ပရီးမီးယားလိဂ် Week 12 မှာအသင်းကြီးတွေနိုင်ပွဲရမယ်ဆိုတဲ့ လော်ရိုးရဲ့ခန့်မှန်းချက်များ

ဒီတပတ်ရဲ့ ပရီးမီးယားလိဂ်ခန့်မန်းချက်ပိုင်းဆိုင်ရာ အခန်းကဏ္ဍတွေကို ဘီဘီစီသတင်းဌာနရဲ့ ပွဲကြိုခန့်မှန်းသုံးသပ်သူ လော်ရိုးဆီကနေ တင်ဆက်ပေးမှာပါ။ Week 12 အဖြစ်ရောက်လာတဲ့ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်တွေမှာ မန်ချက်စတာဒါဘီလို ပွဲကြီးပွဲကောင်းတွေပါနေတဲ့အပြင် အမှားခံလို့မရတဲ့ အသင်းကြီးပွဲစဉ်တွေပါနေပါတယ်။

အထူးသဖြင့် လီဗာပူး၊ စပါးတို့လို အမှတ်ပေးဇယားထိပ်ဆက်တက်မယ့် အသင်းတွေနဲ့ အာဆင်နယ်တို့လို မဖြစ်မနေနိုင်ပွဲရှာရမယ့်အသင်းတွေပါနေတာက ပိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ ဒီနေအအထားကို လော်ရိုးကအခုလို ခန့်မှန်းချက်တွေ ထုတ်လာခဲ့ပါတယ်။ ပထမဆုံး သောကြာနေ့မှာ ကစားမယ့်ပွဲစဉ်တွေဖြစ်တဲ့ လိဒ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ပွဲစဉ်ကစပါတယ်။

လော်ရိုးကတော့ လိဒ် ၂-၀ ဝက်စ်ဟမ်းလို့ဆိုထားပါတယ်။ စနေနေ့မှာ ပရိသတ်တိုင်းစောင့်ကြည်မယ့်ပွဲစဉ်တွေထဲက ဝုဗ် ၁-၁ ဗီလာ၊ နယူး ၂-၀ ဝက်စ်ဘရွန်း၊ မန်ယူ ဝ-၂ မန်စီးတီး၊ အဲဗာတန် ဝ-၂ ချဲလ်ဆီးဆိုတဲ့ ခန့်မှန်းချက်တွေက ပရိသတ်တွေအတွက် ပြတ်သားလွန်းနေပြန်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျဆင်းနေတဲ့ ယူနိုက်တက်နဲ့မြို့ခံမန်စီးတီးပွဲမှာ မန်စီးတီးဂိုးပြတ်နိုင်မယ်ဆိုတာမျိုးပါ။

တနင်္ဂနွေနေ့ စူပါဆန်းဒေးပွဲတွေမှာတော့ သရေရလဒ်ကို မရှိဘဲ အရှုံးအနိုင်ပြတ်သားခဲ့ပြန်ပါတယ်။ ဆောက်သမ်တန် ၂-၀ ရှက်ဖီး၊ ပဲလေ့စ် ဝ-၂ ဝက်စ်ဟမ်း၊ ဖူဟမ် ဝ-၂ လီဗာပူး၊ အာဆင်နယ် ၂-၀ ဘန်လေ၊ လက်စတာ ၂-၀ ဘရိုက်တန်၊ ဆိုပြီးတော့ဖြစ်ပါတယ်။ အမှတ်လိုနေတဲ့ ထိပ်သီးအသင်းတွေ အကုန်လုံးကိုအမှတ်ပေးထားတဲ့ ခန့်မှန်းချက်တွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

လတ်တလောမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို စပါး၊ လီဗာပူးက ပူးတွဲအမှတ်နဲ့ဦးဆောင်ထားပြီး၊ ချဲလ်ဆီး၊ လက်စတာတို့က နောက်ကနေ ထပ်ကြပ်မကွာဖိအားလိုက်ပေးနေပါတယ်။ အမှတ်ကွာဟချက် ကျဉ်းမြောင်းလွန်းနေတဲ့အနေအထားတွေကြောင့် အရှုံးအနိုင်တပွဲစီက စကားပြောသွားမယ့်အပေါ် လော်ရိုးခန့်မှန်းချက်တွေက မှန်ကန်လာမလား စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။

AZ-SportsGabar