ပရီးမီးယားလိဂ်ရဲ့တပတ်တာ အကောင်းဆုံးအသင်းမှာ ဘယ်သူတွေပါဝင်ခဲ့သလဲ

စပါး၊ လီဗာပူးတို့လို အမှတ်ပေးဇယားထိပ်မှာ အမှတ်လုနေတဲ့အသင်းတွေ သရေကျသွားချိန်မှာ ဒီတပတ်ရဲ့ပရီးမီးယားလိဂ်ဟာ ပြီးဆုံးခဲ့ပါပြီ။ အသင်းကြီးအများစု သရေရလဒ်တွေထွက်ပေါ်ခဲ့တဲ့အပြင် မထင်မှတ်ထားတဲ့ ရှုံးပွဲအဖြစ် အာဆင်နယ်-ဘန်လေ ပွဲစဉ်တွေလည်းရှိခဲ့တာက ပရိသတ်ကို ရင်ခုန်မှုအပြည့်ပေးနိုင်ခဲ့ပါတယ်။

အခုလို ပြီးဆုံးသွားချိန်မှာတော့ အပတ်စဉ်တင်ဆက်နေကြ အစီအစဉ်ဖြစ်တဲ့ တပတ်တာအကောင်းဆုံးအသင်း (TOTW)ကို တင်ဆက်ပေးဖို့ဖြစ်လာပါတယ်။ ဒီအစီအစဉ်ကိုတော့ ဘီဘီစီသတင်းဌာနရဲ့ သုံးသပ်သူ ဂါရတ်ခရွတ်ရွေးပေးနေတဲ့ အသင်းကနေ ပရိသတ်တွေကို တင်ဆက်ပေးသွားမှာပါ။ (၃-၄-၃) ကစားကွက်နဲ့ ခရွတ်ရွေးပေးခဲ့တဲ့ လူတွေက အခုလိုဖြစ်ပါတယ်။

ဂိုးသမားနေရာမှာ အက်စတွန်ဗီလာကို နိုင်ပွဲရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ မာတီနက်ဇ်၊ နောက်တန်းမှာ ဝက်စ်ဟမ်းရဲ့ အော့ဘွန်နာ၊ အဲဗာတန်ရဲ့ မိုက်ကယ်ကိန်း၊ အက်စတွန်ဗီလာရဲ့ ခွန်ဆာ၊ သုံးဦးနဲ့ ပွဲထွက်ခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာတော့ ရွေးချယ်မှု များပြားခဲ့ပါတယ်။ ဖူလ်ဟမ်ရဲ့ ရီးလ်ဒ်၊ ဆောက်သမ်တန်ရဲ့ ဝက်ပရိုစီ၊ လီဗာပူးရဲ့ ဟန်ဒါဆန်၊ လက်စတာရဲ့မက်ဒီဆင်တို့ပါ။

တိုက်စစ်ပိုင်းမှာတော့ နယူးကာဆယ်ရဲ့ ဝီလ်ဆင်၊ လက်စတာရဲ့ ဗာဒီ၊ ပဲလေ့စ်ရဲ့ အဇီး တို့က အသီးသီးနေရာယူသွားခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ လီဗာပူးပွဲစဉ်က အဓိက အားပြိုင်မှုလိုဖြစ်ခဲ့တဲ့ လွတ်ခ်မန်း၊ ရီးလ်ဒ်တို့ရဲ့ကွင်းလယ်ဟာ လီဗာပူးရဲ့ ဟန်ဒါဆန်၊ ဝှစ်ချ်နယ်ဒန်တို့ ဦးဆောင်တဲ့ကွင်းလယ်ကို ရုန်းပြသွားနိုင်ခဲ့တဲ့အပေး ခရွတ်က တဦးစီရွေးခဲ့ပါတယ်။

သုံးဂိုးပြတ်နဲ့လက်စတာရဲ့နိုင်ပွဲမှာ တဦးတည်းနှစ်ဂိုးသွင်းတဲ့ မက်ဒီဆင်၊ နောက်ထပ်ဂိုးရှင် ဗာဒီတို့ကိုလည်း အသင်းထဲထည့်ရွေးခဲ့ပါတယ်။ ပရိသတ်အကြိုက်နဲ့ထပ်တူကျတဲ့ ကစားသမားအချို့မပါခဲ့ပေမဲ့ ခရွတ်ရဲ့တပတ်တာအသင်းက စိတ်လှုပ်ရှားဖို့ကောင်းတာတော့ ငြင်းမရခဲ့ပါဘူး။

AZ-SportsGabar