ထရိန်နင်ကို လာရောက်လည်ပတ်တဲ့အထိ အခြေအနေပြန်ကောင်းလာတဲ့ ဂျင်မီနက်ဇ်

ဝုဗ်အသင်းရဲ့တိုက်စစ်မှူး ဂျင်မီနက်ဇ်ဟာ ဦးခေါင်းခွံအက်ကွဲဒဏ်ရာကြောင့် ဆေးရုံမှာခွဲစိတ်ကုသမှုပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ဝုဗ်အသင်းရဲ့ထရိန်နင်ကို လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ကလပ်ရဲ့ ဗုဒ္ဓဟူးနေ့က ထရိန်နင်ကို လာရောက်လည်ပတ်ခဲ့တာဖြစ်ပြီး၊ အခြေအနေတွေအများကြီး တိုးတက်ကောင်းမွန်နေခဲ့ပါတယ်။

မက္ကဆီကိုလက်ရွေးစင် (၂၉)နှစ်သားအနေနဲ့ ဦးခေါင်းပိုင်းထိခိုက်မှု ဒဏ်ရာကို နိုဝင်ဘာ (၂၉)ရက်နေ့က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ရခဲ့ပါတယ်။ အာဆင်နယ် နောက်ခံလူ ဒေးဗစ်လူးဝစ်နဲ့ ဘောလုံးရင်ဆိုင်အလု ဦးခေါင်းမှာ ဒဏ်ရာရခဲ့ပြီး၊ ဆေးရုံတင်ခဲ့ရကာ ခွဲစိတ်ကုသမှု ချက်ချင်းခံယူခဲ့ရပြီးနောက်ပိုင်း အနားယူနေခဲ့ရပါတယ်။

ဝုဗ်အသင်းသားတွေက ဂျင်မီနက်ပြန်ကောင်းလာဖို့ နံပါတ် (၉)စာသားပါ တီရှပ်အမည်းတွေနဲ့ စည်းလုံးမှုကိုပြသကာ ကစားသမားအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။ အဲဒီအဖြစ်အပျက်ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ထရိန်င်ကိုလာခဲ့ပြီး၊ မန်နေဂျာ၊ အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့တွေကို တွေ့ဆုံကာ နှုတ်ဆက်ခဲ့ပါတယ်။ ဝုဗ်အသင်းသားတွေက ဗီလာနဲ့တွေ့မယ့် ပွဲအတွက်ပြင်ဆင်နေကြတာပါ။

ဆေးရုံကဆင်းခိုင်းလိုက်ပြီဖြစ်ပေမဲ့ ဦးခေါင်းခွံကွဲအက်ထားတဲ့အထိ ဒဏ်ရာဖြစ်တဲ့အတွက် ဘောလုံးကစားဖို့ အာမခံချက်တော့မရသေးပါဘူး။ ပရိသတ်တွေကတော့ ဂျင်မီနက်ဇ်အတွက် သူတို့ရဲ့အိမ်ကွင်း မိုလင်နက်ဇ်မှာ ပေါင် (၇၅၀၀)တန် အလံကြီးနဲ့ ဂုဏ်ပြုထားကြပြီး၊ မက်ဆေ့ချ်တွေ ထောင်ပေါင်းများစွာကိုလည်း နေကောင်းပါစေကြောင်း ကလပ်ကိုပို့ထားကြပါတယ်။

ဂျင်မီနက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက အဆင့် (၇)နဲ့ ဝုဗ်အသင်းရာသီအကုန်မှာ ရပ်တည်ခဲ့ချိန် တဦးတည်း (၁၇)ဂိုးအထိသွင်းကာ အကျိုးပြုထားခဲ့သူပါ။ ကလပ်ပေါင်းများစွာက ကမ်းလှမ်းခဲ့ပေမဲ့ ဝုဗ်မှာပဲဆက်နေဖို့ ရွေးချယ်ခဲ့ပြီး၊ ဒီရာသီမှာ လေးဂိုးအထိသွင်းထားပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဦးခေါင်းဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။

AZ-SportsGabar