နံနက်ပိုင်း အားကစားသတင်းတိုများ (၁၄.၁၂.၂၀၂၀)

လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ (ဝ-၁)နဲ့ရှုံးခဲ့တဲ့ ပွဲစဉ်အတွင်း ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ ပွဲချိန်တွင်းဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်တယ်လို့သိရပြီး၊ ဒဏ်ရာကြောင့် ကစားသမားဟာ ထမ်းစင်နဲ့ကို အပြင်ကိုထုတ်သွားခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

လီဗန်တေးကို (၁-ဝ)နဲ့ အနိုင်ရခဲ့တဲ့ ဘာစီလိုနာကတော့ အသင်းခေါင်းဆောင်မက်ဆီရဲ့ တလုံးတည်းသောအနိုင်ဂိုးနဲ့အတူ နိုင်ပွဲရလာခဲ့ပါတယ်။ နိုင်ပွဲကြောင့်အမှတ်ပေးဇယားရဲ့အဆင့် (၈)အထိတက်လာနိုင်ခဲ့ကာ ဇယားထိပ်က ဆိုစီဒက်နဲ့ ကိုးမှတ်အကွာကိုရောက်နေပါတယ်။

ဘန်လေကို အိမ်ကွင်းမှာပဲ (ဝ-၁)နဲ့ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ပွဲစဉ်မှာ အသင်းရဲ့ကွင်းလယ်လူ ဇာကာဟာ အနီကတ်ပြထုတ်ခံခဲ့ရပါတယ်။ ပြိုင်ဘက်ကွင်းလယ်လူကိုလည်ပင်းညစ်ခဲ့လို့ဖြစ်ပြီး၊ အခုပွဲစဉ်အရှုံးကြောင့် အာဆင်နယ်ဟာ သမိုင်းတလျှောက် အိမ်ကွင်းလေးပွဲဆက်ရှုံးပွဲနဲ့အတူ နှစ်ပေါင်း ၆၁ နှစ်အတွင်း ပမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရပါတယ်။

ဖူဟမ်ရဲ့ဦးဆောင်ဂိုးကို နောက်ကနေ အသည်းအသန်လိုက်ကစားခဲ့ရတဲ့ လီဗာပူးကတော့ ဆာလားရဲ့ပင်နယ်တီနဲ့အတူ သရေတမှတ်ရယူခဲ့ပါတယ်။ (၁-၁)နဲ့ပွဲပြီးဆုံးသွားခဲ့ပြီး၊ အမှတ်ပေးဇယားထိပ်ဆုံးတက်ခွင့်ကို ဆုံးရှုံးခဲ့ပါတယ်။

ဘရိုက်တန်ကို ဗာဒီ၊ မက်ဒီဆင်တို့ရဲ့ဂိုးတွေနဲ့အတူ အနိုင်ရခဲ့တဲ့ လက်စတာကတော့ အမှတ်ပေးဇယားရဲ့အဆင့် ၃ ကို (၂၄)မှတ်နဲ့အတူ တက်ရောက်လာနိုင်ခဲ့ပါတယ်။ ထိပ်ဆုံးက လီဗာပူး၊ စပါးနဲ့ (၁)မှတ်ပဲကွာတော့တဲ့ အချိန်ကိုရောက်လာပြီး၊ လက်စတာဟာ ဇယားထိပ်ကို ပုံမှန်အတိုင်းဆက်တက်နေပါတယ်။

ချဲလ်ဆီးမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကိုင်ဟာဗက်နဲ့ပတ်သက်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က အသင်းဟာ စိတ်ရှည်ရမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ကိုရိုနာာဗိုင်းရပ်ကူးစက်ပြီးကတည်းက ပွဲပြန်ထွက်ဖို့ရုန်းကန်နေရတဲ့ ဟာဗက်ရဲ့ ခြေစွမ်းကောင်းတွေပြန်ရဖို့ ကစားသမားကို အချိန်ပေးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

AZ-SportsGabar