နံနက်ပိုင်း အားကစားသတင်းတိုများ (၁၅.၁၂.၂၀၂၀)

လိုင်ယွန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရသွားတဲ့ ပီအက်စ်ဂျီကစားသမားနေမာဟာ ဘယ်ဖက်ဒူးဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ ချန်ပီယံလိဂ်မှာ ဘာစီလိုနာနဲ့တွေ့ဆုံတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်အထိ ပြန်ကောင်းလာဖို့မျှော်လင့်ထားပြီး၊ အတိအကျတော့ မသိရသေးပါဘူး။

ချဲလ်ဆီးဂိုးသမားကြီး ပီတာချက်ဟာ ချဲလ်ဆီးယူ၂၃ အတွက် ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးသမားအဖြစ်ပြန်လည်ပွဲထွက်ပါဝင်လာခဲ့ပါတယ်။ ဘောလုံးလောကကနေ အနားယူပြီလို့ ကြေညာပြီး၊ ၁၈ လအကြာမှာ ပြန်လည်ဝင်ကစားခဲ့တာလည်းဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းရဲ့ ဇန်နဝါရီအင်အားဖြည့်တင်းမှုအကြိုအနေနဲ့ မန်ယူအသင်းနောက်ခံလူလေး ဘရန်ဒန်ဝီလီယမ်ကို ချဉ်းကပ်နေတယ်လို့ သိရပါတယ်။ ကစားသမားကို အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်ထားပြီး၊ အငှားခေါ်ယူမှုနဲ့ ကနဦးစလာနိုင်တယ်လို့ဆိုပါတယ်။

ရလဒ်တွေဆိုးရွားလွန်းနေတာကြောင့် အသင်းပရိသတ်တွေရဲ့ဝေဖန်မှုကို ခံနေရပေမဲ့ အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးကတော့ အာတီတာဟာ တကယ်ကောင်းတဲ့ အလုပ်တခုကိုလုပ်ဆောင်နေတာဖြစ်တယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ အာတီတာအပေါ် ယုံကြည်မှုအပြည့်ရှိနေပြီး၊ အနာဂတ်တွေအတွက် ယုံကြည်တယ်လို့ ဆိုခဲ့ပါတယ်။

လန်ဒန်မြို့ခံကလပ်တွေဟာ ပရိသတ် (၂)ထောင်ဝင်ခွင့်ရနေတာကနေ အခုအချိန်မှာ ပရိသတ်ဝင်ခွင့်ပြန်ပိတ်သွားပြီလို့ သိရပါတယ်။ တိုင်ယာ (၃)ကိုပြန်ရောက်သွားတာကြောင့်ဖြစ်ပြီး၊ ထုံးစံအတိုင်း ပရိသတ်တွေပါမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

AZ-SportsGabar