တပွဲကိုလူစားလဲခွင့် (၃+၁) ဖြစ်သွားပြီဖြစ်တဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ရဲ့နောက်ဆုံးကြေညာချက်တခုလို့ဆိုရမယ့် ကြေညာချက်အသစ်ကို ဒီဇင်ဘာလ (၁၇)ရက်နေ့က အတည်ပြုခဲ့ပါတယ်။ ပွဲချိန်တွင်းလူစားလဲခွင့် တနေရာကို ဇန်နဝါရီလကစပြီး၊ ခွင့်ပြုပေးတော့မှာပါ။

concussion sub လို့ ခေါ်တဲ့ လူစားလဲခွင့်ကို ဘောလုံးပွဲဥပဒေရေးဆွဲတဲ့ IFAB ကနေ ရေးဆွဲပေးလိုက်ပါတယ်။ (၂၀၂၁)ကစလို့ အကျုံးဝင်မယ့် စည်းမျဉ်းက ” အကယ်လို့ ကစားသမား တယောက်ဟာ ဦးခေါင်းပိုင်းဒဏ်ရာရတာနဲ့ အပြီးသတ်လူစားလဲခွင့်ကို ပေးမှာဖြစ်ပါတယ်။ အသင်းမှာရှိသမျှ လူသုံးယောက်လုံးလဲပြီးရင်တောင်မှ ချွင်းချက်မရှိလူစားလဲနိုင်ပါတယ်။ ”

ဒီလို လဲပေးခွင့်ရတဲ့အတွက် တဖက်မှာ နည်းစနစ်ပိုင်း ကစားလို့ရသွားတဲ့အပေါ် နောက်ထပ်စည်းမျဉ်းသစ်လည်း ထပ်ထွက်လာပါတယ်။ ” ပြိုင်ဘက်အသင်းက ကစားသမားကလည်း တပြိုင်တည်းမှာ လူစားလဲခွင့်ရမှာဖြစ်ပါတယ်။ ဒီလိုလဲခွင့်ကို တဖက်အသင်းက ကစားသမား ဒဏ်ရာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လဲခွင့်ရမှာဖြစ်တဲ့အတွက် နည်းစနစ်အတင်အချလုပ်နိုင်မှာပါ။ ” လို့ဆိုထားပါတယ်။

ကွန်ကတ်ရှင်းဆပ် ကို တပွဲတည်းမှာ အသင်းတသင်းဟာ နှစ်ယောက်အထိ အများဆုံးလဲနိုင်တယ်လို့ သိရပါတယ်။ ဦးခေါင်းထိခိုက်ဒဏ်ရာ ကိစ္စရပ်ပွဲတပွဲတည်းမှာ နှစ်ကြိမ်အထိ ခွင့်ပြုနိုင်တဲ့အတွက် ကစားသမားတွေအတွက် ကျန်းမာရေးပိုင်းဆိုင်ရာကို ဦးစားပေးထားတယ်ဆိုနိုင်ပါတယ်။ တဖက်မှာလည်း ပြိုင်ဘက်အသင်းကလည်း နှစ်ကြိမ်လုံးမှာ တပြိုင်တည်းလူစားလိုက်လဲခွင့်ရမှာဖြစ်ပါတယ်။

ဒီလိုမျိုးတွေလုပ်ပေမဲ့ ပရီးမီးယားလိဂ်က တပွဲမှာလူစားလဲခွင့်ငါးယောက် စည်းမျဉ်းကိုတော့ ကန့်ကွက်ထားဆဲလို့ သိရပါတယ်။ ဒါကြောင့် ကွန်ကတ်ရှင်းဆပ်အပါ ပရီးမီးယားလိဂ်ရဲ့ လူစားလဲခွင့်ဟာ လိုအပ်ရင် (၃+၁)အထိပဲဖြစ်နေဦးမှာဖြစ်ပါတယ်။

AZ-SportsGabar