နံနက်ပိုင်းအားကစားသတင်းတိုများ (၁၁.၁၂.၂၀၂၀)

စပါးအသင်းနည်းပြ မော်ရင်ဟိုက ရွိုင်ရယ် အန်တဝပ်ကို (၂-ဝ)နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ သူဟာအသင်းသားတွေ အားလုံးကို ပျော်ရွှင်အောင် မထားနိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ လိုအပ်ရင် အရန်စာရင်းမှာထားမှာဖြစ်တဲ့အတွက် ပွဲထွက်မပါရလို့ မပျော်ရွှင်နေတဲ့ ကစားသမားတွေရှိတယ်လို့ ဆိုလိုက်ပါတယ်။

ဒန်းဒေါ့ကို (၂-၄)နဲ့အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းကတော့ အုပ်စုတွင်း ရာနှုန်းပြည့် (၁၀၀)ရာခိုင်နှုန်း အနိုင်ရမှုနဲ့အတူ ယူရိုပါလိဂ်အုပ်စုက တက်ခဲ့ပါတယ်။ လူငယ်အများစုနဲ့ပဲပွဲထွက်ခဲ့ပြီး၊ အသင်းကြီး ကစားသမားတွေကို အနားပေးထားခဲ့ပေမဲ့ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းရဲ့တိုက်စစ်မှူးဖြစ်သူ ဂရေ့ဇ်မန်းအနေနဲ့ ဟာဝေးနဲ့စပွန်ဆာချိတ်ဆက်ထားမှုကို ကိုယ်တိုင်ကပဲ ဖြုတ်ချခဲ့ပါတယ်။ နိုင်ငံရေး ကိစ္စရပ်တွေကြောင့်လို့ ဂရေ့ဇ်မန်းကဝန်ခံခဲ့ပြီး၊ ဟာဝေးကတော့ ကစားသမားကိုယ်တိုင်က လက်တွဲဖြုတ်ချင်လို့ လုပ်ခဲ့တာလို့ပဲ ပြန်ဖြေရှင်းခဲ့ပါတယ်။

အီတလီ (၁၉၈၂)ကမ္ဘာ့ဖလားမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ပါအိုလို ရော့စီ (၆၄)နှစ်ဟာ ကွယ်လွန်သွားပြီလို့သိရပါတယ်။ အဆိုပါ ကမ္ဘာ့ဖလားရဲ့ ထိပ်တန်းသွင်းဂိုးရှင်အဖြစ်လည်း အောင်ပွဲခံခဲ့နိုင်တဲ့ ရော့စီ သေဆုံးကြောင်းကို မိသားစုကပဲ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဝုဗ်တိုက်စစ်မှူး ဂျင်မီနက်ဇ်တယောက်၊ ဦးခေါင်းဒဏ်ရာကြောင့် ထိခိုက်မှုအပြီး၊ ပထမဆုံးအကြိမ်အဖြစ် ထရိန်င်ကို လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ အခြေအနေတွေ တိုးတက်ကောင်းမွန်နေတဲ့အတွက် မကြာခင်မှာ ဘောလုံးကစားနိုင်မယ့်ရက်ကို ဝုဗ်ကထုတ်ပြန်သွားဖို့ ရှိနေပါတယ်။

နာပိုလီအသင်းကစားသမား လောရန်ဇိုအင်ဇိုင်းက အသင်းရဲ့ဂန္ဓဝင်မာရာဒိုနာ သေဆုံးမှုအပြီးမှာ ပေါင်ခြံတက်တူးပုံကို မာရာဒိုနာကို ထိုးခဲ့ပါတယ်။ မာရာဒိုနာကစားခဲ့တဲ့ ကလပ်တွေထဲက နာပိုလီဟာ ကွင်းအမည်ကို မာရာဒိုနာလို့ပါ အမည်ပြောင်းခဲ့တဲ့အထိ အသိအမှတ်ပြုခဲ့ပါတယ်။

AZ-SportsGabar