နံနက်ပိုင်း အားကစားသတင်းတိုများ (၁၃.၁၂.၂၀၂၀)

ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီက (၂-ဝ)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ (၂၀၁၆)ကတည်းက မက်ဒရစ်ဒါဘီကစားတိုင်း တပွဲမှမရှုံးသေးတဲ့ ရီးရဲလ်ဟာ အခုတခေါက်မှာလည်း အနိုင်ရခဲ့ပြီး၊ စံချိန်ကောင်းတွေကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။

မန်ယူနဲ့ မန်စီးတီး ကစားခဲ့တဲ့ မန်ချက်စတာဒါဘီက (ဝ-၀)နဲ့အတူ ပွဲပြီးဆုံးခဲ့ပါတယ်။ ခြေစွမ်းမြိုင်ဆိုင်တာမျိုးမရှိခဲ့ဘဲ ပထမတပိုင်းလုံးမှာ မန်စီးတီးကစားသမား မာရက်ဇ်ရဲ့ဂိုးပေါက်ကန်ချက်တခုတည်းကပဲ ဂိုးပေါက်တည်ချက်ရှိခဲ့တဲ့အထိပွဲက အေးဆေးခဲ့ပါတယ်။ တပွဲလုံးမှာလည်း လေးကြိမ်ပဲရှိခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကတော့ မန်စီးတီးနဲ့ပွဲအပေါ် အခုလိုမှတ်ချက်ပေးခဲ့ပါတယ်။ ” ကျွန်တော့်မန်ယူနည်းပြဘဝတလျှောက် မန်စီးတီးကိုရင်ဆိုင်ခဲ့စဉ်မှာ ဒီနေ့ပွဲဟာ ကျွန်တော်တို့ရင်ဆိုင်ဖူးသမျှထဲ အကောင်းဆုံးစွမ်းဆောင်ရည်ပါပဲ” လို့မှတ်ချက်ပေးခဲ့ပါတယ်။

ယူနီယံဘာလင်နဲ့ ဘိုင်ယန်မြူးနစ်တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာ ဘာလင်ရဲ့ဦးဆောင်ဂိုးကြောင့် ဘိုင်ယန်တို့နောက်ကလိုက်ကစားခဲ့ရပြီး၊ (၁-၁)သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ အခုလိုသရေကျခဲ့တာကြောင့် ဒုတိယနေရာက လစ်ဇစ်နဲ့ ဘိုင်ယန်ကြား အမှတ်ကွာဟချက်မရှိတော့ဘဲ ရမှတ်တူ (၂၄)မှတ်နဲ့ ဇယားထိပ်မှာရပ်တည်နေပါတယ်။

အဲဗာတန်နဲ့ ချဲလ်ဆီးတို့ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်ကတော့ (၁-ဝ)ရလဒ်နဲ့အတူ အဲဗာတန်တို့ အနိုင်ရခဲ့ပါတယ်။ ဆီဂတ်ဆန်ရဲ့တလုံးတည်းသော ပင်နယ်တီနဲ့အတူ အဲဗာတန်တို့အနိုင်ရခဲ့ပြီး၊ ချဲလ်ဆီးအသင်းကို ပရိသတ် (၂)ထောင်ပါတဲ့ အိမ်ကွင်းရှေ့မှာ အနိုင်ကစားနိုင်ခဲ့ပါတယ်။

စတုဂတ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားခဲ့တဲ့ ဒေါ့မွန်အသင်းကတော့ (၁-၅)ရလဒ်နဲ့အတူ ရှုံးနိမ့်ခဲ့ပါတယ်။ ရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်နဲ့ (၅)မှတ်အကွာအနေအထားကို ရောက်သွားပြီး၊ (၁၉)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် (၅)ကိုရောက်သွားခဲ့ပါတယ်။

AZ-SportsGabar