ပတ္ဒရို (သို႔) အေအာင္ျမင္ဆံုး ကစားသမား

ကစားသမားတစ္ေယာက္ကို သူ႔ဘ၀မွာ ဖလားေတြရတာနဲ႔ တိုင္းတာမယ္ဆိုရင္ ခ်ဲလ္ဆီးအသင္းမွာ ကစားေနတဲ့ ေတာင္ပံကစားသမား ပတ္ဒရိုက အောင္ျမင္ဆံုးလို႔ သတ္မွတ္ရမွာပါ။

ညက ပြဲမွာ ပတ္ဒရိုဟာ ဥေရာပ ဒုတိယ အျမင့္ဆံုးဖလားျဖစ္တဲ့ ယူရိုပါလိဂ္ကို အႏိုင္ရခဲ့ျပီးေနာက္မွာ စံခ်ိန္ရွင္ျဖစ္လာပါတယ္။ ပတ္ဒရိုရရွိခဲ့တဲ့ ဆုေတြေၾကာင့္ ဥေရာအဆင့္၊ ကမာၻ႕အဆင့္ ဆိုတဲ့ ဖလားေတြ အကုန္လံုးကို ရရွိဖူးတဲ့ ပထမဆံုးဆံုး ကစားသမားျဖစ္လာပါ။ ပတ္ဒရိုရဲ႕ စံခ်ိန္က ေတာ္ေတာ္ေလးကို ထူးျခားတယ္ဆိုရမွာပါပဲ။

စပိန္အသင္းနဲ႔အတူ ကမာၻ႕ဖလား၊ ယူရိုဖလား၊ ဒါ့အျပင္ ကလပ္အသင္းေတြျဖစ္တဲ့ ဘာစီလိုနာ၊ ခ်ဲလ္ဆီး တို႔နဲ႔ ခ်န္ပီယံလိဂ္၊ ယူအီးအက္ဖ္ေအ စူပါဖလား၊ ကလပ္ကမာၻ႕ဖလား နဲ႔ အခု ယူရုိပါလိဂ္တို႔ကို ရယူျပီးတဲ့ေနာက္မွာေတာ့ ပတ္ဒရိုဟာ ဘယ္ကစားသမားမွ မလုပ္ႏိုင္ေသးတဲ့ စံခ်ိန္သစ္ေတြကို ရရွိခဲ့ပါတယ္။ ဒီစံခ်ိန္ကို မက္ဆီ နဲ႔ ေရာ္နယ္ဒိုလည္း ရရွိဖို႔ ဘယ္လို႔မွ မျဖစ္ႏိုင္ေတာ့ပါဘူး။

ဒါေၾကာင့္ ဖလားေတြနဲ႔ ႏိႈင္းယွဥ္လို႔ ကစားသမားတစ္ေယာက္ဟာ အေအာင္ျမင္ဆံုးဆိုရင္ ခ်ဲလ္ဆီးအသင္းက ကစားသမား ပတ္ဒရိုဟာ ကစားသမားဘ၀မွာ အေအာင္ျမင္ဆံုးကစားသမားလို႔ သတ္မွတ္ရမွာပဲ ျဖစ္ပါတယ္။

ေရႊရင္ေအး@SportsGabar

Unicode

ပတ်ဒရို (သို့) အအောင်မြင်ဆုံး ကစားသမား

ကစားသမားတစ်ယောက်ကို သူ့ဘဝမှာ ဖလားတွေရတာနဲ့ တိုင်းတာမယ်ဆိုရင် ချဲလ်ဆီးအသင်းမှာ ကစားနေတဲ့ တောင်ပံကစားသမား ပတ်ဒရိုက အောင်မြင်ဆုံးလို့ သတ်မှတ်ရမှာပါ။

ညက ပွဲမှာ ပတ်ဒရိုဟာ ဥရောပ ဒုတိယ အမြင့်ဆုံးဖလားဖြစ်တဲ့ ယူရိုပါလိဂ်ကို အနိုင်ရခဲ့ပြီးနောက်မှာ စံချိန်ရှင်ဖြစ်လာပါတယ်။ ပတ်ဒရိုရရှိခဲ့တဲ့ ဆုတွေကြောင့် ဥရောအဆင့်၊ ကမ္ဘာ့အဆင့် ဆိုတဲ့ ဖလားတွေ အကုန်လုံးကို ရရှိဖူးတဲ့ ပထမဆုံးဆုံး ကစားသမားဖြစ်လာပါ။ ပတ်ဒရိုရဲ့ စံချိန်က တော်တော်လေးကို ထူးခြားတယ်ဆိုရမှာပါပဲ။

စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား၊ ယူရိုဖလား၊ ဒါ့အပြင် ကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ချဲလ်ဆီး တို့နဲ့ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား နဲ့ အခု ယူရိုပါလိဂ်တို့ကို ရယူပြီးတဲ့နောက်မှာတော့ ပတ်ဒရိုဟာ ဘယ်ကစားသမားမှ မလုပ်နိုင်သေးတဲ့ စံချိန်သစ်တွေကို ရရှိခဲ့ပါတယ်။ ဒီစံချိန်ကို မက်ဆီ နဲ့ ရော်နယ်ဒိုလည်း ရရှိဖို့ ဘယ်လို့မှ မဖြစ်နိုင်တော့ပါဘူး။

ဒါကြောင့် ဖလားတွေနဲ့ နှိုင်းယှဉ်လို့ ကစားသမားတစ်ယောက်ဟာ အအောင်မြင်ဆုံးဆိုရင် ချဲလ်ဆီးအသင်းက ကစားသမား ပတ်ဒရိုဟာ ကစားသမားဘဝမှာ အအောင်မြင်ဆုံးကစားသမားလို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။

ရွှေရင်အေး@SportsGabar