(0-0) သရေရလဒ်နဲ့ထွက်ပေါ်ပြီးချိန်မှာ မန်ချက်စတာဒါဘီနှစ်သင်းရခဲ့တဲ့ စံချိန်များ

မန်ယူနဲ့ မန်စီးတီးတို့ မန်ချက်စတာဒါဘီအဖြစ်ကစားခဲ့တဲ့ ပွဲစဉ်ကတော့ (ဝ-၀)ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ပျင်းရိဖွယ်ကစားဟန်နဲ့ နှစ်သင်းလုံးဂိုးမပေးရရေးကိုဘဲ ဦးတည်ကစားသွားခဲ့ပြီး၊ သရေရလဒ်အတွက် ပြင်ဆင်ခဲ့ကြပါတယ်။ ဂိုးပေါက်တည်မှု (၂)ကြိမ်ပဲရှိခဲ့ချိန်မှာ နှစ်သင်းလုံးအတွက် ဦးတည်ချက်အတိုင်းအမှတ်မဆုံးရှုံးခဲ့တာကပဲ အခုလို စံချန်တွေထွက်လာခဲ့ပါတယ်။

-မန်ချက်စတာယူနိုက်တက်အနေနဲ့ မန်စီးတီးကိုရင်ဆိုင်ခဲ့တဲ့နောက်ဆုံး သုံးပွဲမှာ လုံးဝရှုံးပွဲမရှိခဲ့ပါဘူး။ (၂)ပွဲနိုင် (၁)ပွဲသရေနဲ့ (၂၀၁၆)ခုနှစ်နောက်ပိုင်း မန်စီးတီးကို သုံးပွဲဆက် ရှုံးပွဲမရှိရင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

-(၁၉၉၅) အောက်တိုဘာလ နောက်ပိုင်းမန်စီးတီးအသင်းကို ပထမဆုံးအကြိမ် သုံးပွဲဆက် ကလင်းရှစ်ရယူနိုင်ခဲ့ပါတယ်။ သုံးပွဲဆက်ပေးဂိုးမရှိတာမျိုးကို အဆိုပါအချိန်ပြီးကတည်းက လုပ်နိုင်ခဲ့ခြင်းမရှိဘဲ အခုမှသာသုံးပွဲဆက်နိုင်ခဲ့တာဖြစ်ပါတယ်။

-ယူနိုက်တက်ဟာ မန်စီးတီးကိုရင်ဆိုင်ပြီးချိန်မှာ အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်တာ သုံးပွဲရှိလာပြီဖြစ်ပါတယ်။ ဒါဟာမနှစ်ကရာသီမှာ တရာသီလုံးမှ နှစ်ပွဲတည်းဂိုးမသွင်းနိုင်ခဲ့တာနဲ့စာရင် တပွဲတောင် ပိုများနေခဲ့တဲ့ မှတ်တမ်းလို့ဆိုနိုင်ပါတယ်။

-မန်စီးတီးဟာ ယူနိုက်တက်နဲ့ပွဲမှာ ဂိုးပေါက်ကန်ချက် (၉)ကြိမ်ပဲရှိခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ တပွဲကို (၁၀)ကြိမ်အောက်လျော့တဲ့ ဂိုးပေါက်ကန်ချက်ရှိခဲ့တဲ့ နောက်ဆုံး လေးပွဲမှာ သုံးပွဲက အံ့အားသင့်ဖွယ်ရာဆိုသလို မန်ယူနဲ့တွေ့ဆုံခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။

-ထူးခြားချက်အနေနဲ့ မန်စီးတီးတောင်ပံ့ကစားသမား စတာလင်ဟာ မန်ချက်စတာဒါဘီပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့တာ (၁၇)ပွဲဆက်တိုက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာမန်ချက်စတာဒါဘီပွဲတွေတိုင်းမှာ တခါမှာဂိုးမသွင်းဘူးတဲ့စတာလင်အတွက် တွေ့ဆုံဖူးတဲ့ ပြိုင်ဘက်တွေထဲ အရှည်ကြာဆုံးဂိုးမဝင်တဲ့အသင်းလည်းဖြစ်လာပါတယ်။

AZ-SportsGabar