စီေရာ္နယ္ဒိုကိုရပ္တန္႔ပစ္ႏိုင္မယ္လို႔ယံုၾကည္ေနတဲ့နယ္သာလန္နည္းျပကိုးမန္း

ေပၚတူဂီနဲ႔နယ္သာလန္တို႔ေတြ႔ဆံုေနတဲ့ ေနရွင္လိဂ္္ ဗိုလ္လုပြဲမွာ ဗန္ဒိုက္နဲ႔ဒီလစ္တို႔ရဲ႕နယ္သာလန္ခံစစ္အတြဲအေနနဲ႔ ေပၚတူဂီတိုက္စစ္ကို ဦးေဆာင္လာမယ့္ စီေရာ္နယ္ဒိုကို ရပ္တန္႔ပစ္ႏိုင္လိမ့္မယ္လို႔ယံုၾကည္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္ (၃၄)ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ျပီးခဲ့တဲ့ဆီမီးဖိုင္နယ္ပြဲစဥ္မွာ သူ႔ရဲ႕ငယ္မူငယ္ေသြးကိုျပသခဲ့ျပီး၊ ဟက္ထရစ္သြင္းယူႏိုင္ခဲ့သလို အိမ္ကြင္းပရိသတ္ေ႔ရွေမွာက္မွာ ေနရွင္လိဂ္ဖလားၾကီးကို အရယူသြားဖို႔လည္း စိတ္ပိုင္းျဖတ္ထားပါတယ္။

နယ္သာလန္ေနာက္ခံလူ ဒီလစ္အေနနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ဂ်ဴဗင္တပ္အသင္းနဲ႔ေတြ႔ဆံုခဲ့စဥ္က စီေရာ္နယ္ဒိုနဲ႔ထိပ္တိုက္ရင္ဆိုင္ခဲ့ဖူးျပီး၊ ေအာင္ျမင္စြာထိန္းခ်ဳပ္ျပႏိုင္ခဲ့ပါတယ္။ ေနာက္တစ္ေယာက္ျဖစ္တဲ့ ဗန္ဒိုက္ကေတာ့ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲႏိုင္ခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ခံစစ္မွာ အဓိက ေက်ာက္ေဆာင္အျဖစ္ေျခစြမ္းျပႏိုင္ခဲ့သူပါ။ ဒါေၾကာင့္ ေပၚတူဂီတိုက္စစ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ နယ္သာလန္ေနာက္တန္းမွာ ဒီႏွစ္ဦးရဲ႕အခန္းက႑က လံုး၀အေရးပါေနတာသိသာပါတယ္။

ဒါနဲ႔ပက္သက္ျပီး နယ္သာလန္နည္းျပၾကီး ကိုးမန္းက-

” ေရာ္နယ္ဒိုကို ထိန္းခ်ဳပ္ႏိုင္တာ ဗန္ဒိုက္တစ္ေယာက္တည္းမကပါဘူး၊ ကြ်န္ေတာ္တို႔ ဆြစ္ဇာလန္မွာ ေပၚတူဂီနဲ႔ ေျခစမ္းပြဲကစားတုန္းက ဒီလစ္ကလည္း ေရာ္နယ္ဒိုကို ေကာင္းေကာင္းၾကီးရပ္တန္႔ႏိုင္ခဲ့ပါတယ္၊ ဒါေပမဲ့ ေရာ္နယ္ဒိုဟာ ထိပ္တန္းခံစစ္မွဴးေတြနဲ႔ ေကာင္းေကာင္းရင္ဆိုင္ႏိုင္သူပါ၊ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕အရည္အေသြးက အရမ္းျမင့္မားတယ္ေလ ” လို႔ေျပာၾကားသြားခဲ့ပါတယ္။

ကိုးမန္းရဲ႕နယ္သာလန္နဲ႔ အိမ္ရွင္ေပၚတူဂီအသင္းတို႔ဟာ ဒီေန႔ညမွာ ေနရွင္လိဂ္ဖလားဗိုလ္လုပြဲၾကီးကို ယွဥ္ျပိဳင္ကစားၾကေတာ့မွာျဖစ္ျပီး၊ စီေရာ္နယ္ဒို ဦးေဆာင္တဲ့ေပၚတူဂီအသင္းကပဲ ဂိုးေတြသြင္းျပီး အႏိုင္ရယူသြားမလား၊ ဒီလစ္နဲ႔ဗန္ဒိုက္တို႔ရဲ႕နယ္သာလန္ခံစစ္အတြဲကပဲ စီေရာ္နယ္ဒိုကို အေကာင္းဆံုးထိန္းခ်ဳပ္ျပီး၊ ေနရွင္လိဂ္ဆုဖလားၾကီးကို ကိုင္ေျမွာက္သြားႏိုင္မလားဆိုတာကေတာ့ စိတ္၀င္စားစရာေကာင္းေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

