ဘာစီလိုနာဟာ ဒီရာသီမှာ ဖလားသုံးလုံးအထိရရှိနိုင်မယ့်အခွင့်အရေးကိုပိုင်ဆိုင်နိုင်ခဲ့ပေမယ့်လာလီဂါဖလားတစ်လုံးကိုသာရရှိနိုင်ခဲ့ပြီး၊ ချန်ပီလိဂ်ဆီမီးဖိုင်နယ်မှာ လီဗာပူးလ်ကိုရှု့းနိမ့်ပြီးထွက်ခဲ့ရသလို ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲမှာလည်း ဗလင်ဆီယာအသင်းကိုရှုံနိမ့်ခဲ့ပြီး ဖလားသုံးလုံးမျှော်လင့်ချက်တွေနဲ့ဝေးကွာခဲ့ရပါတယ်။
ဘာစီလိုနာရဲ့ဒီလိုရှုံးနိမ့်မှုတွေအပေါ်မှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက အသင်းရဲ့ကစားသမားအချှိုအပေါ်အပြစ်တင်လျက်ရှေိနေပြီး၊ အဲ့ဒီကစားသမားတွေထဲမှာ အသင်းရဲ့တောင်ပံကစားသမား ကော်တင်ဟိုနဲ့ ညာနောက်ခံလူ ဆီမီဒိုတို့ပါဝင်နေတာလည်းဖြစ်ပါတယ်။
unicode
မက်ဆီကြောင့် ဘာကာကနေထွက်ခွာမယ့် ဆီမီဒို
ဘာစီလိုနာအသင်းဟာ ကမ္ဘာ့အခမ်းအနားဆုံးအသင်းတွေထဲကတစ်သင်းဖြစ်တဲ့အတွက်ကြောင့် ဘာစီလိုနာမှာ ကစားခွင့်ရဖို့အခွင့်အရေးဟ ကစားသမားတိုင်းရဲ့အိပ်မက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် မက်ဆီလို ပါရမီရှင်ကစားသမားမျိုးနဲ့ကစားသမားတိုင်းကတွဲကစားခွင့်ရချင်ကြတာပါ။
ဒါပေမဲ့ ဘာစီလိုနာအသင်းရဲ့နောက်ခံလူ ဆီမီဒိုကတော့ မက်ဆီကြောင့် ဘာစီလိုနာအသင်းကနေထွက်ခွာတော့မယ်လို့သိရပါတယ်။ အာဂျင်တီးနားကြယ်ပွင့်မက်ဆီဟာ ဆီမီဒိုကိုအသင်းကနေထွက်ခွာဖို့ ဘာစီလိုနာအသင်းအပေါ် ဖိအားပေးနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆီမီဒို ကမပျော်မရွှင်ဖြစ်နေရတယ်လို့သိရပါတယ်။
မက်ဆီဟာ ညာနောက်ခံလူ ဆီမီဒိုနဲ့ကစးရတာအဆင်မပြေဖြစ်နေပြီး၊ ဆီမီဒိုရဲ့နေရာမှာ အစားထိုးဖို့ ဘိုင်ယန်မြုးနစ်နောက်ခံလူ ဂျိုရှုအာ ကင်မစ်ချ်ကိုခေါ်ယူဖို့ ဘာစီလိုနာကိုတွန်းအားပေးနေတယ်လို့သိရပါတယ်။ ဆီမီဒိုဟာ ဒီရာသီမှာ ဘာစီလိုနာအတွက်ပြိုင်ပွဲစုံ(၄၅)ပွဲပါဝင်ကစားပေးထားခဲ့ပြီး၊ သွင်းဂိုးတစ်ဂိုးနဲ့ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။
ဘာစီလိုနာဟာ ဒီရာသီမှာ ဖလားသုံးလုံးအထိရရှိနိုင်မယ့်အခွင့်အရေးကိုပိုင်ဆိုင်နိုင်ခဲ့ပေမယ့်လာလီဂါဖလားတစ်လုံးကိုသာရရှိနိုင်ခဲ့ပြီး၊ ချန်ပီလိဂ်ဆီမီးဖိုင်နယ်မှာ လီဗာပူးလ်ကိုရ့ှုးနိမ့်ပြီးထွက်ခဲ့ရသလို ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲမှာလည်း ဗလင်ဆီယာအသင်းကိုရှုံနိမ့်ခဲ့ပြီး ဖလားသုံးလုံးမျှော်လင့်ချက်တွေနဲ့ဝေးကွာခဲ့ရပါတယ်။
ဘာစီလိုနာရဲ့ဒီလိုရှုံးနိမ့်မှုတွေအပေါ်မှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက အသင်းရဲ့ကစားသမားအချိုှုအပေါ်အပြစ်တင်လျက်ရှေိနေပြီး၊ အဲ့ဒီကစားသမားတွေထဲမှာ အသင်းရဲ့တောင်ပံကစားသမား ကော်တင်ဟိုနဲ့ ညာနောက်ခံလူ ဆီမီဒိုတို့ပါဝင်နေတာလည်းဖြစ်ပါတယ်။
Sirဇော်ကြီး@SportsGabar