ချဲလ်ဆီးလူငယ်အသင်းမှာ ဂိုးဖမ်းရင်း ဂိုးသမားဘဝကို ပြန်လာတဲ့ ပီတာချက်

ပရီးမီးယားလိဂ်ရဲ့ဂန္ဓဝင်ဂိုးသမားကြီးဖြစ်တဲ့ ပီတာချက်တယောက် မြက်ခင်းစိမ်းတွေပေါ် ပြန်လာခဲ့ပါတယ်။ ပြန်လာချိန်မှာ ကောင်းတဲ့ စွမ်းဆောင်ရည်မျိုးမဟုတ်ပေမဲ့ ပီတာချက်ရဲ့အသင်းကတော့ အနိုင်ရသွားခဲ့ပါတယ်။ ဝင်လာလာချင်း သုံးမိနစ်မှာပဲ ကလေးတွေလက်မှာ ပီတာချက်ဟာ တဂိုးအသွင်းခံလိုက်ရတယ်လို့ သိရပါတယ်။

ဒီပွဲကို ကစားချိန်မှာ ပီတာချက်ဟာ အနားယူပြီလို့ပြောခဲ့တဲ့ (၂၀၁၉)မေလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားခဲ့တာပါ။ ၁၈ လအကြာကွင်းထဲကို ပြန်ရောက်လာတဲ့ သူ့လက်စွမ်းက တပွဲလုံးမှာ (၂)ဂိုးအထိပေးခဲ့ရပါတယ်။ အကြောင်းက ချဲလ်ဆီးလူငယ်အသင်းဟာ စပါးလူငယ်အသင်းကို (၃-၂)နဲ့ အနိုင်ရခဲ့တာကြောင့်ပါ။

ပီတာချက်က အနားယူပြီးချိန်မှာ ချဲလ်ဆီးရဲ့တာဝန်ရှိသူတယောက်အနေနဲ့ ပြန်လာခဲ့ပါတယ်။ နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေရင်း နည်းပြလမ်းပတ်လက်ထက်အရောက်မှာ ဂိုးသမားကီပါ လက်စွမ်းမသေသပ်မှုတွေကြောင့် အရေးပေါ်အရန်တတိယဂိုးသမားအဖြစ် ပြန်လာခဲ့ပါတယ်။ ပြန်လာခဲ့ချိန်မှာ ပွဲထွက်ရတော့မယ့် အရိပ်အယောင်တွေအဖြစ် လူငယ်အသင်းမှာ ပြန်ပွဲထွက်လာခဲ့ရပါပြီ။

ချဲလ်ဆီးအတွက် ပီတာချက်နောက်ဆုံး ပွဲထွက်ခဲ့တဲ့အချိန်ကာလာက (၂၀၁၅)မေလ ဆန်းဒါလန်းကို (၃-၁)နဲ့နိုင်ခဲ့ပြီးတဲ့ပွဲမှာပါ။ နောက်တော့ ချဲလ်ဆီးကနေ စွန့်ခွာခဲ့ရချိန်မှာ အာဆင်နယ်ဆီကိုပြောင်းရွှေ့ခဲ့ပါတယ်။ ကစားသမားဘ၀ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်လေးလုံး၊ ချန်ပီယံလိဂ်တလုံးအပြင် ဖလားစုစုပေါင်း (၁၃)လုံးနဲ့ ဂန္ဓဝင်အဖြစ်ပါ မှတ်ကျောက်တင်နိုင်ခဲ့သူပါ။

ဒီနေ့ပွဲမှာလည်း လက်စွမ်းက သေသပ်တာမျိုးမဟုတ်ဘဲ ပထမတလုံးကလည်း သူ့ရဲ့အမှားကနေ ပေးလိုက်ရတဲ့ဂိုးဖြစ်ပြီး၊ ဒုတိယတလုံးကတော့ ဧရိယာထဲမှာ လာနေတဲ့ဘောလုံးကို နေရာမှားယူမိတာကနေ ပေးလိုက်ရတာပါ။ ချဲလ်ဆီးတိုက်စစ်က သုံးဂိုးပြန်သွင်းနိုင်ခဲ့လို့သာ ပီတာချက်ရဲ့အမှားတွေက တဖက်အသင်းရဲ့ ချေပဂိုးတွေပဲဖြစ်သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ပီတာချက်ပြန်လာပြီဆိုရမှာပါပဲ။

AZ-SportsGabar