စီရော်နယ်ဒိုကိုရပ်တန့်ပစ်နိုင်မယ်လို့ယုံကြည်နေတဲ့နယ်သာလန်နည်းပြကိုးမန်း

ပေါ်တူဂီနဲ့နယ်သာလန်တို့တွေ့ဆုံနေတဲ့ နေရှင်လိဂ် ဗိုလ်လုပွဲမှာ ဗန်ဒိုက်နဲ့ဒီလစ်တို့ရဲ့နယ်သာလန်ခံစစ်အတွဲအနေနဲ့ ပေါ်တူဂီတိုက်စစ်ကို ဦးဆောင်လာမယ့် စီရော်နယ်ဒိုကို ရပ်တန့်ပစ်နိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းပြောကြားလိုက်ပါတယ်။

အသက် (၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သူ့ရဲ့ငယ်မူငယ်သွေးကိုပြသခဲ့ပြီး၊ ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို အိမ်ကွင်းပရိသတ်ေ့ရှမှောက်မှာ နေရှင်လိဂ်ဖလားကြီးကို အရယူသွားဖို့လည်း စိတ်ပိုင်းဖြတ်ထားပါတယ်။

နယ်သာလန်နောက်ခံလူ ဒီလစ်အနေနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ်အသင်းနဲ့တွေ့ဆုံခဲ့စဉ်က စီရော်နယ်ဒိုနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီး၊ အောင်မြင်စွာထိန်းချုပ်ပြနိုင်ခဲ့ပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ ဗန်ဒိုက်ကတော့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ခံစစ်မှာ အဓိက ကျောက်ဆောင်အဖြစ်ခြေစွမ်းပြနိုင်ခဲ့သူပါ။ ဒါကြောင့် ပေါ်တူဂီတိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ နယ်သာလန်နောက်တန်းမှာ ဒီနှစ်ဦးရဲ့အခန်းကဏ္ဍက လုံးဝအရေးပါနေတာသိသာပါတယ်။

ဒါနဲ့ပက်သက်ပြီး နယ်သာလန်နည်းပြကြီး ကိုးမန်းက-

” ရော်နယ်ဒိုကို ထိန်းချုပ်နိုင်တာ ဗန်ဒိုက်တစ်ယောက်တည်းမကပါဘူး၊ ကျွန်တော်တို့ ဆွစ်ဇာလန်မှာ ပေါ်တူဂီနဲ့ ခြေစမ်းပွဲကစားတုန်းက ဒီလစ်ကလည်း ရော်နယ်ဒိုကို ကောင်းကောင်းကြီးရပ်တန့်နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ရော်နယ်ဒိုဟာ ထိပ်တန်းခံစစ်မှူးတွေနဲ့ ကောင်းကောင်းရင်ဆိုင်နိုင်သူပါ၊ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အရည်အသွေးက အရမ်းမြင့်မားတယ်လေ ” လို့ပြောကြားသွားခဲ့ပါတယ်။

ကိုးမန်းရဲ့နယ်သာလန်နဲ့ အိမ်ရှင်ပေါ်တူဂီအသင်းတို့ဟာ ဒီနေ့ညမှာ နေရှင်လိဂ်ဖလားဗိုလ်လုပွဲကြီးကို ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပြီး၊ စီရော်နယ်ဒို ဦးဆောင်တဲ့ပေါ်တူဂီအသင်းကပဲ ဂိုးတွေသွင်းပြီး အနိုင်ရယူသွားမလား၊ ဒီလစ်နဲ့ဗန်ဒိုက်တို့ရဲ့နယ်သာလန်ခံစစ်အတွဲကပဲ စီရော်နယ်ဒိုကို အကောင်းဆုံးထိန်းချုပ်ပြီး၊ နေရှင်လိဂ်ဆုဖလားကြီးကို ကိုင်မြှောက်သွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။

လူညိုချော@SportsGabar