အာဆင်နယ်ကလွဲလို့ အသင်းကြီးတွေ အခြေအနေကောင်းမယ်ဆိုတဲ့ လော်ရိုးရဲ့ week 14 ခန့်မှန်းချက်များ

ပရီးမီးယားလိဂ် အပတ်စဉ် (၁၃)ကတော့ ပရိသတ်တွေ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေနဲ့ ပြီးသွားခဲ့ပါပြီ။ အမှတ်ပေးဇယားကို လီဗာပူးတို့ဦးဆောင်လိုက်ပြီး၊ ချဲလ်ဆီး၊ စပါး၊ မန်စီးတီးတို့ အမှတ်တွေ ဆုံးရှုံးသွားတဲ့အတွက် အကြိတ်အနယ်ပြန်ဖြစ်လာပါတယ်။ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ အောက်မှာ သုံးရက်အကြာမှာပဲ အပတ်စဉ် ၁၄ က ရောက်လာခဲ့ပါပြီ။

အမှတ်လိုနေတဲ့အသင်းကြီးတွေ အချင်းချင်းတွေ့ကြမယ့်အပြင် အောက်ကနေ ရုန်းကန်နေတဲ့ အသင်းတွေရဲ့ ပေါက်ကွဲအားတွေကြောင့် ထုံးစံအတိုင်းရင်ခုန်မပျက်စေပါဘူး။ ဒီလို ရင်ခုန်မပျက်တဲ့ပွဲတွေကို အပတ်စဉ်ခန့်မှန်းနေကြဖြစ်တဲ့ ဘီဘီစီလော်ရိုးကနေ အစဉ်အလာမပျက်ထပ်ခန့်မှန်းပေးခဲ့ပါတယ်။ ရလဒ်တွေကတော့ စိတ်ဝင်စားစရာပါ။

စနေနေ့ပွဲစဉ်တွေဖြစ်တဲ့ ပဲလေ့စ်နဲ့ လီဗာပူးပွဲကိုတော့ (ဝ-၂)နဲ့ လီဗာပူးကို အနိုင်ပေးခဲ့ပါတယ်။ ပုံစံကောင်းတွေရနေတဲ့ ဆောက်သမ်တန်ကို ရင်ဆိုင်ကစားမယ့် မန်စီးတီးပွဲက (ဝ-၂)နဲ့ မန်စီးတီးနိုင်သွားမယ်ဆိုထားပါတယ်။ ပရိသတ်တွေ ခန့်မှန်းရခက်မယ့်ပွဲစဉ်လို့ဆိုရမယ့် အဲဗာတန်-အာဆင်နယ်ပွဲကို (၁-ဝ)နဲ့ အဲဗာတန်နိုင်မယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် အာဆင်နယ်အတွက်မလွယ်ပါဘူး။

နယူးကာဆယ် (၂-ဝ)ဖူလ်ဟမ် နဲ့ စနေ့အပိတ်ပွဲကို ခန့်မှန်းထားတဲ့အတွက် စနေပွဲတွေက အရှုံးအနိုင်ပြတ်သားမယ့် သဘောရှိပါတယ်။ စူပါဆန်းဒေးရဲ့ပရိသတ်အကြိုက်ပွဲတွေကိုတော့ ဘရိုက်တန် (၂-ဝ) ရှက်ဖီး၊ တော့တင်ဟမ် ၂-၀ လက်စတာ၊ မန်ယူ ၂-၁ လိဒ်၊ ဝက်စ်ဘရွန်း ၁-၁ ဗီလာ၊ ဘန်လေ ၁-၁ ဝုဗ်၊ ချဲလ်ဆီး (၂-ဝ) ဝက်စ်ဟမ်းနဲ့ ခန့်မှန်းပေးထားပါတယ်။

တနင်္လာနေ့လက်ကျန်ပွဲစဉ်တွေဖြစ်တဲ့ ဘန်လေနဲ့ ဝုဗ်ပွဲစဉ်ကိုတော့ (၁-၁)၊ ပြီးခဲ့တဲ့ပွဲစဉ်က ရှုံးထားတဲ့ ချဲလ်ဆီးက ဝက်စ်ဟမ်းကို (၂-ဝ)နဲ့ အနိုင်ရသွားမယ်လို့ ဆိုခဲ့ပါတယ်။ ရလဒ်တွေက အနိုင်ပြတ်သားတဲ့ပွဲစဉ်အများစုရှိနေပြီး၊ အာဆင်နယ်တသင်းတည်းကပဲ အသင်းကြီးတွေထဲမှာ ရှုံးသွားမယ်လို့ ခန့်မှန်းထားတဲ့အတွက် စိတ်ဝင်စားစရာပါ။ စောင့်ကြည့်ရမှာပါပဲ။

AZ-SportsGabar