(၁၆)သင်းအဆင့်ကို တက်မတက်သိရဖို့ အိုင်ပတ်တလုံးနဲ့ ရင်ခုန်ခဲ့ရတဲ့ မိုချင်ဂလာဘတ်ကစားသမားများ

ရီးရဲလ်၊ မိုချင်ဂလာဘတ်၊ ရှက်တာဒိုးနက်၊ အင်တာမီလန်တို့ပါတဲ့ အုပ်စုက ဒရာမာဆန်ဆန်ပြီးသွားခဲ့ပါတယ်။ ရီးရဲလ်နဲ့ မိုချင်ဂလာဘတ်နှစ်သင်းက (၁၆)သင်းအဆင့်ကို တက်ရောက်သွားချိန်မှာ ရှက်တာဒိုးနက်နဲ့ အင်တာမီလန်က အုပ်စုပြုတ်သွားခဲ့ပြီး၊ ရှက်တာဒိုးနက်ကတော့ ယူရိုပါလိဂ်ကို ဆင်းသွားခဲ့ရပါပြီ။ ဒီအခြေအနေတွေကို မရောက်ခင်ကတော့ အုပ်စု (b)ဟာ ဘယ်သူတက်မယ်ဆိုတာမသိရသေးပါဘူး။

ရီးရဲလ်က မိုချင်ဂလာဘတ်ကို (၂-ဝ)နဲ့နိုင်သွားချိန်မှာ ရီးရဲလ်က (၁၀)မှတ်၊ မိုချင်ဂလာဘတ်က (၈)မှတ်နဲ့ရှိနေပါတယ်။ တဖက်မှာ ရှက်တာဒိုးနက်က (၇)မှတ်၊ အင်တာမီလန်က (၅)မှတ်နဲ့အသီးသီးရှိနေပြီး၊ အုပ်စုဒုတိယဟာ ဘယ်သူဖြစ်မလဲကို မသိရသေးပါဘူး။ တသင်းသင်းအနိုင်ရတာနဲ့ မိုချင်ဂလာဘတ်ပြုတ်သွားဖို့ရှိနေတဲ့အနေအထားကိုရောက်နေတာကြောင့်ပါ။

ဒါပေမဲ့ ကံကြမ္မာက မိုချင်ဂလာဘတ်ဖက်မှာ ရှိနေခဲ့ပါတယ်။ ရှက်တာနဲ့ အင်တာက (ဝ-၀)သရေကျသွားပြီး၊ ရှက်တာ (၈)မှတ်၊ အင်တာ (၆)မှတ်နဲ့ ဖြစ်သွားပါတယ်။ ရှက်တာဒိုးနက်ကို ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရထားတဲ့အတွက် (၈)မှတ်ချင်းအတူတူ မိုချင်ဂလာဘတ်တို့တက်သွားခဲ့ပါတယ်။ အခုလိုမတက်ခင်မှာ မိုချင်ဂလာဘတ်အသင်းသားတွေရဲ့ရင်ခုန်သံက အမြန်ဆုံးဖြစ်နေခဲ့မှာပါ။

ရီးရဲလ်ကို ရှုံးပြီးတာကို သိတာနဲ့ မိုချင်ဂလာဘတ်မှာ လုပ်စရာမရှိတော့ပါဘူး။ တဖက်မှာပွဲပြီးဖို့ နည်းနည်းလိုသေးတဲ့ အင်တာပွဲကို အိုင်ပတ်ကနေကြည့်ခဲ့ပြီး၊ ဘယ်အသင်းမှမဂိုးဖို့က အရေးကြီးနေပါတယ်။ လက်ကျန်မိနစ်နည်းနည်းတွေကို တသင်းလုံးဝိုင်းကြည်နေတဲ့အပြင် လက်ရှိဖြစ်နေတဲ့အတိုင်း (ဝ-၀)နဲ့ ပွဲပြီးသွားဖို့ အရေးကြီးနေပါတယ်။

ဂိုးနားမှာ တဝဲလည်လည်ဖြစ်နေချိန်မှာ ရင်ခုန်သံတွေ အမြင့်ဆုံးရောက်နေခဲ့ပါပြီ။ နောက်ဆုံးကန်ချက်တခု ဂိုးဘေးကနေ ထွက်သွားချိန်၊ ဒိုင်က ဝီဇီမှုတ်လိုက်ချန်မှာတော့ တသင်းလုံးထခုန်ခဲ့ပြီး၊ သူတို့အုပ်စုတက်သွားတာကို ပျော်ရွှင်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ကို ရုပ်သံကင်မရာတွေကနေ တောက်လျှောက်ရိုက်ထားခဲ့ကာ ပွဲပြီးပေမဲ့ ပွဲမပြီးသေးတဲ့ မိုချင်ဂလာဘတ်အသင်းသားတွေဆိုပြီး၊ တင်စားခဲ့ပါတယ်။

မိုချင်ဂလာဘတ်ရဲ့ဒရာမာဆန်ဆန်တက်သွားတဲ့ အဖြစ်အပျက်မှာ ရှက်တာဒိုးနက်က အရေးပါခဲ့တယ်လို့ဆိုနိုင်ပါတယ်။ နှစ်ကျော့လုံးကို အရှုံးပေးခဲ့တဲ့အပြင် နောက်ဆုံးအင်တာနဲ့ပွဲမှာ အနိုင်ရရင်လည်း တက်နိုင်ပေမဲ့ သရေကန်သွားခဲ့ပါတယ်။ မိုချင်ဂလာဘက်ကတော့ ရှက်တာကိုအနိုင်နိုင်ပွဲ၊ ရီးရဲလ်၊ အင်တာကို သရေတပွဲစီနဲ့ တက်သွားခဲ့ပြီး၊ နောက်ဆုံးမိနစ်အထိ ပရိသတ်တွေကို ဖျော်ဖြေမှုပေးသွားနိုင်ခဲ့ပါတယ်။

AZ-SportsGabar