စာချုပ်သက်တမ်းသာထပ်မတိုးရင် လာမယ့်ရာသီမှာ အလွတ်ကြေးနဲ့ရမယ့် ဥရောပထိပ်သီးကစားသမား အယောက် (၂၀)

အြပောင်းအရွှေ့ကာလတွေ မကြာခင်ရောက်လာဖို့ရှိနေပါတယ်။ လိုင်ယွန်နယ်မက်ဆီလို ကစားသမားတွေကအစ နှစ်ဝက်ပဲစာချုပ်ကျန်တော့မယ့် ကာလကို မကြာခင်ရောက်လာတော့မယ့်ကာလဆိုလည်းမမှားပါဘူး။ ကိုဗစ်ကပ်ရောဂါကြောင့် မလိုအပ်တော့တဲ့ ကစားသမားတွေကို အသင်းတွေက စာချုပ်တွေမချုပ်တော့ဘဲ ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်နေတဲ့ အချိန်မျိုးပါ။

ဒါကြောင့် ကစားသမားကောင်းတွေ အလွတ်ကြေးဖြစ်လာမယ့်အနေအထားတွေက အများအပြားဖြစ်လာပါတယ်။ ထရန်စဖာမားကတ်ကနေ ပြုစုပေးခဲ့တဲ့စာရင်းအရ စာချုပ်သက်တမ်းတနှစ်ကျန်နဲ့ ရာသီကုန်ရင်စာချုပ်အလွတ်ကြေးဖြစ်လာမယ့် ကစားသမားတွေအများကြီးရှိနေပြီး၊ အဲဒီထဲကမှ ပရိသတ်နဲ့ ရင်းနှီးပြီးသားကစားသမား အယောက် (၂၀)ကို ဖော်ပြပေးလိုက်ပါတယ်။

(၁)မက်ဆီ-ဘာစီလိုနာ၊ (၂)အလာဘာ-ဘိုင်ယန်၊ (၃)ဒွန်နာရမ်မာ-အေစီ၊ (၄)ဒီပေး-လိုင်ယွန်၊ (၅)အဂူရို-မန်စီးတီး၊ (၆)ဝှစ်ချ်နယ်ဒန်-လီဗာပူး၊ (၇)ဒီမာရီယာ-ပီအက်စ်ဂျီ၊ (၈)ဒရက်ဇလာ-ပီအက်စ်ဂျီ၊ (၉)ဂါစီယာ-မန်စီးတီး၊ (၁၀)ရီကွီပစ်-ဘာစီ၊ (၁၁)မစ်ခီတာရန်-ရိုးမား၊ (၁၂)ဂျူအန် ဘားနက်-ပီအက်စ်ဂျီ၊ (၁၃) လင်ဂတ်-မန်ယူ

(၁၄)ရာမို့စ်-ရီးရဲလ်၊ (၁၅)ဂျိုရှုဝါကင်း-ဘုန်းမောက် (၁၆)ဆီဘကတ်စတီယန် ဒရီရူစီ-ဇင်းနစ်၊ (၁၇)မူစတာဖီ-အာဆင်နယ်၊ (၁၈)ကာဗာနီ-မန်ယူ၊ (၁၉)ဘိုတန်-ဘိုင်ယန် (၂၀)မီလစ်ခ်-နာပိုလီတို့ဖြစ်ပါတယ်။ ပြောခဲ့တဲ့ ကစားသမား အယောက် (၂၀)က လက်ရှိကစားနေတဲ့ ထိပ်သီးအသင်းတွေနဲ့ စာချုပ်သက်တမ်း တနှစ်ပဲကျန်တော့တဲ့ ကစားသမားတွေပါ။

အသင်းတွေက စာချုပ်သက်တမ်းတိုးပေမဲ့ ငြင်းပယ်ထားတဲ့ကစားသမားတွေရှိသလို စာချုပ်သက်တမ်းမတိုးတော့တာ၊ မတိုးသေးတာတွေလည်းရှိတဲ့အတွက် အလွတ်ကြေးကနေ ပြောင်းရွှေ့ကြေးတွေပြန်များသွားနိုင်တဲ့ ကစားသမားတွေပါ။ ထိပ်တန်းအဆင့်တွေပဲဖြစ်တဲ့အတွက် အလွတ်ကြေးတွေနဲ့သာရခဲ့ရင်တော့ အသင်းတိုင်းအတွက် အကျိုးရှိတဲ့ ကစားသမားတွေပါပဲ။

Thu Yay – MMUN