အသင်းသမိုင်းတလျှောက် အသက်အငယ်ဆုံးအသင်းကို ပွဲထုတ်ခဲ့တဲ့ လီဗာပူး

ချန်ပီယံလိဂ်အုပ်စုမှာ အမှတ်မလိုတော့တဲ့ လီဗာပူးဟာ သူတို့ရဲ့ လူငယ်အများစုကို ပွဲထွက်ခဲ့ပါတယ်။ ဒဏ်ရာရများနေတဲ့အတွက် အသင်းကြီးလူစာရင်းကနေ အဓိက ကစားသမား တော်တော်များများကိုအနားပေးခဲ့ပြီး၊ ပရိသတ်တွေ မထင်ထားတဲ့ လူစာရင်းကို ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ မစ်ဂျဲလန်းကို ပွဲအစ (၁)မိနစ်မှာပဲ ဦးဆောင်ထားလိုက်ပါတယ်။

မိုဟာမက်ဆာလား (၅၅)စက္ကန့်မှာပဲ ဦးဆောင်ဂိုးစသွင်းလိုက်ချိန် စံချိန်သစ်တခုက အသင်းသမိုင်းမှာပါနေရာရခဲ့ပါပြီ။ လီဗာပူးရဲ့ချန်ပီယံလိဂ်သမိုင်းတလျှောက် အမြန်ဆုံးဂိုးဖြစ်လာခဲ့ပြီး၊ အသင်းခေါင်းဆောင် စတီဗင်ဂျာရတ်ထက်ကိုပိုများတဲ့ သွင်းဂိုးတွေပိုင်ဆိုင်ခဲ့ပါတယ်။ ဂျာရတ်က အရင်က (၂၁)ဂိုးနဲ့ပဲ လီဗာပူးမှာ တင်ထားတာပါ။

ဒီစံချိန်ရဖို့ ပွဲထုတ်လာတဲ့ လူစာရင်းက လူငယ်စာရင်းသာသာပါပဲ။ ဂိုးသမား – ကယ်လက်ဟာ၊ နောက်တန်း – ဆီမီကတ်၊ ဖာဘင်ဟို၊ ဝီလီယမ်၊ အာနိုး၊ ကွင်းလယ် – ကလက်ဆန်၊ ဂျိုတာ၊ ကိတ်တာ၊ တိုက်စစ်- အိုရီဂီ၊ မီနာမီနို၊ ဆာလား၊ တို့နဲ့ပါ။ စီနီယာ ကစားသမားဆိုလို အာနိုး၊ ဂျိုတာ၊ ဆားလား၊ တို့ပဲပါခဲ့ပါတယ်။ ကိတ်တာ၊ ဆီမီကတ်၊ မီနာမီနိုတို့က အရန်အသင်းလူစာရင်းတွေပါ။

ဒီလူစာရင်းနဲ့ပွဲထွက်လာချိန်မှာတော့ လီဗာပူးရဲ့ပျှမ်းမျှအသက်ပေါင်းဟာ (၂၄)နှစ်နဲ့ (၂၆)ရက်ပဲရှိခဲ့ပါတယ်။ ဒါဟာ လီဗာပူးရဲ့ချန်ပီယံလိဂ်သမိုင်းတလျှောက်မှာ အသက်အငယ်ဆုံးပွဲထွက်လူစာရင်းဖြစ်ပြီး၊ နည်းပြဂျာဂင်ကလော့ပ်လက်ထက်မှာလည်း အသက်အငယ်ဆုံးဖြစ်လာခဲ့ပါတယ်။ ဒီလိုပွဲထွက်လာပေမဲ့ မစ်ဂျဲလန်းကို သရေကစားနိုင်ခဲ့ပါသေးတယ်။

သရေရလဒ်ကြောင့် အုပ်စုတွင်းမှာလည်း အုပ်စုဗိုလ်နဲ့ တက်သွားခဲ့တဲ့အထိ ခြေစွမ်းပြအပြီးမှာတော့ ကလော့ပ်ရဲ့လူငယ်တွေဟာ ဥရောပမှာ နေရာကောင်းတခုရလာတာကိုမြင်ခဲ့ရပါပြီ။ ပွဲရဲ့အသက်အငယ်ဆုံးကစားသမားဖြစ်ခဲ့သူက ဘိလီ ကောင်မတ်တီယို (၁၈)နှစ် (၂၅)ရက်နဲ့ဖြစ်ပြီး၊ ဥရောပပြိုင်ပွဲတွေမှာ လီဗာပူးရဲ့အသက်အငယ်ဆုံး ပွဲထွက်ကစားသမားအဖြစ်စံချိန်တင်ခဲ့ပါတယ်။

AZ-SportsGabar