နံနက်ပိုင်း အားကစားသတင်းတိုများ (၁၈.၁၂.၂၀၂၀)

ရှက်ဖီးယူနိုက်တက်ကို (၂-၃)နဲ့အနိုင်ကစားခဲ့တဲ့ မန်ယူအသင်းရဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ တဦးတည်း (၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အထူးခြေစွမ်းပြကစားခဲ့ပြီး၊ ဒီရာသီပရီးမီးယားလိဂ်သွင်းဂိုး (၅)ဂိုးရှိလာခဲ့ပါတယ်။

မန်ယူကို ရှုံးနိမ့်သွားတဲ့ ရှက်ဖီးယူနိုက်တက်ကတော့ (၁၃)ပွဲကစားပြီးချိန်မှာ (၁)မှတ်နဲ့အတူ ရပ်တည်နေပါတယ်။ ဒီလိုရမှတ်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပထမဆုံးစံချိန်ဖြစ်ပြီး၊ (၁၃)ပွဲကစား (၁)မှတ်ရတာဟာ ရှက်ဖီးက ပထမဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါစကီးအနေနဲ့ ဖီဖာကပေးအပ်ချီးမြင့်တဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိခဲ့ပါတယ်။ နည်းပြဆုကို ကလော့ပ်၊ ဂိုးသမားဆုကို နူအာ၊ အလှဆုံးဂိုးကို ဆွန်ယောင်မင်တို့ အသီးသီးရခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ပညာရှင်တွေ ထောက်ပြတောင်းဆိုတာများနေတဲ့ ကွန်ကက်ရှင်း လူစားလဲမှု၊ တနည်း ဦးခေါင်းကို ပြင်းပြင်းထန်ထန်ထိမိလို့ ဘောလုံးဆက်မကန်နိုင်တာမျိုးဆိုရင် လူစားလဲသုံးယောက်နဲ့မဆိုင်ဘဲ သီးသန့်လူစားလဲတဲ့စနစ်ကို တရားဝင်သတ်မှတ်ပေးလိုက်ပြီလို့သိရပါတယ်။

အာဆင်နယ်အသင်းရဲ့ပစ်မှတ်ဖြစ်တဲ့ ဇိုဘိုဆလိုင်းကို ရက်ဘူးလ်ဆဲလ်ဘတ်အသင်းကနေ ရက်ဘူးလ်လစ်ဇစ်အသင်းက ၄ နှစ်ခွဲစာချုပ်နဲ့ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ကွင်းလယ်တိုက်စစ်မှာ ခြေစွမ်းကောင်းတွေပြနေတဲ့ ဇိုဘိုဆလိုင်းအနေနဲ့ ညီအစ်မကလပ်ချင်းပဲ ပြန်ရွေးချယ်သွားတဲ့တာဖြစ်ပါတယ်။

မန်ယူတိုက်စစ်မှူး ဝိန်းရွန်းနီက သူ့ရဲ့သားဖြစ်သူ ကိုင်ကို မန်ချက်စတာယူနိုက်တက် အသင်းနဲ့ စာချုပ်ချုပ်စေခဲ့ပြီလို့ သိရပါတယ်။ အသက် ၁၁ နှစ်အရွယ် ကစားသမားဟာ မန်ယူမှာ ကစားမှာဖြစ်ပြီး၊ အကယ်ဒမီပေါက်အဖြစ် ကြီးပြင်းတော့မှာဖြစ်ပါတယ်။

AZ-SportsGabar