တေလာဆွစ်ဖ် အယ်ဘမ်ထုတ်တိုင်း တပွဲမှ မရှုံးသေးတဲ့ ကိုရင်သီယန်

ဘရာဇီးလ်ရဲ့ ဆာအိုပေါ်လိုမှာ တေလာဆွဖ်ရဲ့အရှိန်အဝါတွေ သက်ရောက်နေတဲ့ ကလပ်တခုရှိပါတယ်။ ကိုရင်သီယန်ဆိုတဲ့ ကလပ်အကြီးကြီးပါ။ လက်ရှိမှာ ‘Taylor Swift effect’ လို့ နာမည်ကျော်တဲ့ ကိစ္စရပ်တခု ကလပ်အပေါ် သက်ရောက်နေတဲ့အပြင် ဒီဖြစ်ရပ်ဟာ အံ့အားသင့်စရာကောင်းလောက်အောင်ကို (၁၅)နှစ်ကျော်အထိ မှန်နေခဲ့ပြီလို့ သိရပါတယ်။

ဒီကိစ္စကို စတင် တင်ပြခဲ့တဲ့သူက Timao Dados ဆိုတဲ့ တွစ်တာအသုံးပြုသူ တဦးကပါ။ သူတင်ပြခဲ့တာက တေလာဆွဖ်တယောက် သူ့သီချင်းအယ်ဘမ်တွေစထုတ်မယ့် ရက်တွေမတိုင်ခင်မှာကစားတဲ့ ကိုရင်သီယန်တဲ့ ဘောလုံးပွဲစဉ်တွေမှာ ကိုရင်သီယန်ဟာ တပွဲမှမရှုံးဖူးပါဘူး။ အယ်ဘမ်ထုတ်ပြီး ပတ်ချာလည် နှစ်ပွဲ၊ ခွနှစ်ပွဲ ဘယ်လိုပဲဖြစ်ဖြစ်ပါ။

(၂၀၀၆)ခုနှစ်ကတည်းက ဒီကိစ္စရပ်ဟာ စတင်ဖြစ်ပွားခဲ့ပါတယ်။ အယ်ဘမ် စုစုပေါင်း (၈)ချပ်ထုတ်ပြီးခဲ့ချိန်မှာ ကိုရင်သီယန်ဟာ (၁၆)ပွဲအထိ တချပ်ကို နှစ်ပွဲနှုန်းနဲ့ စုစုပေါင်း (၁၆)ပွဲအထိ လုံးဝရှုံးပွဲမရှိပါဘူး။ Timao Dados နောက်ဆုံးတင်ပြခဲ့တာက ဇူလိုင်လ (၂၅)ရက်နေ့ Folklore ဆိုတဲ့ အယ်ဘမ်မထွက်ခင်အထိပါ။

(၂၄)ရက် (၇)လပိုင်းမှာ အယ်ဘမ်ထွက်ခဲ့ချိန်၊ (၂၂)ရက်နေ့မှာ ကိုရင်သီယန်ဟာ ပါမဲရက်စ်ကို (၁-ဝ)နဲ့နိုင်ပါတယ်။ အယ်ဘမ်ထွက်ပြီး၊ (၂၆)ရက်နေ့မှာလည်း ပါမဲရက်စကို (ဝ-၁)နဲ့ပဲ ထပ်နိုင်ပါတယ်။ နောက်တော့ အခုနောက်ဆုံးပြီးခဲ့တဲ့ သောကြာနေ့မှာ တေလာဆွဖ်ဟာ Evermore ဆိုတဲ့ အယ်ဘမ်ကိုထပ်ထွက်ပါတယ်။

အမှတ်ပေးဇယားမှာ လိမ်ဖယ်လိမ်ဖယ်ဖြစ်နေတဲ့ ကိုရင်သီယန်ဟာ အံ့အားသင့်စရာကောင်းလောက်အောင်ကို (၁-ဝ)နဲ့ ဆာအိုပေါ်လိုကိုနိုင်ခဲ့ပြန်ပါတယ်။ အယ်ဘမ်ထွက်တာက ဒီဇင်ဘာ (၁၁)၊ ကိုရင်သီယန်က ထွက်ပြီးနောက်တရက်မှာကစားတဲ့ ဒီဇင်ဘာ (၁၄)ရက်ကပွဲမှာ အနိုင်ကန်ခဲ့တာပါ။ ဒီလိုနိုင်ပြီးချိန်မှာတော့ ကမ္ဘာ့မီဒီယာတွေကြား ရေပန်းစားလာပြီး၊ ကိုရင်သီယန်မှာ တေလာဆွဖ်သက်ရောက်မှုှရှိနေတယ်လို့ တင်စားကြပါတယ်။

ဒါမျိုးတွေက ဘောလုံးကမ္ဘာမှာ ရှားပါးဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဥပမာ-အာဆင်နယ်က ရမ်ဆေးဂိုးသွင်းရင် ကမ္ဘာကျော်တယောက်သေတာလိုမျိုးပါ။ အခုကိုရင်သီယန်ကတော့ တေလာဆွဖ်သာအယ်ဘမ်ထုတ်ရင် ခြေစွမ်းကျနေရင်တောင်မှ အသင်းကြီးလည်းမချန်အနိုင်ကန်နိုင်ပါတယ်။ တော်တော်ထူးဆန်းတဲ့ ကိစ္စရပ်ပါပဲ။

AZ-SportsGabar