၀က်စ်ဟမ်းအတွက် ချေပဂိုးကို ကစ်ပျောက်ဘိုင်စကယ်ဂိုးနဲ့ အရယူပေးခဲ့တဲ့ ဆီဘက်စတီယန်ဟောလာ

ခရစ္စတယ်ပဲလေ့စ်ကို သရေကျခဲ့တဲ့ ဝက်စ်ဟမ်းအသင်းရဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းကစားသမား ဟောလာဟာ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် (၅၅)မိနစ်အရောက် အသင်းဖော်က ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဟောလာတယောက် အားပါပြင်းထန်တဲ့ ဘိုင်စကယ်ကန်ချက်နဲ့ ဘားလျှော့ကန်ထည့်ခဲ့ပြီး၊ အရှိန်ပြင်းလွန်းလို့ ပဲလေ့စ်ဂိုးသမား ငုပ်တုပ်မေ့သွားခဲ့ပါတယ်။

ဒီဂိုးကို ဖြစ်လာဖို့ ညာခြမ်းကနေ အတွင်းပိုင်းကို ဝက်စ်ဟမ်းကစားသား ဆိုယူဆက်ဆွဲလာပြီး၊ ကွင်းလယ်က အသင့်လိုက်တဲ့ လာဇီနီကို ပြန်ချပေးခဲ့ပါတယ်။ ဧရိယာထိပ် ဖိုင်နယ်သာ့ဒ်ဇုန်ထဲမှာ ဘောလုံးရထားတဲ့ လာဇီနီဟာ ညာခြမ်းကနေ အိုဗာလက် တောက်လျှောက်ပါလာတဲ့ ကိုဖယ်ကို ဧရိယာထဲမှာပဲ ချပေးခဲ့ပြီး၊ ဧရိယာထဲကို ဖြတ်ပို့ဖို့ လုပ်ဆောင်စေခဲ့တာပါ။

အတော်လေးကို လွတ်လွတ်ကျွတ်ကျွတ်ကို ဖန်တီးခွင့်ရသွားတဲ့ ကိုဖယ်တယောက် အလိုက်သင့်ပဲ မပေးခဲ့ပြီး၊ ဂိုးရှေ့ကို ဖြတ်ပို့ခဲ့ပါတယ်။ ဧရိယာထဲ အသင့်စောင့်နေတဲ့ ဆီဘက်စတီယန် ဟောလာ ပိတ်သွင်းဖို့ ပြေးတက်သွားပေမဲ့ အနောက်ကိုခေါင်းဘောရောက်နေတဲ့ ဘောလုံးကြောင့် ခပ်မြန်မြန်ပဲ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဘိုင်စကယ်ကန်သွင်းနဲ့ အမိအရ လှမ်းပိတ်လိုက်ချိန်မှာ ကန်တန်ကောင်းအနေအထားနဲ့ ချိန်သားကိုက်သွားခဲ့ပါတယ်။ အားပါပြင်းထန်တဲ့ ဘိုင်စကယ်ကန်ချက်နဲ့ ဂိုးအဖြစ်ကို ပြောင်းသွားခဲ့ကာ ပဲလေ့စ်ဂိုးသမား ဂူအေ့တာတယောက် ဘာမှကို မမှန်းဆလိုက်နိုင်ဘဲ ဂိုးအဖြစ်ပြောင်သွားနိုင်လိုက်ပါတယ်။ တိုက်စစ်ဆင်ချိန် ၈ စက္ကန့်ပဲကြာခဲ့တဲ့အထိ အဖြစ်အပျက်က မြန်ဆန်လွန်းခဲ့တာပါ။

ဖရန့်ဖတ်ကနေ ဝက်စ်ဟမ်းကို ပေါင် ၄၅ သန်းနဲ့ရောက်လာတဲ့ ဟောလာတယောက် အခုလိုဂိုးသွင်းနိုင်ခဲ့တာကို နည်းပြမိုယက်စ်က စပါရှယ်ဂိုးလို့ချီးကျူးခဲ့ပြီး၊ သူ့ကစားသမားအတွက် အားရကျေနပ်ခဲ့ပါတယ်။ ဟောလာအနေနဲ့ အခုဂိုးကြောင့် ဝက်စ်ဟမ်းကို ရောက်လာအပြီးမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၇ ဂိုးရှိလာခဲ့ပြီဖြစ်ပါတယ်။ ဟောလာရဲ့ဂိုးကိုတော့ ပရီးမီးယားလိဂ်ရဲ့ ဒီတပတ်အလှဆုံးဂိုးအဖြစ်မကြာခင်မှာ ရွေးချယ်ခံရဖို့လည်း ရှိနေပါတယ်။

AZ-SportsGabar