နံနက်ပိုင်းအားကစားသတင်းတိုများ (၁၂.၁၀.၂၀၂၀)

ပီအက်စ်ဂျီနဲ့ အစ္စတန်ဘူလ်တို့ကစားခဲ့တဲ့ ပွဲစဉ်ကတော့ (၅-၁)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ နေမာဟက်ထရစ်၊ အမ်ဘာပေ (၂)ဂိုးနဲ့အတူ ဂိုးပြတ်နိုင်ပွဲကို ဖန်တီးနိုင်ခဲ့ပြီး၊ ပွဲအနိုင်ကြောင့် ပီအက်စ်ဂျီက အုပ်စုဗိုလ်၊ လစ်ဇစ်က အုပ်စုဒုနဲ့ အသီးသီးတက်ရောက်သွားခဲ့ပါတယ်။

ရီးရဲလ်နဲ့ မိုချင်ဂလာဘတ်အသင်းတွေ့ဆုံမှုမှာ မိုချင်ဂလာဘတ်ကို (၂-ဝ)နဲ့အနိုင်ရခဲ့တာကြောင့် ရီးရဲလ်တို့ အုပ်စုဗိုလ်အဖြစ် (၁၀)မှတ်နဲ့တက်သွားခဲ့ပါတယ်။ အင်တာနဲ့ ရှက်တာဒိုးနက်က (ဝ-၀)နဲ့ပြီးသွားခဲ့တာကြောင့် မိုချင်ဂလာဘတ်က ရှစ်မှတ်ချင်းအတူတူ နောက်တဆင့်ကို တက်သွားနိုင်ခဲ့ပါတယ်။ ရီးရဲလ်ပ၊ မိုချင်ဂလာဘတ် ဒုနဲ့ အုပ်စု B က အသီးသီးတက်သွားခဲ့ပါတယ်။

မစ်ဂျဲလန်းကို (၁-၁)သရေကျသွားတဲ့ပွဲစဉ်မှာ လီဗာပူးအသင်းတိုက်စစ်မှူး ဆာလားဟာ ပွဲအစ (၅၅)စက္ကန့်မှာပဲ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းချန်ပီယံလိဂ်သမိုင်းတလျှောက် အမြန်ဆုံးဂိုးဖြစ်လာခဲ့သလို သွင်းဂိုး (၂၂)ဂိုးရှိလာခဲ့ပြီး၊ ကလပ်ရဲ့ဂန္ဓဝင်စတီဗင်ဂျာရတ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်တွေကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

မာဆေးလ်ကို အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းပွဲစဉ်မှာ တိုက်စစ်မှူး အဂူရိုဟာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာကနေ ပြန်လာခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက်အနိုင်ဂိုးတဂိုးကို (၇၇)မိနစ်အရောက်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနှစ်ရာသီမှာ အဂူရိုဟာ (၅)ပွဲပဲ ပွဲထွက်ထားရသေးတာဖြစ်ပါတယ်။

လိုကိုမိုတစ် မော်စကိုကို (၂-ဝ)နဲ့ အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရှုံးပွဲမရှိနဲ့တက်ရောက်သွားခဲ့ပါတယ်။ ဒါ့အပြင် (၁၇)ပွဲဆက်ရှုံးပွဲမရှိစံချိန်နဲ့ ဆက်သွားနေပြီး တိုက်စစ်မှူး ချောင်ပိုမိုတင်က ဘိုင်ယန်အတွက် တဂိုးပါဝင်သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီကစားသမား အမ်ဘာပေက ကွင်းထဲမှာ လူဖြူ၊ လူမည်းခွဲခြားမှု ပြဿနာအတွက် ကွင်းထဲမှာအတူတူ ပူးပေါင်းဆန္ဒပြခဲ့တဲ့ကိစ္စရပ်တွေအပေါ် နှစ်ဖက်အသင်းကစားသမားတွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း ပွဲမစခင်မှာ ကစားသမားတွေဟာ ဒူးထောက်ပြီး၊ ခွဲခြားမှုကိုဆန့်ကျင်ကြောင်း ဖော်ထုတ်ပြသခဲ့ပါတယ်။

ယူအီးအက်ဖ်အေကတော့ အစ္စတန်ဘူလ်နည်းပြ ဝီဘိုရဲ့ သူဟာလူမျိုးရေးခွဲခြားခံခဲ့ရတယ်လို့ ပြောကြားချက်အပေါ် စတင်စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီဖြစ်ပါတယ်။ ဝီဘိုနဲ့ ခွဲခြားခဲ့တယ်ဆိုတဲ့ စတုတ္ထမြောက်ဒိုင်လူကြီးကို စုံစမ်းစစ်ဆေးနေကာ အမှန်တကယ်ပြောခဲ့ခြင်းမရှိမရှိ စနည်းနာနေပြီလို့သိရပါတယ်။

AZ-SportsGabar