ဂိုး(၁၀၀)ပြည့်အမြန်ဆုံး ကစားသမားစာရင်းမှာ ကလပ်နှစ်ခုနဲ့ပါလာဖို့ နီးစပ်နေတဲ့ စီရော်နယ်ဒို

ပြီးခဲ့တဲ့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တွေ့ဆုံတဲ့ပွဲမှာ စီရော်နယ်ဒိုဟာ တဦးတည်းနှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဂိုးပြတ်နိုင်ပွဲတွေကို အသင်းအတွက်ဖန်တီးပေးနိုင်အပြီးမှာ ရော်နယ်ဒိုရဲ့တဦးတည်း ဂျူဗင်တပ်သွင်းဂိုးက (၇၇)ဂိုးအထိရှိလာခဲ့ပါတယ်။ ရီးရဲလ်ကနေ (၂၀၁၈)မှာပြောင်းလာခဲ့ပြီးနောက် နှစ်နှစ်အတွင်းမှာပဲ ဒီအရေအတွက် ပမာဏကိုရောက်လာခဲ့တာပါ။

ရော်နယ်ဒိုအနေနဲ့ (၇၇)ဂိုးပြည့်ဖို့၊ ပွဲစုစုပေါင်း (၉၉)ပွဲပဲကစားရပါသေးတယ်။ ပျှမ်းမျှတပွဲကို (ဝ.၇၈)ရှိတဲ့အတွက် ဒီနှုန်းထားအတိုင်းသွားမယ်ဆိုရင် (၁၂၈)ပွဲအရောက်မှာပဲ ရော်နယ်ဒိုဟာ ဂိုး(၁၀၀)ပြည့်သွားဖို့ရှိနေပါတယ်။ ဒီထက်လည်းစောနိုင်ပြီး၊ ရော်နယ်ဒိုရဲ့ခြေစွမ်းသာဆက်မှန်ခဲ့မယ်ဆိုရင် ဒီနှစ်ရာသီမှာကို ဂိုး(၁၀၀)ပြည့်သွားနိုင်ပါတယ်။

အဲဒီလိုပြည့်သွားခဲ့ရင်တော့ ရော်နယ်ဒိုရဲ့ဂိုးသွင်းစံချိန်တွေက သာမန်ကစားသမားတွေမလုပ်နိုင်တဲ့ အမြန်စံချိန်တွေထဲကို နှစ်ခုတောင်ဝင်လာတော့မှာပါ။ လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ ဂိုး(၁၀၀)ကို ကလပ်တွေနဲ့အမြန်ဆုံးသွင်းပြထားနိုင်သူက စီရော်နယ်ဒိုပါ။ ဂိုး(၁၀၀)ကို (၁၀၅)ပွဲထဲနဲ့ သွင်းထားပြီး၊ ကမ္ဘာ့အမြန်ဆုံးအဖြစ်နဲ့ အခုလို စံချိန်တင်ထားပါတယ်။

၁၀-အီတူး (ဘာစီ)-၁၅၄ပွဲ၊ ၉-အင်မိုဘိုင်း (လာဇီယို)-၁၄၇ပွဲ၊ ၈-ခရစ္စတီယန် ဗိုင်ရီ (အင်တာ)-၁၃၈ပွဲ၊ ၇-အမ်ဘာပေ(ပီအက်စ်ဂျီ)-၁၃၇ပွဲ၊ ၆-ရော်နယ်ဒို (ဘိုင်ယန်)-၁၃၆ပွဲ၊ ၅-ကာဗာနီ (နာပိုလီ)-၁၃၅ပွဲ၊ ၄-နစ္စတယ်ရွိုင်း (မန်ယူ)-၁၃၁ပွဲ၊ ၃-အီဗရာ ဟီမိုဗစ်ချ် (ပီအက်စ်ဂျီ)-၁၂၄ပွဲ၊ ၂- လူးဝစ်ဇ်ဆွာရက် (ဘာစီလိုနာ)-၁၂၀ပွဲ၊ (၁)စီရော်နယ်ဒို(ရီးရဲလ်မက်ဒရစ်)- ၁၀၅ပွဲ။

စီရော်နယ်ဒိုသာ (၁၂၈)ပွဲအနေအထားနဲ့ ဂိုး(၁၀၀)ပြည့်ခဲ့မယ်ဆိုရင် အဆင့် (၄)ချိတ်ပြီး၊ ရီးရဲလ်၊ ဂျူဗင်တပ်နှစ်သင်းလုံး ကမ္ဘာ့ဂိုး(၁၀၀)ပြည့်အမြန်ဆုံးစာရင်းမှာ ကလပ်နှစ်ခုနဲ့ပါလာမှာဖြစ်ပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင်တော့ ရော်နယ်ဒိုနာမည်နှစ်ခုနဲ့ ထိပ်တန်း (၁၀)ခုစာရင်းတခုကို ပရိသတ်တွေမြင်လာရဖို့ှရိနေပါတယ်။

AZ-SportsGabar