နံနက်ပိုင်း အားကစားသတင်းတိုများ (၁၇.၁၂.၂၀၂၀)

ပီအက်စ်ဂျီနဲ့ လော်ရိယန့်တို့ကစားခဲ့တဲ့ ပွဲစဉ်မှာ (၂-ဝ)နဲ့အတူ ပီအက်စ်ဂျီတို့အနိုင်ရခဲ့ပါတယ်။ အပြာရောင် ဆံပင်ကေပြောင်းထားတဲ့ အမ်ဘာပေတဂိုးသွင်းယူနိုင်ခဲ့ပြီး၊ အဲဗာတန်ကနေ အငှားလာကစားနေတဲ့ မွိုက်စ်ကိန်းကလည်း တဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အမှတ်ပေးဇယားထိပ်က ဆိုစီဒက်ကို (၂-၁)နဲ့အနိုင်ယူလိုက်တဲ့ ဘာစီလိုနာကတော့ နှစ်သင်းကြားအမှတ်ကွာဟချက်ကို ကျဉ်းမြောင်းစေခဲ့ပါတယ်။ ပွဲစဉ်ရဲ့အနိုင်ဂိုးကို သွင်းနိုင်ခဲ့တဲ့ ဒီဂျောင်အနေနဲ့ ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အတ္တလန်တာကို (၁-၁)နဲ့ သရေကျခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ပွဲစဉ်မှာ ရော်နယ်ဒိုဟာ အသင်းအတွက် အနိုင်ဂိုးဖြစ်လာနိုင်တဲ့ ပင်နယ်တီကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့တဲ့ ဂျူဗင်တပ်ကစားသမား ချီဆာကတော့ ပထမဆုံး ဂျူဗင်တပ်သွင်းဂိုးဖြစ်ပါတယ်။

လီဗာပူး (၂-၁) စပါး ရလဒ်နဲ့ပွဲပြီးဆုံးခဲ့တာကြောင့် အမှတ်ပေးဇယားကို လီဗာပူးတို့ဦးဆောင်ခဲ့ပါတယ်။ စပါးနည်းပြ မော်ရင်ဟိုက သူတို့ဟာ ပိုကောင်းခဲ့ပေမဲ့ အရှုံးရလဒ်ကို ရခဲ့ပြီး၊ ပိုကောင်းတဲ့ အသင်းကရှုံးခဲ့တယ်လို့ ပွဲအပြီးမှာဆိုခဲ့ပါတယ်။

ဝုဖ်ဘတ်ကို (၂-၁)နဲ့ အနိုင်ရတဲ့ပွဲမှာ တဦးတည်း အနိုင်ဂိုးနှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ လီဝမ်ဒေါစကီးကတော့ ကစားသမားဘ၀ ဘွန်ဒက်လီဂါ (၂၅၀)ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ အခုလိုသွင်းနိုင်တာကြောင့် ဘွန်ဒက်လီဂါရဲ့ တတိယမြောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်လာပြီး၊ ဂတ်မူလာ၊ ဖစ်ရှာတို့နောက်မှာ ရပ်တည်နေပါတယ်။

ဆောက်သမ်တန်ကို (၁)ယောက်လျော့နဲ့ သရေကန်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ရှုံးပွဲတွေကနေ ပထမဆုံးပြန်ရုန်းထွက်လာနိုင်ခဲ့ပါတယ်။ (၁-၁)သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး၊ အားထားရတဲ့ နောက်ခံလူ ဂါဘရီရယ် နှစ်ဝါတနီနဲ့ထွက်သွားရတဲ့အတွက် အာဆင်နယ်တို့ နစ်နာမှုရှိခဲ့ပါတယ်။

AZ-SportsGabar