ဒေါ်လာ (၁)ဘီလျံ အရှုံးပေါ်ကြောင်း ကြေညာလိုက်တဲ့ အမေရိကန် မေဂျာလိဂ်

အမေရိကန် ဘောလုံးလိဂ်ဖြစ်တဲ့မေဂျာလိဂ်ဘောလုံးလိဂ်အနေနဲ့ (၂၀၂၀)ခုနှစ်အတွင်း အမေရိန်ကဒေါ်လာ (၁)ဘီလျံအရှုံးပေါ်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် ကမ္ဘာတဝန်းထိခိုက်ကြတဲ့အထဲ သူတို့လည်း ခံစားခဲ့ရကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါပြီ။

သူတို့ရဲ့ (၂၅)ကြိမ်ရောက် ဘောလုံးရာသီကို ကိုရိုနာကပ်ရောဂါကြောင့် နှစ်ပတ်တည်းနဲ့အပြီးသတ်ခဲ့ရပြီးချိန်မှာ သမိုင်းတလျှောက်ပထမဆုံးအကြိမ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဇူလိုင်လအထိ ဘောလုံးပွဲတွေ ပြန်မစနိုင်ခဲ့သလို သြဂုတ်လ (၁၂)ရက် အရောက်မှာမှ အမေရိကန် ဖလော်ရီဒါမှာ မေဂျာလိဂ်ပွဲစဉ်တွေကို ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အရောက်မှာမှ MLS ဖလား ဖိုင်နယ်ပွဲကို ကျင်းပနိုင်ခဲ့ပြီး၊ ပရိသတ် (၁၅၀၀)ဝင်စေခဲ့ပါတယ်။ ဒါကြောင့် တနှစ်လုံး ပရိသတ်ဝင်ငွေမရှိ၊ ရုပ်သံဝင်ငွေမရှိဘဲ မေဂျာလိဂ်တွေကျားကန်ခဲ့ပြီးနောက်မှာတော့ အခုလို အရှုံးပေါ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါဟာ မနှစ်ကနောက်ဆုံး ဝင်ခဲ့တဲ့ဝင်ငွေနှုန်းထားကို တွက်ချက်ထားတာဖြစ်တဲ့အတွက် မေဂျာလိဂ်ဟာ လုံးဝအရှုံးပေါ်ခဲ့တဲ့လိဂ်ဖြစ်ခဲ့ပါတယ်။

ဒီလိုတွေဖြစ်နေပေမဲ့ မေဂျာလိဂ်ကတော့ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ အသင်းသစ်နှစ်သင်းပါလာမယ့်အပြင် တသင်းက ဒေးဗစ်ဘက်ခမ်းရဲ့ နာမည်ကျော်မိုင်ယာမီကလပ်ဖြစ်တယ်လို့ သိရပါတယ်။ တသင်းကတော့ မိုင်ယာမီနဲ့အတူတူ ဝင်လာတဲ့ နက်ရှ်ဗီလီဆိုတဲ့ ကလပ်ပါ။ နှစ်သင်းလုံးက မနှစ်ကတည်းက ပါဝင်လာခဲ့ပေမဲ့ ဆက်လက်ကျားကန်ရပ်တည်မှာဖြစ်ပါတယ်။

ဒါပေမဲ့ အခုလို ဆက်ရပ်တည်ပေမဲ့ အမေရိကန်မှာလည်း ပရိသတ်တွေ ပြန်ပါလာမယ့် ရက်စွဲကို အခုထိ အတိအကျမသိရသေးပါဘူး။ အင်္ဂလန်ပရီးမီးယားလိဂ်မှာတော့ ဒီဇင်ဘာ ၂ ရက်ကတည်းက ဝင်ခွင့်ပြုထားခဲ့ပြီဖြစ်ပေမဲ့ အလုံးစုံတော့မရသေးပါဘူး။ ဒီအနေအထားတွေအရ မေဂျာလိဂ်လည်း မိုင်းနပ်ဘတ်ဂျတ်တွေနဲ့ စရဖို့ရှိနေပြီး၊ ကိုဗစ်အကျိုးဆက်ကို ဆက်ခံစားရဖို့ရှိနေပါတယ်။

AZ-SportsGabar