ဒီနှစ်ရာသီ ဥရောပထိပ်တန်းလိဂ်ငါးခုရဲ့ သွင်းဂိုးအများဆုံးပတ်သက်နိုင်တဲ့ ကစားသမား (၆)ယောက်

ဥရောပထပ်သီးလိဂ်တွေမှာ ဒီနှစ်အတွက် ထူးထူးခြားခြားခြေစွမ်းပြနေတဲ့ ကစားသမားတွေရှိနေပါတယ်။ တဦးတည်းဂိုးပါဝင်ပတ်သက်မှု အတော်လေးကိုများနေတဲ့ ကစားသမားမျိုးတွေဆိုလည်းမမှားပါဘူး။ ခြေစွမ်းအနေအထားကောင်းလွန်းနေချိန်မှာ ပွဲစဉ် (၁၀)လောက်ပွဲကစားပြီးကြပေမဲ့ ရပ်တန့်မရဖြစ်နေတဲ့ ကစားသမားတွေထဲက အသင်းကို အကျိုးပြုဆုံး ကစားသမား (၆)ယောက်ကို ဖော်ပြပေးထားပါတယ်။

(၁)ဟယ်ရီကိန်း- (၁၈)ဂိုး
စပါးတိုက်စစ်မှူးရဲ့တဦးတည်းဂိုးပါဝင်ပတ်သက်နှုန်းက (၁၈)ဂိုးအထိရှိနေပါတယ်။ သွင်းဂိုး (၈)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၀)ကြိမ်အထိရှိနေပြီး၊ ဥရောပမှာ လက်ရှိဂိုးအများဆုံး ပါဝင်ပတ်သက်ထားသူဖြစ်နေပါတယ်။

(၂)လီဝမ်ဒေါစကီး- (၁၆)ဂိုး
ဘိုင်ယန်မြူးနစ်ရဲ့ဂိုးသွင်းစက်က ဂိုးတင်မဟုတ်ဘဲ ဂိုးဖန်တီးမှုတွေနဲ့ပါ အကျိုးပြုထားပါတယ်။ (၁၂)ဂိုးသွင်း၊ (၄)ဂိုးဖန်တီးမှုနဲ့ ဘွန်ဒက်လီဂါမှာ ခြေစွမ်းပြနေသူပါ။ ချန်ပီယံလိဂ်သွင်းဂိုးတွေပါထပ်ပေါင်းရင် ဒီထပ်မကပါဘူး။

(၃)အမ်ဘာပေ – (၁၄)ဂိုး
ပီအက်စ်ဂျီရဲ့ လိပ်နင်ဂျာလေး အမ်ဘာပေကတော့ အခုအချိန်မှာ သွင်းဂိုး (၁၄)ဂိုးအထိ ပါဝင်ပတ်သက်ထားသူပါ။ (၁၀)ဂိုးအထိ သွင်းယူထားပြီး၊ ဂိုးဖန်တီးမှု (၄)ကြိမ်နဲ့ လက်ရှိမှာ အကောင်းဆုံးခြေစွမ်းပြနေပါတယ်။

(၄)ဆွန်ယောင်မင်- (၁၃)ဂိုး
စပါးအသင်းကပဲ နောက်ထပ်တိုက်စစ် ကစားသမားတဦးဖြစ်တဲ့ ဆွန်ယောင်မင်ကတော့ (၁၀)ဂိုးသွင်း (၃)ကြိ)မ်ပံ့ပိုးနဲ့အတူ ခြေစွမ်းပြထားပါတယ်။ ဒီထဲက ဂိုးအများစုဟာ ဟယ်ရီကိန်းနဲ့ပဲ အပြန်အလှန်အကျိုးပြုထားတဲ့ သွင်းဂိုးတွေဖြစ်ပါတယ်။

(၅)မူလာ – (၁၂)ဂိုး
ဘိုင်ယန်မြူးနစ်အသင်းကပဲ နောက်ထပ်တိုက်စစ်ကစားသမားဖြစ်တဲ့ မူလာကလည်း (၁၂)ဂိုးအထိရှိနေပါတယ်။ (၆)ဂိုးနဲ့ (၆)ကြိမ် ဖန်တီးမှုလုပ်ထားပြီး၊ သွင်းဂိုးအများစုကို လီဝမ်ဒေါစကီးနဲ့ ချိတ်ဆက်သွင်းယူထားပါတယ်။

(၆)ဟာလန်း- (၁၂)ဂိုး
ဒေါ့မွန်အသင်းရဲ့ ဟာလန်းကလည်း လက်ရှိမှာ လိဂ်ဂိုး (၁၂)ဂိုးအထိရှိထားပါဝင် ပတ်သက်ထားပါပြီ။ တဦးတည်း (၁၀)ဂိုးသွင်း (၂)ကြိမ်ပံ့ပိုးမှု လုပ်ထားပြီး၊ လက်ရှိဥရောပရဲ့ ထိပ်တန်းဂိုးပါဝင်ပတ်သက်သူတွေထဲမှာ နေရာယူထားပါတယ်။

AZ-SportsGabar