နံနက်ပိုင်း အားကစားသတင်းတိုများ (၁၆.၁၂.၂၀၂၀)

၀က်စ်ဘရွန်းနဲ့ မန်စီးတီးတို့ကစားခဲ့တဲ့ ပွဲစဉ်က (၁-၁)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ ဂွမ်ဒိုဂန် ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမဲ့ နောက်ခံလူ ရူဘင် ဒိုင်ယက်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းမှုနဲ့အတူ မန်စီးတီးတို့ ဦးဆောင်ဂိုးကို မထိန်းနိုင်ဘဲ သရေရလဒ်နဲ့ကျေနပ်ခဲ့ရပါတယ်။

အခုလို ကိုယ့်ဂိုးကိုယ်သွင်းခဲ့တာကြောင့် ပြိုင်ပွဲစုံ (၆၀၈)မိနစ်ဂိုးမပေးရတဲ့ စံချိန်ပျက်သွားခဲ့ပြီး၊ မန်စီးတီးရဲ့ ကလင်းရှစ်ပျက်သွားခဲ့ပါတယ်။ ဝက်စ်ဘရွန်းအနေနဲ့လည်း (၂၀၀၅)ခုနှစ်နောက်ပိုင်း မန်စီးတီးအိမ်ကွင်းမှာ ပထမဆုံးအကြိမ် သရေတမှတ်ခွဲယူနိုင်တဲ့ စံချိန်ကောင်းတချို့ရလာခဲ့ပါတယ်။

အခုလို စံချိန်ကောင်းတွေရလာခဲ့ပေမဲ့ နည်းပြဖြစ်သူ ဘီလစ်ကို ဝက်စ်ဘရွန်းဟာ ထုတ်ပယ်ဖို့ပြင်ဆင်ထားပြီလို့ သိရပါတယ်။ ဗုဒ္ဓဟူးနေ့မှာပဲ ဘီလစ်ကိုထုတ်ပယ်ကြောင်း သတင်းထုတ်ပြန်ဖို့ရှိနေပြီး၊ ရလဒ်ဆိုးရွားနေမှုကို ပြန်ကုစားဖို့ ပြင်ဆင်နေပါတယ်။

ဘီဘာလ်အိုအသင်းကို (၃-၁)နဲ့အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကတော့ ဘန်ဇီးမားရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ အနိုင်ရခဲ့ပါတယ်။ ဒီသွင်းဂိုးနှစ်ဂိုးကြောင့် အက်သလက်ဘီဘာလ်အို တသင်းတည်းကိုပဲသွင်းဂိုး (၁၃)ဂိုးရှိလာပြီး၊ ကျန်တဲ့ပြိုင်ဘက်အသင်းတွေထက် ဂိုးအများအပြားသွင်းထားနိုင်ခဲ့ပါတယ်။

ဝါဒါဘရီမင်အသင်းနဲ့ ဒေါ့မွန်အသင်းရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ (၁-၂)ရလဒ်နဲ့အတူ ဒေါ့မွန်အသင်းအနိုင်ရခဲ့ပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့ပြီးကတည်းက ပထမဆုံးအကြိမ်ပြန်အနိုင်ရခဲ့မှုဖြစ်ပြီး၊ ယာယီနည်းပြ အီဒင် တာဇစ်လက်ထက်ပထမဆုံးပွဲမှာပဲအနိုင်ရခဲ့တာဖြစ်ပါတယ်။

ဝုဗ်ကို (၂-၁)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြဖြစ်သူလမ်းပတ်က သူ့ကစားသမားတွေဟာ ပင်ပန်းနွမ်းနွယ်မှုဒဏ်ကို ခံစားနေရတယ်လို့ ပြောကြားခဲ့ပါတယ်။ ပွဲပန်းနေတဲ့ဒဏ်ကြောင့် အခုလိုမျိုး ရှုံးနိမ့်သွားခဲ့တာဖြစ်ပြီး၊ ဒီဇင်ဘာလထဲမှာပဲ ငါးပွဲဆက်ကစားခဲ့ရတဲ့အကျိုးဆက်တွေလို့ ဆိုခဲ့ပါတယ်။

AZ-SportsGabar