံးဟာ ဟာလန်းဒဏ်ရာရပြီးနောက်ပိုင်း ကစားတဲ့လေးပွဲလုံး ဖြစ်နေခဲ့ပါတယ်။

တချိန်တည်းမှာပဲ အသင်းအတွက် ချေပဂိုးတဂိုးပြန်ရယူပေးခဲ့တဲ့ ဒေါ့မွန်ကစားသမားလေး မော်ကိုကိုဟာ ဘွန်ဒက်လီဂါသမိုင်းမှာ အသက်အငယ်ဆုံးဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီး၊ (၁၆)နှစ် (၂၈)ရက်နဲ့ ထိပ်တန်းအဆင့်ခြေစွမ်းကို ပြထားနိုင်ခဲ့ပါတယ်။

AZ-SportsGabar