နံနက်ပိုင်းအားကစားသတင်းတိုများ (၁၂.၁၂.၂၀၂၀)

အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်ချ်ကတော့ သူအခုလိုမျိုးလုပ်ဆောင်ပြနေတာတွေကို မလုပ်ဆောင်နိုင်တော့တဲ့အထိ ဘောလုံးကစားသွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အနားယူဖို့အစီအစဉ်လုံးဝမရှိဘဲ အသင်းကကမ်းလှမ်းလာရင် လက်ခံသွားဖို့ အသင့်ပဲလို့ ဆိုခဲ့ပါတယ်။

လိဒ်ယူနိုက်တက်ကို (၁-၂)နဲ့အနိုင်ရခဲ့တဲ့ ဝက်စ်ဟမ်းကတော့ အမှတ်ပေးဇယားရဲ့ အဆင့်ငါးကို ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်ကတည်းက ဦးဆောင်ဂိုးပေးခဲ့ရပေမဲ့ နောက်ကနေ အနိုင်လိုက်ကစားခဲ့ပြီး၊ နိုင်ပွဲကြောင့် ရမှတ် (၂၀)နဲ့အတူ အမှတ်ပေးဇယားထိပ်ပိုင်းကိုတက်ရောက်လာနိုင်ခဲ့ပါတယ်။

လူမျိုးရေးခွဲခြားခံခဲ့ရတယ်ဆိုတဲ့ အစ္စတန်ဘူလ်လက်ထောက်နည်းပြ ဝီဘိုကတော့ ဒီဇင်ဘာ (၈)ရက်နေ့ကို သူအမြဲအမှတ်ရနေမှာဖြစ်တယ်လို့ ဖွင့်ဟလာပါတယ်။ ဒါပေမဲ့ အခုလိုအဖြစ်အပျက်ကြောင့်သူ့ကို လူတွေမှတ်မိနေတာမျိုးတော့ မဖြစ်ချင်ဘဲ ပုံမှန်ပဲဖြစ်ချင်တယ်လို့ ဝီဘိုကပြောကြားခဲ့ပါတယ်။


က
ချဲလ်ဆီးအသင်းရဲ့ လူငယ်တောင်ပံကစားသမားလေး အိုဒွိုင်းကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ဟာ ချိတ်ဆက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကစားသမားကိုရဖို့အတွက် ချဲလ်ဆီးကနေ လက်လွှတ်ဖို့ကြိုးပမ်းတဲ့အထိ စောင့်ဆိုင်းသွားမယ်လို့ ဘိုင်ယန်က အသံထွက်လာပါတယ်။

ချဲလ်ဆီးကစားသမား ကိုင်ဟာဗက်က သူဟာ ကိုဗစ် (၁၉)ကူးစက်ခံရချိန်မှာ သူများတွေထက် ပိုဆိုးခဲ့တာကြောင့် တကမ္ဘာလုံး ဒုက္ခရောက်နေမှုကို သူနားလည်မိကြာင်း ဝန်ခံခဲ့ပါတယ်။ နိုဝင်ဘာလကတည်းက ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ ဟာဗက်ဟာ လက်ရှိမှာ ကြံ့ခိုင်မှု ပြည့်ဝနေပေမဲ့ ပွဲထွက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

ဒီနှစ်ရာသီလာလီဂါမှာ ခြေမှန်မှန်နဲ့အမှတ်ပေးဇယားထိပ်ကို ရောက်နေတဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ပတ်သက်လို့ နည်းပြဇီဒန်းက အက်သလက်တီကိုဟာ လာလီဂါဖလားကို ရသွားနိုင်တဲ့အထိ ရေပန်းစားနေတယ်လို့ ဝန်ခံခဲ့ပါတယ်။

ပီအက်စ်ဂျီတောင်ပံကစားသမားနေမာ အနေနဲ့ အစ္စတန်ဘူလ်ပွဲမှာ သွင်းဂိုးတဲ့ ဟက်ထရစ်ကြောင့် ချန်ပီယံလိဂ်တပတ်တာအကောင်းဆုံး ကစားသမားဆု၊ ချန်ပီယံလိဂ် တပတ်တာအလှဆုံးဂိုးဆု နှစ်ဆုကို ပူးတွဲရရှိခဲ့ပါတယ်။

AZ-SportsGabar