ထမ်းစင်နဲ့ ထုတ်သယ်သွားရတဲ့အထိ ဒဏ်ရာအြခေအနေဆိုးသွားတဲ့နေမာ

လိုင်ယွန်အသင်းကို (ဝ-၁)နဲ့ ရှုံးနိမ့်သွားတဲ့ ပီအက်စ်ဂျီအသင်းရဲ့ပွဲစဉ်မှာ တောင်ပံကစားသမားဖြစ်သူ နေမာဟာ တဖက်က ကစားသမားနဲ့ထိခိုက်မိခဲ့ပြီး၊ ဒဏ်ရာပြင်းထန်လွန်းတာကြောင့် ထမ်းစင်နဲ့ထုတ်သယ်သွားရတဲ့အထိ အခြေအနေဆိုးသွားခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ပြီးနောက် နာကျင်လို့အော်ဟစ်နေခဲ့တဲ့အတွက် ဒဏ်ရာရသွားတဲ့ ဒူးဟာ အခြေအနေဆိုးရွားမှာကို ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။

ပွဲကစားချိန်ရဲ့နောက်ဆုံးမိနစ် နာကျင်အချိန်ပိုကို ရောက်နေခဲ့ချိန်မှာ လိုင်ယွန်ကွင်းလယ် ကစားသမား မန်ဒက်စ်နဲ့ နေမာတို့ ဘောလုံးရင်ဆိုင်တွေ့ခဲ့ကြပါတယ်။ နေမာကို တက်ကယ်ထိုးခဲ့တဲ့ မန်ဒက်စ်ရဲ့ လုပ်ရပ်ဟာ မလိုအပ်တဲ့သဘောသက်ရောက်ခဲ့ပြီး၊ လုံးထွေးသွားချိန်မှာ ခြေထောက်က ဥပဒေပသဘောမျိုး လိုက်နှောင့်ယှက်ခဲ့ပါတယ်။

ကန့်လန့်ခံသလိုဖြစ်သွားပြီးနောက်မှာ နေမာတယောက် ဒူးဒဏ်ရာရသွားခဲ့ပါတယ်။ လမ်းလျှောက်ဖို့တောင် မဖြစ်နိုင်တော့ချိန်မှာတော့ ကစားသမားကို ထမ်းစင်နဲ့ထုတ်သွယ်သွားခဲ့ကာ ပွဲကိုပြီးဆုံးစေခဲ့ပါတယ်။ မန်ဒက်ကိုတော့ ကနဦးမှာ အဝါကတ်ပြသထားပေမဲ့ VAR ပြန်ကြည့်ပြီးချိန်မှာ ရည်ရွယ်ချက်ရှိခဲ့တဲ့လုပ်ရပ်ပေါ်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီနည်းပြ သောမတ်တူချယ်ကတော့ လက်ရှိဖြစ်ရပ်မှာ နေမာဘာဖြစ်သွားလဲကို သိရဖို့ ဆေးအဖွဲ့ဆီကနေ စစ်ဆေးချက်ကို စောင့်ဆိုင်းရဦးမယ်လို့ပွဲအပြီးမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ” နေမာ့ကို ကြံ့ခိုင်ရေးနဲ့ ဆရာဝန်တွေနဲ့အတူ ထားထားပါတယ်။ ကျွန်တော်တို့သူ့ဆီက စစ်ဆေးချက်တွေရဖို့ မနက်ဖြန်တရက်တော့ စောင့်ရပါမယ်။” လို့ဆိုပါတယ်။

ရှုံးပွဲကြောင့် ပီအက်စ်ဂျီဟာ အမှတ်ပေးဇယားရဲ့အဆင့်သုံးကိုရောက်သွားပြီး၊ လိုင်လီ၊ လိုင်ယွန်တို့နောက်မှာရှိနေပါတယ်။ ဘာစီလိုနာကနေ ပီအက်စ်ဂျီကိုရောက်လာပြီးနောက်ပိုင်း လီဂူးဝမ်းသုံးလုံးဆက်တိုက်ရထားတဲ့နေမာအတွက် အခုလိုဒဏ်ရာအကြီးအကျယ်ရသွားတာက အသင်းကိုမကစားပေးနိုင်ဖို့ရှိနေပါတယ်။ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်မှာလည်းနေမာနဲ့အတူ ဗိုလ်လုပွဲအထိတက်ထားနိုင်တဲ့အသင်းဖြစ်ပါတယ်။

AZ-SportsGabar